♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
February 14, 2016
" V day အတွက် ရိုဆန်ဆန် အကြံဥာဏ်များ "
. Spa Day!
သင့်ကောင်မလေးအတွက် သင်လုပ်ပေးနိုင်တဲ့ ချိုသာတဲ့ အပြုအမူလေးများ
ကမ္ဘာကြီးမှာ ရိုမန်တစ်ဆန်သူတွေ ရှားနေပါပြီ။ ကျွန်တော်ကတော့ ကျွန်တော့်ကောင်မလေးအတွက် ရိုမန်တစ်ဆန်ဆန် ပြုမူရတာကို ဂုဏ်ယူပါတယ်။ အဲ့ဒါကို ကျွန်တော့် တချို့ သူငယ်ချင်းတွေက ကျွန်တော့်ကို စိတ်ခံစားလွယ်တယ်၊ Weak တယ် အမျိုးမျိုးပြောကြတာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး။ ကျွန်တော့်ကောင်မလေးအတွက် ရိုမန်တစ်ဆန်ပေးရတာ ပျော်ပါတယ်။ ဒီဆောင်းပါးဟာ ကိုယ့်ချစ်သူကို တကယ် မြတ်မြတ်နိုးနိုး ချစ်တဲ့ကောင်လေးတွေအတွက် သူမဖို့ လုပ်ပေးစရာ ချိုသာပြီး ရိုမန်တစ်ဆန်တဲ့ ကိစ္စလေးတွေအကြောင်းပါ။ ကဲ စပါပြီ။
၇. Spa Day!
မိန်းကလေးတွေဟာ သူတို့ကိုယ်သူတို့ ပြုပြုပြင်ပြင် လုပ်ရတာကို နှစ်သက်ပါတယ်။ သင်က သူမကို အဲဒိလို နေဖို့ ပြင်ဆင်ပေးရင်တော့ အတိုင်းထက်အလွန်ပါ။ ဂရုစိုက်ခံရတာဟာ အရမ်းရိုမန်တစ်ဆန်ပါတယ်။ သူမအတွက် Spa Day တစ်ခု လက်မှတ်ဝယ်ပေးပြီး Surprise လုပ်လိုက်ပါ။ သူမကို တစ်နေ့လုံး အလှပြင်နေပါစေ။ သူမ အဲဒိနေ့ကို မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ သင့်ကိုလဲ အရမ်း ပိုချစ်သွားမှာပါ။
၆. သူမကြိုက်တဲ့ ရုပ်ရှင်တစ်ခုကို တူတူ ကြည့်ပေးပါ
ကောင်မလေးတွေဟာ အချစ်ဇာတ်လမ်းလေးတွေ ကြိုက်တတ်ပါတယ်။ သင်ကတော့ စိတ်ပျက်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သင့်ချစ်ရတဲ့ ကောင်မလေးနဲ့ ၂ နာရီလောက် တူတူထိုင်ပြီး သူကြိုက်တဲ့ ရုပ်ရှင်လေး ကြည့်မပေးနိုင်ဘူးလား?? တကယ်လို့ သင် ကံကောင်းပြီး သူမကပါ သင်နဲ့ ရုပ်ရှင်အကြိုက်ခြင်း တူနေရင်တော့ စပယ်ရှယ်ပေါ့။ သင်လဲ ရုပ်ရှင်တူတူကြည့်ဖူးမှာပါ။ ကြိုက်တယ်မလား။
၅. သူမအတွက် စားစရာ တစ်ခုခု ချက်ပေးပါ
ယောက်ျားအများစုအတွက် အဲဒါဟာ နည်းနည်း ခက်နေမှာပါ။ ဒါပေမယ့် သင့်သူငယ်ချင်း ယောက်ျားလေးတွေထဲမှာ ဟင်းချက်ကျွမ်းသူတွေရှိရင် သူတို့ဆီက လေ့လာပါ။ ပြီးတော့ သင့်ကောင်မလေးကြိုက်တတ်တဲ့ အစားအစာတစ်ခု ကြိုးစားချက်ပေးပါ။ သင်ချက်တာ အရသာကောင်းမကောင်းကို သူမ မသိပါဘူး။ သူမအတွက် သင် အပင်ပန်းခံပြီး ချက်ပြုတ်ပေးတာကို သူမအရမ်း နှစ်ခြိုက်မှာပါ။
