♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 26, 2016

" လမ်းမခွဲဖို့ ချစ်သူကို ခြေထောက်ဖက်ပြီး တောင်းပန်ရသူ "

 
ချစ်သူနှစ်ဦး လမ်းခွဲရတဲ့ ကိစ္စဟာ ဘယ်တော့မှ လွယ်ကူတယ်ဆိုတာ မရှိပါဘူး။ တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးကတော့ သူ့ရဲ့ချစ်သူကို ခက်ခက်ခဲခဲ  လမ်းခွဲခဲ့ရတဲ့ ဗီဒီယိုသက်သေတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ယွမ်စုပြည်နယ်က ဟွေ့အန်းမြို့ရဲ့လမ်းထက်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ အမျိုးသမီးငယ်တစ်ဦးက သူ့ရဲ့ချစ်သူလို့ ယူဆရသူ ကောင်လေးကို လမ်းခွဲဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားငယ်ဘက်က ကောင်မလေးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံခဲ့ပဲ ငြင်းဆန်ခဲ့ပါတယ်။

ကောင်မလေးက ထွက်သွားဖို့ ကြိုးစားရာမှာ ကောင်လေးက ကောင်မလေး ခြေထောက်ကို လိုက်ဖက်ထားခဲ့တာဖြစ်ပါတယ်။ လူများတဲ့ လမ်းမလယ်ခေါင်မှာ ကောင်လေးရဲ့ အပြုအမူကြောင့် နှစ်ဦးသား လူရယ်စရာ ဖြစ်ခဲ့ရပါတယ်။

" ငါ့ကို ထားမသွားပါနဲ့" လို့ ကောင်လေးက ပြောပြီး ကောင်မလေးရဲ့ ခြေထောက်ကို ဆွဲထားတာပါ။ ကောင်မလေးကတော့
" ငါနင့်ကို စိတ်ပျက်တယ်" ဆိုပြီး ကောင်လေးဆီက ရုန်းထွက်ဖို့ ကြိုးစားသလို ရိုက်ပုတ်နေခဲ့တာလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

No comments:

Subscribe

လာလည်သူများ

free counters