♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 15, 2016

" ကမ္ဘာတစ်လွှား ထူးခြားတဲ့ ချစ်သူများနေ့ ဓလေ့ထုံးစံများ "

 
ဂျပန်နိုင်ငံမှာတော့ အမျိုးသမီးတွေဟာ ဗယ်လင်တိုင်းနေ့မှာ ချစ်သူအမျိုးသားတွေအပေါ် မိမိအချစ်ကိုပြသဖို့ ရှက်ရွံ့နေတတ်ကြ
ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ အဲလိုမဟုတ်ကြတော့ပါဘူး။ ကိုယ့်ရဲ့အချစ်ကိုပြသဖို့အတွက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ချောကလက်လက်ဆောင်ပေးတဲ့ အလေ့အထဟာ ၁၉၃၆ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး လက်ဆောင်ပေးတဲ့ ချောကလက်အမျိုးအစား ၂ မျိုး ရှိပါသတဲ့။ “ Giri-Choko” နဲ့ “ Honmei-Choko” တို့ဖြစ်ပါတယ်။

 Giri-Choko ကတော့ ၅၂၈ အချစ်မျိုးနဲ့ အမျိုးသား မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အစ်ကို၊ မောင်နဲ့ ဖခင်စသူတို့ကို ပေးလေ့ရှိတဲ့ ချောကလက်အမျိုးအစားဖြစ်ပြီး Honmei-Choko ကတော့ ၁၅၀၀ အချစ်မေတ္တာမျိုးနဲ့ ချစ်သူရည်စား၊ ခင်ပွန်းဖြစ်သူကို ပေးလေ့ရှိတဲ့ ချောကလက်အမျိုးအစားပါတဲ့။

တောင်ကိုရီးယားနေ့မှာတော့ ဂျပန်ဓလေ့ကို ကိုးကားအတုယူပြီး ဖေဖော်ဝါရီ ၁၄ မှာ အမျိုးသမီးတွေဟာ ချစ်သူအမျိုးသားကို ချောကလက်လက်ဆောင် ပေးလေ့ရှိကြပါတယ်။ ဒီလိုပဲ အပြန်အလှန်အနေနဲ့ အမျိုးသားတွေဟာလည်း မတ်လ ၁၄ ရက်နေ့ “ White Day “ မှာတော့ ချစ်သူမိန်းကလေးကို လက်ဝတ်ရတနာ၊ အ၀တ်အထည် စတာတွေကို ပြန်လည်လက်ဆောင်ပေးလေ့ရှိကြပါသတဲ့။

ထိုင်ဝမ်မှာတော့ ကိုရီးယား၊ ဂျပန်တို့နဲ့ ပြောင်းပြန် အမျိုးသားတွေက ဖေဖော်ဝါရီ ၁၄ မှာ အမျိုးသမီးတွေကို ချောကလက်နဲ့တခြားလက်ဆောင်တွေ ပေးလေ့ရှိကြပြီး မတ်လ ၁၄ရက်နေ့ “ White Day” မှာတော့ အမျိုးသမီးတွေက ပြန်လည်လက်ဆောင်ပေးကြပါသတဲ့။

မြန်မာနိုင်ငံမှာကတော့ အရင်တုန်းက ဒီဓလေ့မရှိခဲ့ပေမယ့် အခုအခါမှာတော့ ဖေဖော်ဝါရီလ ၁၄ မတိုင်မီကတည်းက ဟော်
တယ်တွေမှာ ဘွတ်ကင်လုပ်ထားကြပြီး ချောကလက်၊ နှင်းဆီပန်းနှင့် တခြားလက်ဆောင်ပစ္စည်းတွေအပြင် တဦးနှင့်တဦး လူအမြင်မခံဝံ့တဲ့ အချစ်လက်ဆောင်တွေပေးကြပါသတဲ့။

အင်္ဂလန်မှာတော့ ဗယ်လင်တိုင်းနေ့မှာ တစ်ကိုယ်တည်း အပျိုကြီးတွေက သူတို့ရဲ့ခေါင်းအုံးတွေမှာ သစ်ရွက် ၅ရွက်ကို အပ်နဲ့တွယ်ချိတ်ပြီး ခေါင်းအုံးအိပ်လေ့ရှိကြပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလိုခေါင်းအုံးအိပ်တဲ့အခါ အိပ်မက်ထဲမှာ သူတို့ရဲ့
အနာဂတ်ခင်ပွန်းလောင်းကို အိပ်မက်မြင်မက်လေ့ရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ဓလေ့ကတော့ နည်းနည်းထူးခြားပါတယ်။ သူတို့အခေါ်အရ “ ချစ်ခြင်းကိုရှာဖွေခြင်း “ လို့ အဓိပ္ပါယ်ရတဲ့ လှုပ်ရှားမှုပဲဖြစ်ပါတယ်။ ဒီအစီစဉ်မှာ အပျို၊ လူပျိုတွေဟာအသက်အရွယ်မရွေး တစ်အိမ်ဝင်တစ်အိမ်ထွက် ကိုယ့်ချစ်သူကို စိတ်ကြိုက်ရှာဖွေကြတာပဲဖြစ်ပါတယ်။ နှစ်သက်သူကိုတွေ့ပြီဆိုရင် ကိုယ့်အိမ်ကို အလည်လာဖို့ ဖိတ်ခေါ်လေ့ရှိပြီး အကြိုက်မတွေ့သေးရင်တော့ စိတ်ကြိုက်တွေ့သည်အထိ အိမ်လည်ကြတာဖြစ်ပါသတဲ့။

Credit:  ဖိုးသူတော် (http://www.phothutaw.com/2016/02/blog-post_975.html)
Credit: ThitHtooLwin

No comments:

Subscribe

လာလည်သူများ

free counters