♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 26, 2016

" ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ်ဝန်ဆောင်သည် အသက်၅ နှစ်ကလေး ငယ် "

lina medina
ဆေးပညာသမိုင်းတစ်လျှောက်မှာ ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ်ဝန် ဆောင် မိန်းကလေးတစ်ဦးအဖြစ် ပီရူးနိုင်ငံက လီနာမီဒီနာဆိုသူကို မိန်းကလေးကို သတ်မှတ်ထားပါတယ်။ အသက် ၅ နှစ်အရွယ်က တည်းက ကိုယ်ဝန်ကိုလွယ်ထားရပြီး သူမရဲ့လွယ်ထားရတဲ့ သား ယောက်ျားလေး ကိုယ်ဝန်ကို ၇ လနဲ့ ၂၁ ရက်မှာ မွေးဖွားပေးနိုင်ခဲ့ တာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၃၉ ခုနှစ်ဆိုတဲ့ နှစ်ပေါင်းအတော်ကြာ သမိုင်းကြောင်း မှာရှိခဲ့ဖူးတဲ့ ဒီထူးခြားသမိုင်းကြောင်း အဖြစ်အပျက်ထဲမှာ လီနာရဲ့ မိဘဖြစ်သူတွေက သမီးဖြစ်သူရဲ့ ဝမ်းဗိုက်တဖြည်းဖြည်းဖောင်းကား ကြီးထွားလာခဲ့တာကို ဆေးရုံသို့သွားရောက်ပြသစစ်ဆေးစဉ်မှာ သူ တို့ရဲ့သမီးဖြစ်သူက အကြိတ်လုံးတည်နေတာမျိုး မဟုတ်ပဲကိုယ်ဝန် ဆောင်ထားရခြင်းဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အသက်ငါးနှစ်အရွယ်ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်သေးသေးလေး နဲ့ မလိုက်အောင်ကို လွယ်ထားရတဲ့ ဒီကိုယ်ဝန်ကို
အသက် ၄ နှစ် အရွယ်ကတည်းက ရင်သားတွေကြီးထွားဖွံ့ထွားလာတာကို သတိ ထားမိခဲ့တာဖြစ်ကာ တင်ပဆုံရိုးတွေကလည်း တဖြည်းဖြည်းပြန့် ကားလာကာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အနေအထားအထိသို့ ပြောင်း လဲလာခဲ့တယ်လို့ ခံစားမိခဲ့တာဖြစ်ပါတယ်။

အသက်အငယ်ဆုံးကိုယ်ဝန်ဆောင် ကလေးငယ်ရဲ့ ဒီကိုယ်ဝန်သက် တမ်း ၇ လမှာတော့ သားယောက်ျားကလေးငယ်ကို ကျန်းကျန်းမာ မာနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Subscribe

လာလည်သူများ

free counters