♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
February 16, 2016
" ရေတံခွန်က ခုန်ချလို့မသေပဲ လိမ္မော်ခွံနင်းပြီး ချောလဲလို့သေရသူ "
ပိုးက ခြေထောက်ကို ဖြတ်ပစ်စေတဲ့အထိ ဆိုးရွားပြီး နောက်ဆုံးတော့ ဝမ်းနည်းစွာပဲ အသက်ပေးခဲ့ရပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
#knowledge_yyl
www.yoyarlay.com
Credit : http://www.themeltingpot4u.com/2016/02/blog-post_548.html
(Unicode version)
ရေတံခွန်က ခုန်ချလို့မသေ လိမ္မော်ခွံနင်းပြီး ချောလဲလို့သေရသူ
Bobby Leach လို့ အမည်ရတဲ့ ပုဂ္ဂိုလ်မှာ အမေရိကန်မှာ အမြင့်ဆုံး ရေတံခွန် စာရင်းဝင်တဲ့ Niagara Falls ကနေ ခုန်ချတဲ့ ကမ္ဘာ့ ဒုတိယမြောက် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့အရှေ့မှာ ၁၉၀၀ ကျော်က အမျိုးသမီး ခုန်ချခဲ့ဖူးပြီး သူကတော့ ၁၉၁၁ ခုနှစ် ဇူလိုင်လမှာ စွန့်စားခဲ့သူ ဖြစ်ပါတယ်။
ဘာ အကာအရံ ပစ္စည်းမှ မပါပဲ ခုန်ချတာတော့ မဟုတ်ပါဘူး။ ပုံမှာ မြင်တွေ့နေရတဲ့ စည်ပိုင်းကြီးထဲ ဝင်လို့ ခုန်ချခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ အရိုးများ ကျိုးပြီး ဆေးရုံမှာ ခြောက်လနေထိုင် ကုန်သမှု ခံယူခဲ့ရ ပါတယ်။ သူဟာ Circus တွေမှာ စတန့် Performer တစ်ဦးလည်း ဖြစ်ပါတယ်။ စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးဖြစ်ပေမယ့် စွန့်စားရတာ ဝါသနာ ပါသူ တစ်ဦးမို့ ဖြစ်ပါတယ်။ ရေတံခွန်ကနေ ခုန်ချပြီးတော့ အခြားသော စွန့်စားမှုပေါင်း များစွာကိုလည်း ဆက်တိုက် ပြုလုပ်ပါတယ်။ အောင်မြင်မှုမာ်း ရှိသလို ကျရှုံးမှုများလည်း ရှိပါတယ်။ အသက် အန္တရာယ်နဲ့ နီးတဲ့ လုပ်ဆောင်ချက်များချည်း ပြုလုပ်ပါတယ်။
၁၉၂၆ ခုနှစ်မှာ သူဟာ နယူးဇီလန်ကို ခရီးသွားပြီး အပျော်ခရီး အေးအေးချမ်းချမ်းသွားတဲ့အချိန် လိမ္မောခွံ တက်နင်းမိလို့ ချော်လဲပါတယ်။ ခြေမနဲ့ ခြေသန်းတွေမှာ ဒဏ်ရာအနည်းငယ်သာ ရပေမယ့် ရောဂါပိုး ဝင်သွားပါတယ်။ ယင်း ပိုးက ခြေထောက်ကို ဖျက်ပစ်စေတဲ့အထိ ဆိုးရွားပြီး နောက်ဆုံးတော့ ဝမ်းနည်းစွာပဲ အသက်ပေးခဲ့ရပါတယ်။
ဒါကြောင့်မို့ Bobby ဟာ စွန့်စားမှုတုန်းက မသေပဲ လိမ္မော်ခွံနဲ့မှ သေရတာကြောင့် လူပြောများတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
No comments:
Subscribe
လာလည္သူမ်ား
free counters