♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 23, 2016

" ဘာသာစကားပေါင်းများစွာကို အချိန်နဲ့ တပြေးညီ ဘာသာပြန်ဆိုပေးမယ့် နားတပ်ဘာသာပြန်ကိရိယာ "

 
နိုင်ငံခြားဘာသာ စကားတစ်ခုခုကို ကြားလိုက်ချိန်မှာ ကိုယ့်ဘက်က စကားပြော ဆက်ဆံဖို့ ကြိုးစားရာကနေ ကသိကအောက် ဖြစ်ရတဲ့ အခြေအနေတွေ ကျွန်ုပ်တို့ ကြုံဖူးကြပါတယ်။ တခါတလေ ပျော်စရာကောင်းပြီး တခါတလေ အရှက်ရစေတာလည်း ရှိပါတယ်။  ဒါပေမယ့် ခုပြောပြပေးမယ့် ဘာသာကိရိယာအသစ်တစ်မျိုးရဲ့ ကျေးဇူးကြောင့် ဘာသာခြားစကား ခက်ခက်ခဲခဲကြိုးစားပြောဆိုတဲ့ နေ့ရက်တွေ မကြာမီ နိဂုံးချုပ်သွားတော့မှာပါ။
ယင်း ကိရိယာကို The Pilot စနစ်လို့ ခေါ်ဆိုပြီး ဒီအလွန်ထူးခြားပြောင်မြောက်တဲ့ အိုင်ဒီယာနောက်ကွယ်မှာ ရှိနေတာက Waverly Labs ကုမ္ပဏီဖြစ်ပါတယ်။ ဒီစက်ကိရိယာကို စက်တင်ဘာလအတွင်း စတင်ရောင်းချချိန်မှာ ယင်း system မှ အချိန်နဲ့ တပြေးညီ ဘာသာချက်တွေကနေတဆင့် ဝယ်ယူသုံစွဲသူတွေကို ဘာသာစကားတချို့ကို နားလည်နိုင်စေမှာ ဖြစ်ပါတယ်။
အလွယ်တကူသယ်ဆောင်နိုင်တဲ့ app က မိမိလိုချင်တဲ့ ဘာသာစကားကို မိမိလိုရာ ခလုတ်နှိပ်ပြီး ရွေးချယ်စေနိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်စရာထဲမှာ ပြင်သစ်၊ စပိန်၊ အီတလီနဲ့ အင်္ဂလိပ်ဘာသာစကားတွေ ပါဝင်ပါတယ်။ ၁၂၉ ဒေါ်လာဖြင့် လက်လီရောင်းချမှာဖြစ်ပြီး ကြိုတင် မှာထားနိုင်ပါတယ်။ နောက် အင်္ဂလိပ်ဘာသာနဲ့လည်း
အင်္ဂလိပ်စကားပြောချင်သူတွေကို ကျယ်ကျယ်နဲ့ ဖြေးဖြေး စကားပြောဆိုစေနိုင်မှာ ဖြစ်ပါတယ်။ ဒီကိရိယာမှာ နားထဲ အလွယ်တကူ ဖြုတ်တပ်နိုင်တဲ့ အရာနှစ်ခု ပါဝင်ပါတယ်။
Ref: Womanvibe 

Credit : http://www.trend.com.mm/2016/05/20/tech-9564

No comments:

Subscribe

လာလည်သူများ

free counters