♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
July 29, 2015
" လေလည်ရာတွင် အနံ့ မထွက်စေနိုင်တဲ့( အီးနံ့ထိန်း) အ၀တ်အစားတွေကို စတင်ရောင်းချ " ဟီးဟီး..
ညည်းမိုလို့ အေ....ပေါက်ပေါက်ရှာရှာ...သကောင့်သား ဟိုဒင်းကို မရွံမရှာ 
သွားရှူရတယ်လို့ ...ရုပ်လေးက သနားကမားနဲ့ ..ဟွန့်  ...
နေဦး..နေဦး  အောက်မှာကြည့်ကြည့်
လေလည်တာဟာ လူမှုရေးအရ လက်ခံနိုင်ခြင်းမရှိသေးတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။ လူအပြည့်ရှိနေတဲ့ အခန်းတစ်ခန်းကိုတောင် လေလည် ခြင်းနဲ့ တစ်ယောက်မျှမရှိအောင်ရှင်းထုတ်ပစ်နိုင်ပါ
တယ်။ 
တို့ ကိုပါ တီထွင်လိုက်နိုင်ပါပြီ။ 
ဒီလေလည်ဒဏ်ခံအ၀တ်အစားတွေရဲ့ နောက်ကွယ်က နည်းပညာကတော့ Zorflex တံဆိပ် မွမ်းမံထားတဲ့ ကာဘွန်အတွင်းခံ လိုင်နင်ပဲ ဖြစ်ပါတယ်။ ဒီအထည်သားက ပုန်းလျှိုးကွယ်လျှိုးထွက်လာတဲ့အနံ့ ဆိုးကို ဓာတ်ပြယ်စေပြီး အပြင်ကို ထွက်မသွားအောင် တားဆီးပေးပါတယ်။ 
ဂျင်းနဲ့ ခါးရှုံ့ ဘောင်းဘီတို့ အပြင် မကြာခင်မှာ ရုံးသုံးအ၀တ်အစားတွေပါ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ မန်နေဂျာ
Richard Woolley က “ ခါးစည်းနေရာကနေ ဒူးခေါင်းပေါ်နေရာအထိ ကာဘွန်အတွင်းခံ လိုင်နင်ပါဝင်ပြီး အနံ့ အသက်တွေကနေ အပြည့်အ၀ကာကွယ် ပေးထားပါတယ်”
“ ဒီ Shreddies အ၀တ်အစားတွေကို လူတိုင်းဝတ်ဆင်နိုင်ပါတယ်။ အထူးသဖြင့် လေပွ ၀မ်းရောဂါသမားတွေ၊ အစာမကြေရောဂါရှိသူတွေ၊ အူသိမ်အူမနဲ့ ပတ်သက်တဲ့ရောဂါ ရှိသူတွေအတွက်တော့ လုံးဝပြီးပြည့်စုံတဲ့ အဖြေတစ်ခုပါပဲ”။“ လေပွရောဂါဆိုးဆိုးရွားရွားခံစားနေရသူတိုင်းက ဖြစ်လာနိုင်တဲ့ လူမှုရေးအခက်အခဲတွေကို သိမှာပါ။ 
 ဟိုးးး ဟိုးးးထား..ရပြီ ဆရာ ..ကျော့် အတွက်လဲ ချန်ထားဦး...ဟိဟိဟိ
ကျွန်တော်တို့ Shreddies က ခန္ဓာကိုယ်ပိုင်းဆိုင် ရာတင်မဟုတ်ဘဲ ဒါကြောင့် ဖြစ်ရတဲ့ စိုးရိမ်သောကတွေကိုပါ
 လျှော့ချပေးလိုက်တာပါ” Shreddies ကုမ္ပဏီရဲ့ ဆောင်ပုဒ်ကလည်း “ယုံကြည်ချက်ပြည့်ပြည့် လေလည်ကြ
အီးငွေ့ ထိန်းသိမ်းရေး ကျား မ အတွင်းခံ 
Ref: Mirro.co.uk 
Credit : http://www.trend.com.mm/2015/07/27/news-7264
No comments:
Subscribe
လာလည်သူများ
free counters