အကြော်သည် ဒေါ်ခင်လှက သားဖြစ်သူ ဘအေးကို လှမ်းအော်လိုက်သံ ...
"အမေကလည်း အမေရာ ... အမေ့ပိုက်ဆံကို သားမသုံးလို့ ဘယ်သူသုံးမှာလည်း"
"ဟဲ့သေနာကောင်လေး .. ငါ့ပိုက်ဆံတွေပြန်ထားခဲ့"
"မထားဖူး အမေရာ ယူမှာပဲ"
ဘအေးက အကြော်ရောင်းရငွေထဲက ငွေငါးရာယူသွားပြီး အရက်ဆိုင်ကိုထွက်သွားရာ ဒေါ်ခင်လှက ..
"အေး အေး ငါ့နဖူးက ခြေမအထိချွေးပေါက်ပေါက်ကျအောင် ရှာထားတဲ့ပိုက်ဆံကို အနိုင်ကျင့်ပြီး အရက်သောက်ဖို့ ယူသွားတဲ့အကောင် အန်ဖတ်ဆို့ပြီး သေပါစေတော် အဲ့ဒီပိုက်ဆံက နင့်အတွက် ကူးတို့ခပဲ"
"ကူးတို့ခဆိုလည်း နေ့တိုင်းကူတို့ခလာတောင်းမယ်"
"တယ်လေ သေနာကောင် ဘအေး" ..
ပြောပြောဆိုဆို ဒေါ်ခင်လှက ဘအေးကို ထင်းချောင်းနဲ့ပစ်ပေါက်ရာ .. ဘအေးမှာလည်း အရက်ဆိုင် တစ်ချိုးထဲပြေးလေသည် .. သည်မြင်ကွင်းမှာ နေ့တိုင်းမြင်နေကြ မြင်ကွင်းလေးတစ်ခု ..
ရေပြာချောင်းကလေး နံဘေးက ဒေါ်ခင်လှရဲ့အကြော်တဲလေး .. အကြော်သည် ဒေါ်ခင်လှနဲ့ သူ့သားအရက်သမားဘအေးကို
တစ်ရွာလုံး သိကြသည် .. မုဆိုးမဒေါ်ခင်အေးကို လူတိုင်းသနားသလောက် .. မိခင်ကိုဒုက္ခပေးနေတဲ့ အရက်သမားဘအေးကို တစ်ရွာလုံးရွံကြသည် ..
နေ့တိုင်း မနက်စောစောထ၍ ဒေါ်ခင်လှ အကြော်ကြော်ရသည် .. ဒေါ်ခင်လှသည် အကြော်ကြော်နေရင်း သွားလေသူ သူ့ယောကျာ်းကို သတိရကာ မျက်ရည်စို့တတ်လာခဲ့သည် .. မနက်စောစော သူငိုနေသည်ကို လူမသိစေလို၍ ဝေ့ဝဲလာသော မျက်ရည်တို့ကို မီးခိုးမွန်၍ မျက်ရည်ထွက်သလို ဟန်ဆောင်ရင်း အကျီင်္လက်တို့ဖြင့်သုတ်နေသည်။
"ယောကျာ်းရေ ရှင်ကတော့ သားဆိုးသားမိုက်ရန်ကနေ ဝဋ်ကျွတ်သွားပြီပေါ့ .. ကျုပ်မှာသာနေ့တိုင်း ဒီကောင် ပိုက်ဆံတွေလာလာနှိုက်နေလို့ အရင်းပြုတ်ပေါင်းလည်း မနည်းတော့ဖူး .. သူများဆီက အကြွေးတွေလည်း ယူရလွန်းလို့ အကြွေးတွေလည်း လည်ပင်းခိုက်နေပြီ ..မအေအိုကြီးကို မသနားတဲ့အပြင် မူးရူးပြီး နေ့တိုင်းသောင်းကျန်းနေတယ် .. ဒင်းမြန်မြန်သေမှ ကျုပ် ဝဋ်ကျွတ်မယ် "
အကြော်သည် ဒေါ်ခင်လှခင်ဗျာ အကြော်ကြော်ရင်း ရင်တွင်းခံစားချက်တွေကို တစ်ယောက်ထဲတွေးရင်း တတွတ်တွတ်ပြောနေစဉ် .. သူမအကြော်ဆိုင်ရှေ့ သို့ အကျီင်္အညို ပုဆိုးအညို ဝတ်ထားတဲ့ အဖိုးအိုတစ်ဦးရောက်လာလေသည် ...
