♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 15, 2016

" အမေ့မြေးလေး မေ့လဲပြီးတော့ အဲ့ဒီအခေါင်းထမ်းလာတဲ့ လူ၂ယောက် ဘယ်ရောက်သွားမှန်းမသိ ပျောက်သွားတယ်တဲ့ "

အဖြစ်ပျက်က ၆ နှစ်သမီး အရွယ်လောက် က ဖြစ်ခဲ့တာ သူများတွေကတော့ ငယ်ငယ်တုန်းက ကိစ္စတွေ သိပ်မမှတ်မိကြဘူးတဲ့ ဟုတ် မဟုတ်တော့ သေချာမသိပါဘူး မေ့လို့မရတာ တော့ သေချာတယ် ကျောင်းပိတ် ရက် မှာပေါ့ မှတ်မှတ်ရရ ပဲ နေမကောင်းဖြစ်နေတာ မိုးလင်း အိပ်ရာနိုးတော့ ဘေးမှာ အမေ မရှိတော့လို့ အိမ်ပေါ်ကနေအောက်ဆင်းပီး အမေ ဘယ်သွားလဲလို့ လိုက်မေးတော့ အဒေါ်က အိမ် ရှေ့က လက်ဖက်ရည်ဆိုင်မှာ ဧည့်သည်ရောက်နေလို့ စကားပြောနေတယ် ဆိုတာနဲ့ မျက်နှာသစ်ပီး အိမ်ရှေ့ကိုထွက်လာတယ် ... အိမ် နဲ့ လက်ဖက်ရည်ဆိုင်နဲ့က ကားလမ်းပဲခြားပါတယ် ကားလမ်းဆိုတာကလဲ လမ်းမကြီးမဟုတ်ဘူး လမ်းသွယ်လေး ဆိုတော့ လှမ်းမြင်နေရတယ် ဆိုင်ထဲမှာ အမေ့ကို မြင်မလားရှာတော့ အန်တီကြီး တယောက်နဲ့ စကားပြောရင်း လက်ဖက်ရည်သောက်နေတာတွေ့တယ် အမေ ကလဲ ကိုယ့်ကိုလှမ်းကြည့်ပီး လက်ယှက် ခေါ်တယ် ...

