♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 14, 2016

" အမေရိကားက မိကျောင်းတွေ ရှိနေတဲ့ ဂေါက်ကွင်း "

 
အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှာရှိတဲ့ ဂေါက်ကွင်းတစ်ကွင်းပာာ အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ဂေါက်ကွင်းမှာ မိကျောင်းတွေ သွားလာနေ ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီဂေါက်ကွင်းကို ပုံမှန်လာနေသူတွေ အတွက်ကတော့ မိကျောင်း တွေ သွားလာနေတဲ့ မြင်ကွင်းဟာ အထူးအဆန်း တစ်ခုတော့ မဟုတ်ပေမယ့် ပထမဆုံး အကြိမ် ရောက်ဖူးသူတွေ အတွက်ကတော့ စိုးရိမ် ထိတ်လန့်မှု တွေရှိသွားမှာ ဖြစ်ပါတယ်။

စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေမှာ မိကျောင်းတွေ သွားလာနေကြပြီး ဂေါက်သီးရိုက် ကစားသူတွေ ကလည်း ပုံမှန်အတိုင်း ကစား နေကြပါတယ်။ အန်ဂလီ ၀ုဒ်အရပ်ဒေသမှာ တည်ရှိတဲ့ ဒီဂေါက်ကွင်းကို Myakka Pines ဂေါက်ကလပ်လို့ အမည်ပေးထား ပါတယ်။ ဂေါက်ကွင်းရဲ့ ပတ်ဝန်းကျင်မှာ မိကျောင်းကောင်ရေ ရာပေါင်းများစွာ ရှိနေပြီး မိကျောင်းတွေဟာ ဂေါက်ကွင်းဆီကို ရောက်လာတာ ဖြစ်ပါတယ်။ အချို့မိကျောင်းတွေ ဟာ (၁၅)ပေအထိရှိပြီး အကောင်ကြီး မိကျောင်းတွေကို ဂျော့လို့ အမည်ပေးထား ပါတယ်။

 ဂေါက်ကွင်း အထွေထွေ မန်နေဂျာ ဇာဒါက မိကျောင်းတွေသာမရှိရင် ဂေါက်သီးလာ ကစားမယ့် သူလည်း ရှိနေမှာ မဟုတ်ဘူးလို့ ပြောခဲ့ ပါတယ်။ ဇာဒါဟာ သူတို့ဂေါက်ကွင်းမှာ ဖိတ်ခေါ်ဂေါက်သီး ရိုက်ပြိုင်ပွဲ ပြုလုပ် သွားမှာ ဖြစ်ပေမယ့် မိကျောင်းတွေကြောင့် စိုးရိမ်စရာ မလိုဘူးလို့ ဆိုခဲ့ ပါတယ်။ ဒီဂေါက်ကွင်း သက်တမ်း (၃၇) နှစ် အတွင်းမှာ မိကျောင်းတွေကြောင့် ဒဏ်ရာရခဲ့သူ လုံးဝ မရှိကြောင်း သိရပါတယ်။ ဂေါက်ကွင်းမှာ မိကျောင်း တွေရှိ နေတဲ့မြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့ရာ တစ်ရက် အတွင်း စိတ်ဝင်တစား ကြည့်ရှုသူ သိန်းပေါင်း များစွာ ရှိခဲ့ တယ်လို့ သိရ
ပါတယ်။ ဒီဂေါက်ကွင်းဟာ (၂၇) ကျင်းရှိပြီး ဂေါက်ကွင်း ၀န်းကျင်မှာလည်း အခြားတိရိစ္ဆာန်တွေလည်း ရှိသေးကြောင်း ဆိုထားပါတယ်။

Credit : ဖိုးသူတော်(http://www.phothutaw.com/2015/03/blog-post_699.html?m=0)
Credit : messenger

No comments:

Subscribe

လာလည်သူများ

free counters