၄. သင်တို့ရဲ့ First Date ကို ပြန်ဖန်တီးကြည့်ပါ
ဒီတစ်ခုက တော်တော်ကောင်းပါတယ်။ သင့်တို့ရဲ့ First Date ကို ပြန်ဖန်တီးရတာ ပျော်စရာကောင်းပြီး သူမအတွက်လဲ အထူးအဆန်း ဖြစ်စေပါတယ်။ သင်တို့နှစ်ယောက် ပထမဆုံး ချိန်းတွေ့တဲ့ နေရာကို သွားပါ။ ပြီးတော့ အရင်အကြောင်းတွေကို စားမြုံ့ပြန်ပြီး ခုချိန်မှာ သင်တို့နှစ်ယောက် အချစ်ဟာ ဘယ်လောက် ခိုင်မာနေပြီလဲဆိုတာတွေ ပြောပါ။ အမှတ်တရ အချိန်လေးတွေ သင်ရလာမှာပါ။
၃. Surprise Shopping Trip
မိန်းကလေးတွေက Shopping ထွက်ရတာ ကြိုက်ပါတယ်။ သူမကို တစ်နေ့လောက လွတ်လွတ်လပ်လပ် Shopping ခေါ်သွားကြည့်ပါ။ သူမ ဘာဝယ်လဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက သင်နဲ့ သူမ တူတူ ရှိနေရပြီး သူမ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေတာကို တူတူအဖော်လိုက်ပေးနေရတာက ပျော်စရာပါ။ နောက်ဆုံးမှာ သူမလိုချင်တာတစ်ခုခုကို အလိုက်တသိနဲ့ ဝယ်ပြီး လက်ဆောင်ပေးလိုက်ပါ။
၂. သူမအတွက် တစ်ခုခု ရေးပေးပါ
ဒီအချက်က တော်တော်ကောင်းပါတယ်။ သင့်ရည်းစားလေးအတွက် စာတစ်ပုဒ်လောက် ရေးပေးပါ။ အရမ်း ဒသနိကဆန်တဲ့ ကဗျာရှည်ကြီး ဖြစ်ဖို့ မလိုပါဘူး။ အရမ်းနက်နဲဖို့လဲ မလိုပါဘူး။ သင်ရေးတာ ဖြစ်ရင်ကို ရပါပြီ။ စာရွက်လေးတစ်ရွက်ယူပြီး သူမက သင့်ကို ဘယ်လို ခံစားမိစေလဲ ဆိုတာ ရေးချလိုက်ပါ။ သင် ကြိုက်သလောက်ရေးပါ။ သူမကတော့ အမြဲ အမှတ်တရ ရှိနေမှာပါ။ ခုခေတ်မှာ လူတွေက စာမရေးတော့ပါဘူး။ Message ပို့တာ၊ ဖုန်းခေါ်တာတွေနဲ့ပဲ ဆက်သွယ်နေကြတာပါ။ Email တွေကလဲ စာရွက်တွေရဲ့ နေရာကို ယူသွားပါပြီ။ အဲဒါကြောင့် စာရေးတာက အရမ်း အထူးသီးသန့် ဖြစ်နေတာပါ။
၁. သူမနဲ့အတူ အချိန်ဖြုန်းပါ
အချိန်ဆိုတာ သူမအတွက် သင် အကောင်းဆုံးပေးနိုင်တဲ့ လက်ဆောင်ပါ။ သူမအလိုချင်ဆုံးကလဲ အချိန်ပါပဲ။ တစ်ရက်လောက် သူမကို သင် အပြင်ခေါ်သွားပါ။ ဖုန်းတွေပိတ်ထားပြီး တစ်နေ့လုံး သူမအတွက် အချိန်ဖြုန်းပေးလိုက်ပါ။
ခုလောလောဆယ်တော့ ဒါလောက်ပါပဲ။ တကယ်လို့ သင်တို့မှာလဲ သင်တို့ကောင်မလေးအတွက် အထူး လုပ်ပေးတာလေးတွေ ရှိရင် တခြားသူတွေလဲ အတုယူရအောင် Comment ထဲမှာ အသိပေးခဲ့ပါ။ အချစ်နဲ့အတူ ဘဝမှာ ပျော်ရွှင်နိုင်ပါစေ။
No comments:
Subscribe
လာလည္သူမ်ား
free counters