ဒါနဲ့ပဲ ကားလမ်းကူးဖို့ ဟိုကြည့်ဒီကြည့်လုပ်ရတော့တာပေါ့ ... လမ်းပေါ်မှာ ဦးလေးကြီးနှစ်ယောက် ရှေ့ဆင့် နောက်ဆင့် လမ်းလျောက်လာတာကိုတွေ့တယ် တလမ်းလုံးလဲ အဲ့ဒီ ဦးလေး နှစ်ယောက်က လွဲလို့ရှင်းနေတယ် ကားလဲမရှိ စက်ဘီးလဲမရှိ လူသွားလူလာလဲ မရှိ .... ဦးလေးကြီး နှစ်ယောက်က အရှေ့နဲ့နောက် ၂ ပေ လောက် အကွာမှာ လမ်းလျောက်လာတယ် ပြီးတော့ တည့်တည့်ကြီးပေါ့နော် တခုခု ကိုထမ်းလာတဲ့ပုံစံ ... ဒါနဲ့ ဘာလဲတော့သေချာမကြည့်ဘူး လက်ဖက်ရည်ဆိုင် ထဲက အမေ လှမ်းခေါ်တာပဲသိတယ် ဦးလေး ကြီး နှစ်ယောက်ကလဲ ကိုယ့် အရှေ့နားကို ရောက်နေပီ ... ဒါနဲ့ ကားလမ်းကို ဖြတ်ကူးလိုက်တဲ့ အချိန်မှာ အမေ က မလာ နဲ့ မလာ နဲ့ ဆိုပီး လက်ကာ ပြပြီး လှမ်းအော်နေရင်း ပြေးလာတာကိုတွေ့တယ် လမ်းလျောက်နေရင်း ဘယ်ညာပြန်ကြည့်တယ် ဘာမှလဲမရှိပါဘူး တလမ်းလုံးလဲရှင်းနေတာပဲဆိုပြီး ထပ်လှမ်းတယ် ... ဦးလေးကြီး နှစ်ယောက် ကြား ကနေ ၀င်ပီး လက်ဖက်ရည်ဆိုင် ရှေ့လဲရောက်ရော ဘာမှ ကိုမသိတောဘူး ..... .... ဒါနဲ့ အိပ်ယာ နိုးတော့ ကိုယ် က သူများ အိမ်ထဲရောက်နေတယ် သူများ အိမ် ဆိုတာက လမ်းထဲက ယောကီ အမြဲ ၀တ် ဘုရားတရားအရမ်းလုပ်တဲ့ အဒေါ်ကြီး အိမ်ပေါ့ သူ့အိမ်မှာဆို နတ်ရုပ်တွေ ဘုရား ပုံတော်တွေ အကြီးကြီးတွေ ရှိတယ် တအိမ်လုံးလဲ အဲ့ဒီ အရုပ်တွေကြီးပဲ နတ် ကတော် လဲမဟုတ်ဘူး .... ထားပါတော့ ... အနောက်လှည့်ကြည့်တော့ အမေ က သမီးငြိမ်ငြိမ်နေတဲ့ .. ဒါနဲ့ဟိုကြည့်ဒီကြည့်ပေါ့ .. ဘေးနားက အန်တီးကြီးက အမေ နဲ့ လက်ဖက်ရည်ဆိုင်မှာ စကားပြောနေတဲ့အန်တီကြီး တကိုယ်လုံး တုန်နေပြီးတော့ ယောကီ ၀တ် အဒေါ်ကြီးရှေ့မှာ ထိုင်နေတယ် ဒါနဲ့ အဒေါ်ကြီးက နင် ဘာလိုချင်လို့လဲ လို့မေးတယ် အန်တီကြီးက .. ငါ့ကို ရေတိုက်ပါတဲ့ .. ဒါနဲ့ သူ့ကို ရေခွက်ကြီးနဲ့ ရေခပ်တိုက်တော့ ငါးခွက် လား ၆ ခွက်လားမသိဘူးသောက်တယ် ရေခွက်က ကြီးတာမှ ရေချိုးတဲ့ ခွက်လောက်ကိုကြီးတာ .. အများကြီးသောက်တော့ လန့်သွားတယ် .. နောက်ထပ် ဘာလိုသေးလဲ ပြီးပြီလား ပြီးရင် လဲ နင့် နေရာနင်ပြန်တော့တဲ့ .. သူက မနက်ဖြန် ညနေ ၆ နာရီ ..
အနောက်ဖက်က ကွင်းထဲမှာ ကြက်သားဟင်းနဲ့ ထမင်းလာကျွေးပါ လို့ပြောပြီး ကိုယ့် ဘက်ကို လှည့်ကြည့်တယ် ပြီးတော့ မဟုတ်ရင် သူ့စီထပ်လာဦးမယ်ဆိုပြီး လက်ညိုးထိုးပြီး အန်တီကြီးလဲ ဘုန်းကနဲ လဲကျသွားတယ် .. ဘာလဲ ဟ ပေါ့ .. ငါနဲ့လဲမသိပဲ ငါ့ကို ဘာတွေပြောတာလဲပေါ့ ...ဲပြီးတော့မှ ယောကီဝတ် အဒေါ်ကြီးက လာ သမီးဆိုပြီး ရေခွက်လေးထဲ အမĆှုန့်လေးတွေထည့်တိုက်တယ် ဘာလဲတော့မသိဘူး .. ပြီးတော့ လည်ပင်းမှာလဲ ဘာကြိုးဆိုလဲ မသိပါဘူး အဲ့ကြိုးချီပေးပြီး
... သွားတာ လာတာ သတိထားနော် သမီးတဲ့ .. ဒါနဲ့ အိမ်ပြန်လာကြတယ် အိမ်ရောက်မှ အမေ က အမ ရယ် အားလဲနာတယ် ကျေးဇူးလဲတင်တယ် ဆိုပြီး အဲ့အန်တီကြီးကို ကျေးဇူး တဖွဖွတင်နေတယ် .. ဘာလဲပေါ့ ငါ့ကို ဘာတွေ ပြောမှန်းမသိ ပြောတာကို အမေက ကျေးဇူးတွေ တင်နေတယ်ပေါ့ အန်တီကြီးပြန်သွားမှ ... အိမ်က အဖွားက ရင်တွေတုန်လိုက်တာဟယ် ကြားရတာကလဲ ပြောစမ်းပါဦး သေချာ ဘာဖြစ်တာလဲဆိုမှ .. ကိုယ်လဲ အဖြစ်မှန်သိတော့တယ် ... ဟိဟိ အမေ့ မြေးပေါ့ မလာပါနဲ့လို့အော်နေ တားနေတဲ့ကြားကနေ လမ်းဖြတ်ကူးလာတယ်လေ ....