"အဘ အကြော်စားမလို့လား .. ထိုင်ပါထိုင်ပါ"
"အေး အကြော်စားမလို့ကွဲ့ အကြော်တစ်ပွဲပေးပါကွယ်"
"အဘ ကြည့်ရတာ ယောဂီပုဂ္ဂိုလ်ထင်တယ် သမီး အကြော်တစ်ပွဲ ဒါနပြုပါရစေ"
"သာဓုပါကွယ် သာဓုပါ"
ယောဂီပုဂ္ဂိုလ်နဲ့ ဒေါ်ခင်လှတို့စကားပြောနေစဉ် အရက်သမားဘအေးတစ်ယောက် အရက်မူးပြီး အကြော်တဲဆီကို ရောက်လာလေသည် .. ပြီးတော့မှ မပြောမဆိုနှင့် အကြော်ရောင်းရငွေထဲမှ ငါးရာကိုဆွဲယူလေသည် ..
"ဟဲ့ အကောင်ဒါဘာလုပ်တာလည်း" ဒေါ်ခင်လှအော်သံ ..
"အမေကလည်းဗျာ .. ငါးရာလောက်နဲ့ ဘာဖြစ်သွားမှာလည်းဗျာ .."
"အေး အဲ့ဒီငါးရာက နင့်အတွက်ကူးတို့ခဖြစ်မှာပဲ .."
"ကူးတို့ခဆိုလည်း ကူးတို့ခပေါ့အမေရယ် ဟားဟားဟားဟား ... "
ဘအေးသည် လိုချင်သည်ကိုရသည်နှင့် ဘာကိုမှမကြည့်တော့ပဲ အရက်သောက်ဖို့ထွက်သွားလေသည် ..
ဒေါ်ခင်လှတစ်ယောက်ထဲသာ မျက်ရည်စတွေနဲ့ ကျန်ခဲ့လေသည် ..
ဒေါ်ခင်လှ၏ အဖြစ်အပျက်ကို ယောဂီကုဂ္ဂိုလ်ကြီးမှာ ခေါင်းလေး တငြိမ့်ငြိမ့်ဖြင့်ကြည့်နေရင်းမှ ..
"အော် သမီးရယ် ဝဋ်ကြွေးလည်းတယ်ကြီးပါလား"
ဒေါ်ခင်လှမှ "အဘရယ် သမီးမှာလည်း ဒီသားမိုက်ကြောင့် ဒုက္ခတွေနေ့တိုင်းခိုင်းနေရပါတယ်"
"အေးပေါ့ သမီးရယ် အဘသမီးဒုက္ခကို မြင်နိုင်ပေမဲ့ အမေ စိတ်ဆိုးပြီး အဲ့လိုကျိန်ရင် သားသမီးဒုက္ခရောက်တတ်တယ်ကွယ် အဘက သတိပေးတာပါကွယ်" ဟုသာ ပြောလေသည်။
ဒေါ်ခင်လှတစ်ယောက်လည်း အဘပြောတာကို နားထောင်ပြီးနောက်
"ငါ့သားကို ငါကျိန်မိတာမှားသွားပြီလား" ဆိုတဲ့ အတွေးလည်း ဝင်လာသလို ..
တစ်ဘက်မှာလည်း "ငါ့ကိုဒီလောက် ဒုက္ခပေးတဲ့ကောင် သေလည်းအေးတာပဲ" ဒေါသ အတွေးလည်း ဝင်လာပါတယ် ..
အဲ့ဒီညမှာတော့ ဒေါ်ခင်လှဟာ ထူးဆန်းတဲ့ အိပ်မက်ကို မက်ပါတော့တယ် ..
အိပ်မက်ထဲမှာ ဒေါ်ခင်လှဟာ ဆိပ်ကမ်းကြီးတစ်ခုမှာ မတ်တပ်ရပ်နေရပြီး ... သူ့ရဲ့ အရှေ့ မှာတော့ အလွန်ကြီးမားတဲ့ ရွက်လှေအိုကြီးကိုတွေ့ရပါတယ် ..
ရွက်လှေအိုကြီးတစ်ခုလုံးကိုလည်းရေနံချေးတွေ သုတ်ထားလို့ ကြည့်ရတာ အင်မတန်မှကြောက်ဖို့ကောင်းနေပါတယ် ..
အဲ့ဒီရွက်လှေကြီးထဲကို လူတွေတစ်ယောက်ပြီးတစ်ယောက်ဝင်သွားတာကိုတွေ့ရလို့ ဒေါ်ခင်လှဟာလည်း ဝင်ဖို့လုပ်နေတုန်းမှာပဲ အဝတ်မည်းကြီးကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို လှေအပေါက်ဝမှာတွေ့ လိုက်ရပါတယ် ..
အဲ့လူကြီးမှ ဒေါ်ခင်လှကို "ကူးတို့ခပေးပါ" ဟူ၍သူ၏လက်မည်းကြီးကို ဖြန့်၍တောင်းလေသည် ..
ဒေါ်ခင်လှလည်း သူ့အိတ်ထဲမှာနှိုက်ရှာတာ ပိုက်ဆံနဲ့တူတာဆိုလို့ ဘာမှမပါပါဖူး ..
