♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 19, 2016

" ကလေးငယ်တွေကို ဒီစကား (၃)ခွန်း ပြောမယ့်အစား ခုလို ပြောဆိုပေးခြင်းဟာ ကလေးငယ်တွေအတွက် ပိုမိုသင့်လျော်တာ "

 
မိဘတွေဟာ ကိုယ့်ရဲ့သားသမီးကို ဆုံးမသွန်သင်ရာမှာ လိုအပ်ချက်တွေ ရှိနေဆဲပါ။ တစ်ခါတစ်ခါ စိတ်လိုက်မာန်ပါ ပြောဆိုဆက်ဆံလိုက်တာတွေက ကိုယ့်သားသမီးအတွက် အယူမှားစရာ၊ နားလည်မှုလွဲစရာတွေ ဖြစ်နိုင်ပါတယ်။ ဘာရယ်မဟုတ် သတိလက်လွတ် ကိုယ်ပြောမိလိုက်တာကို ကိုယ့်ရဲ့ သားငယ်၊ သမီးငယ်လေးတွေက တစ်မျိုးယူဆသွားတဲ့အခါ၊ စိတ်ဒဏ်ရာရတဲ့အထိ ဖြစ်သွားတတ်တာမို့ သတိထားရှောင်ကြဉ်ကြဖို့ သတိပေးချင်ပါတယ်။ ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးငယ်တွေကို ပြောဆိုဆုံးမရာမှာ သုံးလေးရှိတဲ့ စကားအမှားတွေကို ပြောပြပေးချင်သလို အဲ့ဒီအစား ဘယ်လိုပြောဆိုဆုံးမနိုင်သလဲဆိုတာကိုပါ အစားထိုး ပြောပြပေးသွားပါမယ်။

၁။ နင်ကတော့ ငါ့ကို စိတ်တိုအောင်၊ ဒေါသထွက်အောင် လုပ်နေပြီ။

ကလေးငယ်ကို အပြစ်ရှိတဲ့သူတစ်ယောက်လို ဆက်ဆံမယ့်အစား သူ့ရဲ့အပြုအမူကို မကြိုက်ဘူးဆိုတာ ပြောရပါမယ်။ ဒီတော့ ခုနလို နင်ငါ့ကို စိတ်တိုအောင် လုပ်နေတာလား၊ ငါ စိတ်ပျက်အောင် နင်သိပ်လုပ်တယ် ဆိုတာမျိုးထက် သူ့ရဲ့ ဘယ်အပြုအမူဟာ ကောင်းတယ်။ ဘယ်ဟာလေးကိုဖြင့် ပြောင်းသင့်တယ်ဆိုတာကို သူနားလည်အောင် ပြောဆိုရှင်းပြပါ။

၂။ နင်ဘာဖြစ်နေတာလဲ၊ ညည်း ဘာဖြစ်နေတာလဲ။

ဒီလို ပြောဆိုခြင်းဟာ ကလေးငယ်အတွက် အရှက်ရစေပါတယ်။ ရှက်တတ်တဲ့ ကလေးငယ်ကို ဒီလိုပြောလိုက်မိမယ်ဆိုရင် နောင်အခါ သူအသက်ရလာတဲ့အခါမှာတောင် သူ့ကိုယ်ပိုင်အတွေး၊ အရည်းအချင်းတွေကို
သူယုံကြည်မှုမရှိ တော့ပါဘူး။ ခုလိုပြောမယ့်အစား "သား ဒီလိုလုပ်တဲ့အခါ မေမေ မကြိုက်ဘူး၊ သမီး ဒီလိုတွေ လုပ်တာမျိုး ဖေဖေ မကြိုက်ဘူး"ဆိုတာမျိုး ပြောပါ။ သူတို့အမူအကျင့်ကို ဘယ်လိုပြောင်းရမယ်ဆိုတာကိုလည်း သူတို့နားလည်အောင်၊ နားဝင်အောင် ပြောတတ်ပါစေ။

၃။ နင် ဒီလိုလုပ်ရင်ကောင်းမယ်..မဟုတ်လို့ကတော့။

ကလေးငယ်ကို ကြောက်သွားအောင် ခြိမ်းခြောက်တဲ့ အသုံးအနှုန်းတွေ သုံးခြင်းဟာ မိဘတွေအတွက် အမှားတစ်ခုလို့ ပြောရပါလိမ့်မယ်။ ဒါဟာ ဒေါသထွက်လာရင် ဘယ်လိုဆက်ဆံတတ်ကြတယ်ဆိုတဲ့ မကောင်းတဲ့အရာကိုလည်း သင်ပေးရာ ရောက်နေပါတယ်။ ကလေးကို ခြိမ်းခြောက်သလို ဒီလိုလုပ်ရင်လုပ် မလုပ်ရင်တော့ ဘာဖြစ်မယ်လို့ ပြောဆိုမယ့်အစား "သမီး ဒီလိုလုပ်တဲ့အခါ၊ မေမေက ဘယ်လိုခံစားရတယ်"စသဖြင့် ကလေးနားလည်အောင် ပြောပေးဖို့ လိုပါတယ်။

Ref:yourtango.com

Credit : http://www.searchmyanmar.com/#content-47207

No comments:

Subscribe

လာလည်သူများ

free counters