ဘာတွေမှန်းတော့သေချာမသိဘူး အမေ ရယ် လက်ဖက်ရည်ဆိုင် တဆိုင်လုံးကလူတွေလဲတွေ့တယ် ယောကျာ်းကြီးနှစ်ယောက် အခေါင်းကြီး တလုံးထမ်းလာတာ တလမ်းလုံးလဲ လူသွားလူလာမရှိရှင်းနေတာ ... အခေါင်းထမ်းပြီး သဂွိုလ် ရတာကလဲ ဒီခေါတ်ကြီးမှာမရှိတော့ပါဘူးဆိုပြီး သမီးလဲသေချာကြည့်နေတာ .. အဲ့မှာ အမေ့မြေးက ကားလမ်းဖြတ်ကူးတာ အဲ့နှစ်ယောက်ကြား အခေါင်းအောက် ကနေ တည့်တည့်လေး မလာနဲ့လို အော်နေတာကို ရအောင် ပြေးလာတာ အခေါင်း အောက်က နေကျော်လာပြီးတော့ မေ့လဲသွားပီး ဘာတွေပြောမှန်းလဲမသိဘူး ဒါနဲ့ အမေရွှေ စီကို အမြန်ပြေးသွားလိုက်ရတော့တာပဲ ဟိုရောက်တော့ သရဲစီးနေတာတဲ့ .. အဲ့ဒါနဲ့ သရဲ ကို မေတ္တာပို့ပြီး ကလေး အငယ်မို့လို့ အမ ထဲဝင်ပူးပါဆိုပီး တောင်းပန်ပြီး သူဘာလို့ ၀င်ပူးတာလဲ ဘာညာမေးပြီး ထုတ်လိုက်ရတယ် အခု ပြန်လာတော့

လက်ဖက်ရည်ဆိုင်ကလူတွေပြောနေတာတော့ အမေ့မြေးလေး မေ့လဲပြီးတော့ အဲ့ဒီအခေါင်းထမ်းလာတဲ့ လူ၂ယောက် ဘယ်ရောက်သွားမှန်းမသိ ပျောက်သွားတယ်တဲ့ ... တော်ပါသေးရဲ့ ဘာမှမဖြစ်တာပဲ .... ဆိုပြီး အမေ က မကြည် ကြည့်နဲ့ကြည့်တယ် .. ကိုယ် လဲ နေမကောင်းဖြစ်နေတာတွေ ဘယ်ရောက်သွားမှန်းမသိဘူး အခုမှ ကျက်သီးတွေ ထပြီး တယောက်ထဲတောင် မနေရဲလို့ တနေကုန် အဖွားသွားလေ ရာ လျောက်လိုက် နေရတယ် .... ကံကောင်းတာ ကတော့ ဘာမှမဖြစ်သွားတာပေါ့လေ .. ကံဆိုးတာက တော့ အဲ့ဒီထဲက စပြီး ကံနိမ့်သွားတာပဲလားမသိဘူး .. ကိုယ့်မှာ ပရိတ်ကြိုးလေး ဖြစ်ဖြစ် အဆောင်လေးဖြစ်ဖြစ် မရှိတော့ဘူးဆိုတာနဲ့ ရောက်ရာအရပ်မှာ သရဲခြောက်ခံရတော့တာပဲ ....

 Credit : ဖိုးသူတော် (http://www.phothutaw.com/2016/01/blog-post_651.html)
 Credit : Original  Writer

No comments:

Subscribe

လာလည်သူများ

free counters