♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 14, 2016

" ချစ်သူများနေ့မှာ ကိုယ့်ကောင်မလေး ဆိတ်ကို နှိုးထအောင် ဘယ်လိုလုပ်ရမလဲ အပိုင်း (၂) အဆုံးပိုင်း "

ဘော်ဘော်တို့ရေ..မနေ့က ချစ်သူများနေ့မှာ ကိုယ့်ချစ်သူ ကောင်မလေးရဲ့ ဆိတ်ကို နှိုးထစေဖို့ဆိုတဲ့ပိုစ်ကို အချိန်မရလို့ တပိုင်း
တဇနှင့် ရပ်ထားခဲ့ရဒယ်......ဒီနေ့ အဆုံးသတ်ကို အပီအပြင်ဆွဲထားတယ်...ဘာဘယ်လိုလုပ်ရမယ်ဆိုတာပြောပြမယ်နော်..
အဲဒီတော့...မနက် ဝေလီဝေလင်းရောက်တော့ အချစ်နေ့ရဲ့ အချစ်ဦးအချိန်ကောင်းမှာ ကိုယ့်ကောင်မလေးက ဆိတ်ကိုနှိုးထဖို့
ပြောလာပြီဆိုရင်...ပြုံးပြုံးကြီးထလိုက်ပါ....သူ့နဖူးလေးကို ဖွဖွလေးနမ်းပြီး ရေချိုးခန်းဝင်ပါ..ဆီးစွန့် ဝမ်းထုတ် သွားတိုက်
တတ်နိုင်ရင်ရေချိုး...ပျင်းတတ်ရင် ခြေလက်မျက်နှာ သန့်စင်လိုက်ပါ...သပ်သပ်ရပ်လေး လုပ်လိုက်ပါ......ပြီးရင် ကုလားပဲကို
ညကရေစိမ်ထားတာလေး ယူလိုက်ပါ..ရေတွေ စစ်ထုတ်ပစ်ပါ.... ရှန်ပူဆပ်ပြာနှင့် စိမ်ထားတဲ့ တဘက်ကို ရေညှစ်လိုက်ပါ..
ရေအစိုဓာတ် နဲနဲကျန်နေပါစေ....ပြီးရင် အဲ့ဒီနှစ်မျိုးကို အသာလေးမပြီး အခန်းထဲကို တိုးတိုးလေး ဝင်လိုက်ပါ...ငြင်သာပါစေ.
ခြေသံမကြားရပါစေနှင့်..ပြီးရင် အနားရောက်တာနှင့် ကုလားပဲရေစိမ်ပွလေး လေးငါးစေ့ကို နှိုက်လိုက်ပြီး သူ့နှာခေါင်းဝနားတို့
ပေးလိုက်ပါ...သဘာဝရနံ့လေးကြောင့် မျက်လုံးလေးပွင့်လာပါလိမ့်မယ်...မျက်လုံးလေးပွင့်လာတာနှင့် သူ့ပါးစပ်ထဲ အဲ့အစေ့
လေးတေ ထည့်ဝါးခိုင်းပါ.....ကုလားပဲစေ့လေးတွေ ကုန်စင်အောင် စားခိုင်းပါ..ကြင်ကြင်နာနာလေး ခွံ့ကျွေးပါ... ပြီးတာနှင့်
သူ့တကိုလုံးကို ခေါင်းကနေ ခြေအထိ တဘက်ရေစွတ်ထားတာနှင့် ဖွဖွလေးသုတ်ပေးပါ....နေရာမလပ်ပါစေနှင့်...တကိုယ်
လုံးကိုပွတ်ပေးပါ...ရှန်ပူနံ့လေးသင်းနေပါစေ.....သူ့ရဲ့ တင်ပါးကြားကိုလည်း သုတ်ပေးလိုက်ပါ...ချေးခြောက်လေးတွေကပ်

နေရင် ကွာကျပြီး သန့်ရှင်းမွှေးကြိုင်သွားအောင်ပါ....(ဟီး)..မရွံပါနှင့်.... ပြီးရင် သူ့ရဲ့ လည်တိုင်ကျော့ကျော့လေးကို ဖဲကြိုး
လေးနှင့် ခပ်ရွရွလေး ချည်ပေးလိုက်ပါ....ပြီးရင် သူ့ကို ပွေ့ခေါ်သွားပြီး အခန်းထဲဝင်ပါ.....သူ့ခေါင်းလေးကိုနမ်းကြည့်ပါ..မွှေး
နေသလားဆိုပြီးပေါ့.....ပြီးရင် အိပ်ယာပေါ်အိပ်နေတဲ့ သင့်ကောင်မလေး ဘေးမှာ သူ့ကိုငြင်ငြင်သာသာလေး ချပေးလိုက်ပါ..
သင့်ကောင်မလေးကို နဖူးလေးနမ်းပြီး နိုးလိုက်ပါ...သင်သန့်ရှင်းအောင်လုပ်ပြီး အလှဆင်ထားတဲ့ သူမရဲ့ ဆိတ်လေးကို မအော်
မြည်စေပဲ သူမဆီကို နိုးပြီးခေါ်လာတာကို သူမသိသွားပါစေ.....
တချို့ ကိုကိုတေက အရမ်းဘဒန်းနိုင်တော့ ဆိတ်လေးကို ဆွဲခေါ်လာတော့ ဆိတ်လေးက တအားအော်တာပေါ့...အဲ့လို နိုး
ခေါ်လာတာကို ကောင်မလေးတေက မကြိုက်တော့ ..သိတဲ့အတိုင်းပဲ.... ကိုယ့်ကောင်မလေးတေက အခုခေတ်မှာ အတတ်
ဆန်းပီး ဆိတ်ပေါက်စတွေ အိမ်မှာ မွေးထားတတ်ကြယ်လေ....အချစ်ရဲ့ သင်ကေတတဲ့ဗျာ......အရင်က ခွေးမွေးတယ်...
နောက်စပါးကျီးမွေမွေးတယ်... အခုတော့ pet baby goat တဲ့ဗျား........သူတို့ကို မနက်သွားနိုးရင် တပဲ့ပဲ့နှင့် အော်တတ်
သေးတယ်...ကုလားပဲရေစိမ်လေး ကျွေးထားလိုက်ရင် ငြိမ်နေတာများ အပ်ကျသံတောင်မကြားရဘူးခင်ဗျာ........
အာ့ပါပဲ ဘော်ဘော်တို့ရေ.........

ကျော်က ကိုယ့်ကောင်မလေး "စိတ်"လို့ မရေးထားဘူးနော်..... အမှန်အတိုင်း "ဆိတ်" လို့ပဲ ရေးထားတာ...ခွီး....
ချစ်မိတ်ဆွေတေ အချစ်နေ့မာ ပျော်သထက်ပျော်နိုင်ကြပါစေ.......
ပျော်စေ ရွှင်စေဖို့ ရည်ရွယ်ပြီး အတည်ဘောက်နောက်လိုက်တာပါ.... ချိတ်ချိုးကြနှင့်နော်....

ပထမပိုင်းကို ဖတ်ဖို့ လင့်က
http://yawyawthamamwe.blogspot.co.uk/2016/02/blog-post_68.html

ဒိုမျိုးလေးပေါ့....
http://i.dailymail.co.uk/i/pix/2015/09/03/18/2BF1824900000578-3221400-image-a-1_1441301861353.jpg 

ဆိုးအောင်ကျော်....

No comments:

Subscribe

လာလည်သူများ

free counters