♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 1, 2015

" ကိုယ့်အလုပ်ခွင်ထဲက လူတွေနဲ့ အချင်းချင်း ပြန်လက်ထပ်တာ အများဆုံး လူတွေရဲ့ အလုပ်အကိုင်တွေဟာ ဘာတွေဖြစ်တတ်"

လက်ထပ်ခြင်းနဲ့ ပတ်သက်လာရင် လူတွေဟာ ကိုယ့်အလုပ်အကိုင် နယ်ပယ်ထဲက လူတွေကိုသာ ရွေးချယ်လက်ထပ်လာကြတာ ခုဆို ပိုများလာကြောင်း လေ့လာတွေ့ရှိချက်တွေအရ သိလာရပါတယ်။ A Match.com က လေ့လာချက်တစ်ခုအရဆိုရင် လက်ထပ်သွားကြတဲ့ အတွဲပေါင်း ၁၁၀၀မှာ ၁၀၀၀ နီးပါးလောက်က ကိုယ်နဲ့အလုပ်တူ၊ ၀ါသနာတူလူမျိုးတွေကို ယနေ့ခေတ်မှာ ပိုမိုရွေးချယ်လာကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီတော့ ဒီလိုအတွဲမျိုးတွေမှာမှ ဘယ်လိုအလုပ်မျိုးက လူတွေဟာ အချင်းချင်းလက်ထပ်တာ အများဆုံးလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

US Cenus ရဲ့ စစ်တမ်းကောက်ချက်အရဆို၇င် ရှေ့နေ့တွေ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ နဲ့ ပညာရေးနယ်ပယ်က လူတွေဟာ ဒီနယ်ပယ်က လူတွေအချင်းချင်း ပြန်လက်ထပ်ကြတာ များတယ်လို့ သိရပါတယ်။ အချင်းအချင်းလက်ထပ်တာ နည်းတာကတော့ ဆောက်လုပ်ရေးပိုင်း လုပ်ကိုင်တဲ့ အတတ်ပညာရှင်တွေ၊ ငွေကြေးပိုင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်ရတဲ့သူတွေလို့ ဆိုပါတယ်။
တကယ်တော့ အလုပ်တစ်ခုကို အတူတကွ လုပ်ဆောင်ရတဲ့ သူတွေဟာ နေ့တိုင်းမြင်တွေ့နေရတာကြောင့် သံယောဇဉ်ပိုတွယ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်တဲ့ အမျိုးသမီး ၄၀ရာခိုင်နှုန်းကတော့ အဲ့ဒီဆောက်လုပ်ရေးက အမျိုးသားတစ်ဦးနဲ့ သံယောဇဉ်တွယ်ကောင်းတွယ်နိုင်တယ်လို့ ဆိုပါတယ်။
ခုနပြောသွားသလိုပါပဲ။ ကိုယ့်နယ်ပယ်ထဲက လူတွေကို အချင်းချင်း ပြန်လက်ထပ်တာ အများဆုံးကတော့ဥပဒေအရာ
ရှိတွေနဲ့ ရှေ့နေ့တွေပါပဲ။


ဒါ့အပြင် အတူတကွ တာဝန်မထမ်းဆောင်ရပေမယ့် အလုပ်အကိုင်တူတွေကို အများဆုံးလက်ထပ်ကြတဲ့ စာရင်းထဲမှာ စိုက်ပျိုးရေးအလုပ်သမားတွေ၊ ဆရာဝန်တွေလို့လည်း သိရပါတယ်။
Ref:yourtango


Credit : http://www.trend.com.mm/2015/09/30/relationships-7764

No comments:

Subscribe

လာလည်သူများ

free counters