♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 27, 2016

" အမာရွက် ထိထိရောက်ရောက် ပျောက်ဖို့ "

အမာရွက်ပျောက်ဆေးဈေးကြီးပေးဝယ်ပြီးလိမ်း ဒါမှမဟုတ်ရင် သဘာဝနည်းလမ်းလေးတွေနဲ့လုပ်ရင်လည်း ရပါတယ် အချိန်တော့ပိုကြာတာပေါ့။

Aloe Vera Gel လျှားစောင်းအနှစ် - အသားအရေ နဲ့ပတ်သက်လာရင်မရှိမဖြစ် လျှားစောင်းကို အမာရွက်မှာပုံမှန်ပွတ်ပေးမယ်ဆိုရင်တော့ သက်သာစေမှာပါ။ လျှားစောင်းက မာကျောနေတဲ့ အမာရွက်တွေကို နူးအိလာစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

Banana – ငှက်ပျောသီး ကို နယ်ပြီး အမာရွက်နေရာကို နေ့စဉ် နှစ်ကြိမ် အုပ်ပေးမယ်ဆိုရင် ထူးခြားမှုရှိစေပါတယ်။ ငှက်ပျောသီးက ညိုမဲနေတဲ့ အမာရွက်ကို လင်းလတ်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

Cilantro Juice – နံနံပင်ရည် မှာ သဘာဝအတိုင်း အအေးဓါတ် ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိတာကြောင့် အပူလောင်ပြီးရင် နံနံပင်ကို ကြိတ်ပြီး တစ်ရက်နှစ်ကြိမ် ကပ်ပေးရင် အပူလောင်သက်သာစေရုံမက အမာရွက်ဖြစ်ခြင်းကိုလဲလျော့နဲစေပါတယ်။

Cucumber – သခွားသီးကတော့ နံမည်ကြီးပဲဟေ့... ကြိတ်ပြီး အမာရွက်နေရာကို အုပ်ပေးပါ။

Green Tea – လက်ဖက်ခြောက် (ရေနွေးကြမ်း) ထဲမှာ အဝတ်စလေးကိုစိမ်ပေးပြီး အမာရွက်နေရာကို တစ်ရက်သုံးကြိမ် အုပ်ပေးပါ။ Green Tea ဟာ အသားရေလှဖို့အတွက်ဆို ဘယ်နေရာမှာမဆို အသုံးဝင်ပါတယ်။ တချို့တွေဆိုရင် တိုနာ အတွက်တောင် Green Tea ကို သုံးကြပါတယ်။

Honey – ပျားရည်မှာ အံ့သြစရာကောင်းလောက်အောင် Antiseptic လို့ခေါ်တဲ့ အမာရွက်ကိုကျန်းမာစေနိုင်တဲ့ ဓါတ်ကြွယ်ဝလွန်းတာကြောင့် တစ်ရက်နှစ်ကြိမ် ပုံမှန်လိမ်းပေးပါ။

Lavender Oil – Lavender Oil ကို အမာရွက်ပေါ်မှာ တစ်ရက်ကို အကြိမ်တော်တော်များများ လိမ်းပေးရင်လဲ အရေပျားဆဲလ် တွေကို ကုသပေးနိုင်ပါတယ်။

Lemon Juice – ပုံမှန်အတိုင်းပဲ သံပုယိုရည်ကတော့ မရိုးနိုင်အောင်ကို နေရာတကာမှာ အသုံးဝင်နေပြီ... Vitamin C
က အမာရွက်ကို သက်သာစေနိုင်စွမ်းရှိတာကြောင့် သံပုယိုသီးကို အမာရွက်နေရာကို ပွက်ပေးပါ။

Massage နှိပ်နယ်ပေးခြင်း ဟာ မာကျောနေတဲ့ အမာရွက်တွေကို နူးညံ့လာစေနိုင်ပါတယ်။ နေ့စဉ်ပုံမှန် နှိပ်နယ်ပေးခြင်းဖြင့် အမာရွက်ရဲ့တစ်ရှုးတွေကို ပျက်စေပြီး သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးပါတယ်။

Mustard Seed-Oil – မုံညင်းဆီ ကို အမာ၇ွက်ပေါ်မှာ တစ်ရက်သုံးကြိမ် လိမ်းပေးခြင်းဖြင့်လည်း အမာရွက်သက်သာလာတာကိုတွေ့ရမှာပါ။

Olive oil – သံလွင်ဆီမှာ ဗိုင်တာမင်အီး နှင့် ဗိုင်တာမင်ကေ ဓါတ်တွေပါဝင်တာကြောင့် အမာရွက်ပေါ်မှာ နေ့စဉ်ပုံမှန် လိမ်းပေးခြင်းဖြင့် အမာရွက်ကို လျော့ကျစေနိုင်ပါတယ်။

Onion extract – ကြက်သွန်နီကိုလဲစမ်းကြည့်ပါ။

Potato Peels – အားလူးစိမ်းကို ပါးပါးလှီးပြီးကပ်ပေးကြည့်ပါ။

Sandalwood – ရှင်မတောင် သနပ်ခါးကို တစ်ညလုံး အမာရွက်ပေါ်မှာ အုပ်ထားပေးခြင်းဖြင့် မနက်ကျရင် အမာရွက် ပါးလာတာကို တွေ့ရမှာပါ။

Tomato – ခရမ်းခြည်သီးကို ကပ်ပေးပါ။

Credit : https://www.facebook.com/verytalk/?fref=nf&pnref=story

No comments:

Subscribe

လာလည်သူများ

free counters