♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 26, 2016

" ထိတ်လန့်သည်းဖို ရုပ်ရှင်ကြည့်ပြီး ကြောက်လန့်နေတဲ့ ကြောင်ကလေး "

 
အွန်လိုင်း အသစ်ထွက်ရှိပြီး ခေတ်စားနေတဲ့ ဗီဒီယိုကတော့ ကြောင်လေးတစ်ကောင် ဂန္တ၀င်ထိတ်လန့်သည်းဖိုရုပ်ရှင် Psycho ကို ကြည့်ပြီး ကြောက်ရွံ့နေတဲ့ ဗီဒီယိုဖြစ်ပါတယ်။

ရိုက်ကူးမှတ်တမ်းတင်ထားသူကတော့ Andrew Parrish ဆိုသူဖြစ်ပြီး သူ့ရဲ့ ၉ လသားအရွယ် Tabby-Bengal စပ်ဖွားမျိုးဖြစ်တဲ့ Topegi ဆိုတဲ့ ကြောင်လေးက တီဗီရှေ့ကမခွာတမ်း ရုပ်ရှင်ထိုင်ကြည့်ပြီး ထိတ်လန့်နေပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Topegi ဟာ ရုပ်ရှင်နောက်ခံတီးလုံးအတိုင်း စိတ်လှုပ်ရှားထိတ်လန့်နေပြီး မျက်လုံးပြူးကာ ရှေ့တိုးနောက်ဆုတ်နဲ့
တီဗီကြည့်နေတာဖြစ်ပါတယ်။

နာမည်ကျော် ဇာတ်ဝင်ခန်းရောက်လာတဲ့အခါမှတော့ Topegi ဟာ တီဗီရှေ့မှာ ကြောက်လန့်တကြား ထ ခုန်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Credit - သစ်ထူးလွင် (ဗဟုသုတ နှင့် ထူးဆန်းထွေလာ)

No comments:

Subscribe

လာလည်သူများ

free counters