တစ်ခါတုန်းကပေါ့ကွယ် ... လောကကြီးမှာ မှော်ထုံဆင်းသေတ္တာဆိုတာရှိသတဲ့ ...။
အဲ့ဒီ မှော်ထုံဆင်းသေတ္တာဆိုတာက လူတိုင်းမှာရှိတဲ့
လျှို့ဝှက်အချက်အလက်လေးတွေကို သိမ်းဆည်းပေးတဲ့မှော်သေတ္တာပဲဖြစ်ပြီး
လူတိုင်းဟာ ကိုယ့်မှာရှိနေတဲ့ ကိုယ်ပိုင်မှော်ထုံဆင်းသေတ္တာဆိုတာကို
မမြင်နိုင်ကြဘူး ...တဲ့။
တစ်နေ့မှာတော့ ကောင်လေးတစ်ယောက်က
လူတိုင်းမှာ မှော်ထုံဆင်းသေတ္တာရှိတယ်ဆိုတဲ့ လောကကြီးရဲ့ လျှို့ဝှက်ချက်ကို
သူကရှာတွေ့သွားခဲ့တယ်။ ဒီလိုသိသွားတဲ့အခိုက်အတန့်မှာ သူဟာ
မှော်ထုံဆင်းသေတ္တာမှာရှိတ့ လျှို့ဝှက်ချက်တွေမှန်သမျှအားလုံးကို
ရှာဖွေဖော်ထုတ်ဖို့ကြိုးစားတာပေါ့။ ဒီလိုရှာဖွေဖော်ထုတ်ဖို့
ကြံစည်လိုက်ချိန်မှာပဲ ဘိုးတော်ကြီးတစ်ပါးရောက်လာတယ်....။
ဘိုးတော်ကြီးရဲ့ တစ်ကိုယ်လုံးက အမွေးအမျှင်တွေဟာ ဆွတ်ဆွတ်ဖြူနေပြီးတော့
အဝတ်အစားဝတ်မထားဘဲ သူ့တစ်ကိုယ်လုံးမှာ အဖြူရောင်အခိုးအငွေ့များသာ
ရစ်ပတ်ဖုံးအုပ်ထားကာ သူ့ထံမှ စံပယ်ပန်းနံ့သင်းသင်းလေးကိုလည်းရနေပါသတဲ့ ....
။
ဘိုးတော်ကြီးကတော့ -
"လူလေး ... မင်းဟာ
မှော်ထုံဆင်းသေတ္တာကိုရှာဖွေနေတယ်လို့ အထက်ကပြောလို့ အဘသိရတယ် ...၊ ဒီတော့
မှော်ထုံဆင်းသေတ္တာနဲ့ပတ်သတ်ပြီး မင်းဘာသိထားတာရှိလဲ .."
လို့ပြောလိုက်တယ်။ ကောင်လေးကတော့ ငါ့ကို မစမယ့်သူလာပြီဆိုပြီးဝမ်းသာသွားတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် စကားတွေဆက်ပြောကြပြန်တယ် ..။
"ကျွန်တော်
မှော်ထုံဆင်းသေတ္တာကို လိုချင်တယ်ဆိုတာက အမှန်တကယ်ပါပဲ ...၊ ဒါပေမယ့်
မှော်ထုံဆင်းသေတ္တာဆိုတာက လူတစ်ယောက်ရဲ့လျှို့ဝှက်ချက်တွေ သိမ်းဆည်းထားတဲ့
နေရာဆိုတာကိုတော့သိထားတယ် ..."
"ကောင်းပြီလူလေး
....မင်းမှော်ထုံဆင်းသေတ္တာကို တွေ့ချင်တယ်ဆိုရင်တော့ မှော်ထုံဆင်းသေတ္တာကို
စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်နဲ့အရင်တွေ့ရမယ် ..။ မှော်ထုံဆင်းသေတ္တာကိုတော့
နတ္ထိဆိုတဲ့သူ စောင့်ရှောက်ပြီးတော့ သူ့ကိုတွေ့ချင်တယ်ဆိုရင်တော့
မင်းရဲ့မှော်ထုံဆင်းသေတ္တာပွင့်နိုင်မှသာ ရလိမ့်မယ် ...၊
သူဟာမှော်ထုံဆင်းသေတ္တာထဲမှာပဲနေထိုင်လေ့ရှိတယ် ...၊ သူ့ကိုတွေ့ဖို့အတွက်
မှော်ထုံဆင်းသေတ္တာကိုဖွင့်နိုင်အောင် ကြိုးစားပါ .. ၊ အဲ့ဒါပွင့်လာရင်တော့
မှော်ထုံဆင်းရဲ့စောင့်ရှောက်သူထွက်လာပါလိမ့်မယ် ...
မှော်ထုံဆင်းသေတ္တာပွင့်ချင်တယ်ဆိုရင်တော့ ကိစ္စအတော်များများကို
ဘယ်သူ့ကိုမှအသိမပေးဘဲ လျှို့ဝှက်ထားပါ .. လျှို့ဝှက်ချက်တွေများလာရင်
လျှို့ဝှက်ချက်သိုလှောင်တဲ့
မှော်ထုံဆင်းသေတ္တာနဲ့မဆံ့ချိန်ပွင့်ထွက်လာပါလိမ့်မယ် ..."
ဘိုးတော်ကြီးကတော့ အဲ့ဒီလိုပြောပြီးနောက် အဖြူရောင်အခိုးအငွေ့များဖြစ်ပြီး ပျောက်ကွယ်သွားပါတော့တယ်။
အဲ့ဒီအချိန်ကစပြီး အဲ့ဒီကောင်လေးဟာ အရာအားလုံးကို လျှို့ဝှက်ပါတော့တယ်
..။ သူနဲ့သက်ဆိုင်တဲ့ ကိစ္စတွေ၊ သူပိုင်ပစ္စည်းတွေ၊ သူတတ်ထားတဲ့ပညာတွေ ..၊
အဲ့ဒါတွေကစလျှို့ဝှက်ထားလိုက်ပြီး ဘယ်သူ့ကိုမှ သူ့လျှို့ဝှက်ချက်တွေကို
ပြောမပြဘဲနေပါတော့တယ်..။
တစ်နေ့ သူတို့ရွာထဲကို လူရမ်းကားအဖွဲ့တစ်ဖွဲ့ဝင်လာခဲ့တယ်။
သူနဲ့သူ့ချစ်သူပျော်ရွှင်နေချိန်မှာ လူရမ်းကားအဖွဲ့ရောက်လာပြီး
သူ့ကိုကြိုးနဲ့တုပ်ကာ သူ့ချစ်သူကို ဝိုင်းပြီး မုဒိန်းကျင့်ကြတယ် ..၊
ပထမဆုံး ကောင်မလေးရဲ့ အဝတ်တွေအားလုံးကိုချွတ်လိုက်တယ် ..၊
ပြီးနောက်မှာတော့ ခေါင်းဆောင်ဖြစ်သူကနေ ကောင်မလေးရဲ့နှုတ်ခမ်းလေးတွေကို
စုပ်ယူနမ်းရှိုက်လိုက်တယ် ..။ ဆက်လက်ပြီး ကောင်မလေးရဲ့တစ်ကိုယ်လုံးကို
ပွတ်သပ်ကိုင်တွယ်ကာ ရက်စက်စွာနဲ့ပဲမုဒိန်းကျင့်ကြပါတော့တယ်..။
ကောင်လေးကတော့ မျက်လုံးတွေ မဖွင့်ရဲဘဲ မှိတ်ထားပေမယ့်