အဲ့တာနဲ့ပဲ "ငါ့မှာကူးတို့ခမပါဖူး" ဟူ၍ပြောရာ ..
ထိုအဝတ်မည်းကြီးနဲ့လူကြီးမှ ကူးတို့ခမပါရင် လိုက်လို့မရဖူးဟု အသံဩဩကြီးနဲ့ မောင်းချလေသည် ..
ဒေါ်ခင်လှဆင်းပြီး မကြာခင်မှာပဲ .. လှေသည် ကမ်းမှခွာမယ်လုပ်လေသည် ..
ထိုစဉ် ကမ်းစပ်ကို လူတစ်ယောက် ပြေးလာလေသည် .. သူရဲ့ပါးစပ်ကည်း ..
"ကျွန်တော်လိုက်ပါရစေဗျာ"
အဲ့ဒီလူအနားရောက်လာတော့ လှေစောင့်ကြီးမှ ..
"မင်းမှာကူးတို့ခပါလား" ဟုမေးလိုက်လသည် ..
ထိုသူမှ "ကျွန်တော့်မှာ အမေပေးလိုက်တဲ့ငွေငါးရာပါ ပါတယ်ခင်ဗျာ " ဟုပြောလေသည် ..
ဒေါ်ခင်လှသည် ထိုအသံကိုကြားဖူးသလိုဖြစ်၍ လှည့်ကြည့်လိုက်ရာ .. သူ့သား အမူးသမားဘအေးဖြစ်နေလေသည် ..
"ဟင် ဘအေးပါလား" ..
သူမအံ့ဩစွာ ငေးကြည့်နေစဉ်မှာ သူ့သားငမူးသမား ဘအေးဟာ .. လှေပေါ်ကို လွှားခနဲ ခုန်တတ်သွားလေသည် ..
"ဟယ် ဘအေးပါသွားပြီ" ...
အဲ့လိုပြောပြီးနောက်မှ ဒေါ်ခင်လှတစ်ယောက် ချွေးတွေနဲ့ အိပ်မက်မှ လန့်နိုးလာလေသည် ..
အဲ့ဒီအိပ်မက်ဆိုးကြီးကိုကြောက်လွန်းလို့ ဒေါ်ခင်လှ တစ်ယောက်ရေတစ်ခွက်ကို ကုန်အောင်သောက်လိုက်လေသည် ... သူမသတိထားမိသည်က ထိုညတွင် သူ့သားငမူးသမား ဘအေး အိမ်ပြန်ရောက်မလာခြင်းဖြစ်သည် ..
နောက်တစ်ရက် နှစ်ရက်အထိ ငမူးသမား ဘအေးပေါ်မလာ .. ဒုက္ခပေးသော သူ့သားရောက်မလာတော့ ဒေါ်ခင်လှ နေမထိထိုင်မသာ စောင့်နေမိသည် ...
သုံးရက်မြောက်တဲ့နေ့ .....
ဒေါ်ခင်လှတစ်ယောက် မနက်စောစော အကြော်တဲလေးတွင် မီးမွှေးနေတုန်း ရေပြာချောင်းစပ်နားလေးမှာ အလောင်းတစ်လောင်းပေါ်လာသည်ဟု အော်သံကြားလေသည် ..
"အလောင်းတစ်လောင်း ချောင်းစပ်နားမှာပေါ်နေတယ်ဆိုပါလား သွားကြည့်ဦးမှပါ .."
ထိုအတွေးနဲ့သွားကြည့်ရာ ..
ပေါ်နေသော အလောင်းမှာ သူ၏သား အရက်သမား ငမူးသမား ဘအေးပင်ဖြစ်လေသည် ..
"အလို ဘအေးပါလား ... ဘယ်တုန်းကရေနစ်သေတာပါလိမ့်" ဆိုပြီး လွန်စွာ အံ့ဩဝမ်းနည်းခဲ့တယ် ..
"ဖြစ်မှဖြစ်ရလေသားရယ် အမေကျိန်လိုက်တဲ့ ကူးတို့ခကြောင့် ငါ့သားတကယ်ပဲ ဟိုဘက်ကမ်းတမလွန်ရွာကို ရောက်သွားပြီလား သားရယ် ... "
ထိုနေ့မှစ၍ ဒေါ်ခင်လှတစ်ယောက် ဝဋ်ကျွေးမှ ကျွတ်သွားလေသည် ...
သို့သော် သားဆိုးသားမိုက်တစ်ယောက်ဖြစ်ပေမယ့် အမေ့တစ်ယောက်ရဲ့ မေတ္တာဟာ မျက်ရည်အဖြစ်ပြောင်းလဲသွားခဲ့ပြီတကား ....။
အားလုံးပဲ မိဘကျေးဇူးသိတတ်ကြပါစေ
Credit : ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
No comments:
Post a Comment