♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
February 17, 2016
ဆက်သွယ်ရေး ပြသနာများ
. မိန်းမတွေဟာ စကား ပြောခြင်းအပေါ် အရမ်းမှီခိုပါတယ်
ယောက်ျားတိုင်းသိထားသင့်တဲ့ မိန်းကလေးတွေရဲ့ ပြသနာများ
ယောက်ျားတွေနဲ့ မိန်းမတွေ အမြင်ခြင်း မတူတတ်ကြပါဘူး။ ယောက်ျားတွေက ပြသနာတွေကို ပေါ့ပေါ့ထားတတ်တဲ့ သဘောရှိပြီး မိန်းမတွေကတော့ ပြသနာ အသေးအမွှားလေးကိုတောင် အလေးအနက် သဘောထားကြပါတယ်။ အဲဒါဟာ ယောက်ျားတွေ ဘာကြောင့် အငြင်းအခုန်တွေမှာ ရှုံးရတာလဲနဲ့ ရည်းစားတွေ ဘာကြောင့် ပြတ်ရတာလဲဆိုတာရဲ့ အဓိက တရားခံပါ။
မိန်းမတွေ ကြုံတွေ့ရတဲ့ ပြသနာကြီးများ
အောက်မှာ မိန်းမတွေ သမီးရည်းစားဘဝမှာ ကြုံတွေ့ရတဲ့ ပြသနာတွေကို ပြောပြထားပါတယ်။
ဆက်သွယ်ရေး ပြသနာများ
၁. မိန်းမတွေဟာ စကာပြောခြင်းအပေါ် အရမ်းမှီခိုပါတယ်
ယောက်ျားတွေအတွက်ကတော့ စကားပြောတယ်ဆိုတာ သတင်းအချက်အလက် ဖလှယ်ဖို့ပါ။ မိန်းမတွေကတော့ ကြင်နာမှု ပြချင်လို့၊ ပွတ်သီးပွတ်သပ်နေချင်လို့ စကားပြောကြတာပါ။ နောက်တစ်ကြိမ် သင့်ရဲ့ချစ်သူနဲ့ စကားပြောရင် ” သူကငါ့ကို မေးခွန်းတွေနဲ့ ရူးသွားအောင် လုပ်နေတာပဲ” လို့ မတွေးပါနဲ့တော့။ သူမက သူမရဲ့ အတွေးထဲ စိတ်ထဲကို သင် ရောက်လာနိုင်အောင် ဆောင်ရွက်နေတာပါ။ သူမနဲ့ တူတူ စကားပြောပေးပါ။
၂. မိန်းမတွေဟာ သဘာဝ အတိုင်ပင်ခံတွေ ဖြစ်ကြပါတယ်
ယောက််ားတွေဟာ တစ်ယောက်ထဲ ဆုံးဖြတ်ချက် ချတတ်ကြပြီး လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်တတ်ကြပါတယ်။ မိန်းမတွေကတော့ တခြားသူေတွေ အမြင်ကိုပါ ရယူပြီး ရလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ဆုံးဖြတ်ကြပါတယ်။ သင့် သမီးရည်းစားဘဝမှာ သူမ ကိစ္စတွေကို သူမဘာသာ ဆုံးဖြတ်ဖို့ လုံးဝ မပြောပါနဲ့။
သူမဟာ အမြဲ သင်နဲ့ တိုင်ပင်နေပြီး သူတိုင်ပင်တာကိုလဲ သင့်ကို စိတ်ဝင်စားစေချင်ပါတယ်။ အဲဒါကြောင့် သင်တို့ နှသ်ယောက်လုံး အဆင်ပြေတဲ့ ဆုံးဖြတ်ချက်လေးတွေ ချပေးပါ။ သင်လည်း သူမပြောတဲ့အတိုင်း လိုက်မလုပ်ချင်ရင် သူမအမြင်ကို မတောင်းပါနဲ့။
၃. မိန်းမတွေဟာ တစ်ကိုယ်ရည် ခံစားချက်တွေကို ဦးစားပေးကြပါတယ်
ယောက်ျားတွေကတော့ စိတ်ခံစားချက်ကို စကားဝိုင်းတွေထဲမှာ ဖော်ပြလေ့ မရှိကြပါဘူး။ နောက်တစ်ခေါက် သူမနဲ့ စကားပြောရင် နည်းနည်း သင့်ခံစားချက်လေးတွေကို သူမသိအောင် ပြလိုက်ပါ။
၄. မိန်းမတွေဟာ စကားဝိုင်းတစ်ခုအတွင်းမှာ အကြောင်းအရာစုံ ပြောတတ်ကြပါတယ်
