♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 15, 2016

" ဒါမျိုးလာကျောလို့ကတော့ ဘယ်ရမလဲ :P "

 
အမေရိကန်တိုးရစ်တစ်ယောက်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နေရင်း taxi ကားဖြင့် ရန်ကုန်မြို့ကို ပတ်လေသည်။

ဒရိုင်ဘာမှာ မြန်မာလူမျိုး ဖြစ်သည်။ သွားရင်းလာရင်းနှင့်  ဘုရင့်နောင် ဂုံးကျော်တံတားသို့ ရောက်လာသည်။ ထိုအခါ အမေရိကန်ကြီးမှ မေးလိုက်သည်။
” ဟေ့……. ဟိုတံတားက ဘာတံတားလဲ….”
” ဘုရင့်နောင်ဂုံးကျော်တံတား လို့ ခေါ်ပါတယ်……”
” တံတားဆောက်တာ ဘယ်လောက်ကြာလဲကွ……”
“၁နှစ်လောက်တော့ကြာ ပါတယ်….”
” ဒါမျိုးတံတားတွေကို ငါတို့ အမေရိကန်မှာ ဆို၇င် ၆လလောက်နဲ့ပြီးတယ်…..”
ထို့နောက် ဆက်မောင်းလာရင်း လှည်းတန်း တံတားနား ရောက်လာသည်။ အမေရိကန်တိုးရစ်မှ ထပ်မေးပြန်သည်။
” ဒါကရောဘာတံတားလဲဟ…”
“လှည်းတန်းကုန်းကျော်တံတားလို့ ခေါ်ပါတယ်……”
“ဘယ်လောက်ကြာလဲဆောက်တာ……”
” ၈လလောက်တော့ရှိတယ်….”
” အင်း…. ဒါမျိုးဆိုရင်တော့ ငါတို့ဆီမှာ ၂လလောက်နဲ့ ဆောက်လို့ရတယ်……”
မြန်မာလူမျိုးကားသမားသည် နည်းနည်းတော့ ဒေါသထွက်လာသည်။ ဒီအမေရိကန်တိုးရစ် သက်သက်လာ ကြွားနေတာခံရသည်။ ကားဆက်မောင်းလာရင်းနှင့် ရွှေခုံတိုင်ဂုံးကျော်တံတားပေါ်သို့ ရောက်လာသည်။ အမေရိကန်
တိုးရစ်က မေးပြန်သည်။
” ဒီတံတားကရော ဘာတံတားလဲဟင်……”
ကားသမားက ပြန်ဖြေလိုက်သည်မှာ…
” ကျွန်တော်လည်း မသိပါဘူးခင်ဗျာ…….မနက်ကလာတုန်းက ဒီမှာ ဘာမှမရှိသေးဘူး……..”
ငင်..!!!
ငှင်းငှင်း…သေတောင်သွားဦး မယ်..

 


Credit – Original Writer
Credit : http://www.searchmyanmar.com/#content-47658

No comments:

Subscribe

လာလည်သူများ

free counters