ယောက်ျားတွေကတော့ တစ်ခုပြီးမှ တစ်ခု ပြောကြတာပါ။ ယောက်ျားတွေဟာ မိန်းမတွေပြောတဲ့ အကြောင်းအရစုံကို လိုက်မမှတ်နိုင်ပဲ စိတ်ရှုပ်လာတတ်ပါတယ်။ အရေးကြီးတာက သင် သူမပြောတာတွေ နားမလည်ရင် သူမကို ပြန်မေးပါ။ သူမက သင် သူမကို စိတ်ဝင်တစား နားထောင်ပေးတာကို ပျော်ပါလိမ့်မယ်။
လိင်ကိစ္စ၊ ယုယကြင်နာမှုနဲ့ ဆွဲဆောင်မှုတို့နဲ့ ပါတ်သတ်တဲ့ မိန်းကလေးတွေရဲ့ ပြသနာများ
ယောက်ျားတွေဟာ စိတ် အတက်အကျ လွယ်ပါတယ်။ Pornographic တစ်ခုခု ကြည့်လိုက်ရရုံနဲ့ စိတ်ကြွလာပါတယ်။ မိန်းကလေးတွေကတော့ အဲ့လောက် မလွယ်ကူပဲ အဲ့ဒိအခြေအနေရောက်အောင် သေချယ နှိုးဆွပေးရပါတယ်။
၁. မိန်းမတွေဟာ လိင်ဆက်ဆံဖော်နဲ့ ခံစားချက်ခြင်း ဆက်နွယ်နေဖို့ လိုပါတယ်
ယောက်ျားတွေကတော့ ဘယ်သူဖြစ်ဖြစ်ပါ။ အဲဒိတော့ သူမကို ကြင်နာ၊ ယူယပြ၊ ညစာတူတူစား၊ စိတ်ခံစားချက်ခြင်း ဆက်နွယ်နေပါစေ။
၂. ယောက်ျားတွေမှာ အချစ်နဲ့ လိင်ကိစ္စအကြား ဆက်နွယ်မှု မရှိပါဘူး
မိန်းမတွေကတော့ သူတို့ချစ်တဲ့သူနဲ့မှ အလုံခြုံဆုံး ခံစားရပြီး လိင်ကိစ္စ စိတ်ကျေနပ်မှု အပြည့်အဝ ရတာပါ။ မိန်းကလေးတွေဟာ ချစ်ခင်ကြင်နာ ယုယမှု ခံစားရရင် ပိုပြီး ကောင်းကောင်း လိင်အရသာ ခံစားရပါတယ်။ အစပျိုး နှိုးဆော်ပေးတာ ကြာကြာလုပ်ပေးရင် သင် သူမအပေါ် ချစ်ကြောင်းပြရာရောက်လို့ လုပ်ပေးပါ။
၃. မိန်းမတွေဟာ အပြင်အဆင်ကို ဂရုစိုက်ကြပါတယ်
ယောက်ျားတွေကတော့ ချစ်ခွင့်ရပြီးတာနဲ့ နေချင်သလို လွတ်လွတ်လပ်လပ် နေလိုက်ကြတာပါပဲ။ မိန်းကလေးတွေကတော့ ပြင်ပြင်ဆင်ဆင် နေကြပြီး သင်က ပြန်ပြီး ပြုပြုပြင်ပြင် မနေရင် သူတို့ကို မလေးစားတာပါပဲ။ အဲလိုဆို သူမ အထီးကျန်တာ၊ ကြင်နာယုယမှု မခံစားရတာ ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် ကောင်းကောင်းဝတ်ပြီး ကောင်းကောင်း သန့်သန့်ရှင်းရှင်းနေပါ။
၄. မိန်းမတွေဟာ သူတို့ရဲ့ ပါတနာနဲ့ လိင်ကိစ္စမှာ အဆင်ပြေချောမွေ့မှုရအောင် အချိန်လိုအပ်ပါတယ်
ဒါပေမယ့်နောက်ပိုင်းကျ သူတို့ရဲ့ လိင်တောင့်တချက်က သူတို့ပါတနာကိုတောင် ကျော်သွားနိုင်ပါသေးတယ်။ ယောက်ျားတွေကျ အဲလိုမဟုတ်ပါဘူး။ အကန့်အသတ် ရှိပါတယ်။ အဲ့လို အဆင့်မျိုးကို ရောက်နေသူဆိုရင်တော့ စာဖတ်သူကို ဂုဏ်ပြုပါတယ်။ တိုင်းရင်းဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ အစားအသောက်တွေ၊ သေချာ ဂရုစိုက်ပြီး သူမအလိုကို သေချာ ဖြည့်ပေးလိုက်ပါတော့။
No comments:
Subscribe
လာလည္သူမ်ား
free counters