♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 30, 2015

" ဆော်မုန်းစေရန် ဒီ (၇) ခုထဲက တစ်ခုခုကို ကိုလုပ်ပါ. "


လမ်းခွဲတာ ကအရမ်းခက်ခဲ နက်နဲတဲ့ အလုပ်တော့မဟုတ်ပါဘူး. တခါတလေ မှာ အရမ်းနဲ့ လွယ်လွန်းပါသည်. ဥပမာ ကိုယ်ဖွန်နေတာ ဆော်မိသွားတာတို့ လိုမျိုး.. တခါတလေ မှာကိုက ဘာအမှားတစ်ခုမှ မရှိပဲ ဘလိုင်းကြီး အဖြတ်ခံရတာမျိုးလည်းရှိပါသည်။ ဒါကြောင့် ကိုယ်ဘက်က အမှားကိုယ် လွယ်လွယ်နဲ့သိရန်၊ ဒါမှမဟုတ် သူ့ဘက်က စဖြတ်စေရန် အတွက် ဆော်တွေလုံးဝ မကြိုက်တဲ့ အချက်ကြီး ၇ ချက်ကိုဖောက်သည်ချလိုက်ပါသည်။

 ၁။ သူ့ဘော်ဒါ တွေနဲ့ ကြူကြူခင်းခြင်း သူနဲ့ အတူရှိနေချိန် တခြား အလန်းဇယားတွေကို မျက်စိအစာကျွေးတာ ထက်ဆိုးတာ သူ့ သူငယ်ချင်းတွေကို သွားကြူတာပါ. ကိုယ်က ခင်တက်လို့ စတာ နောက်တာပဲဖြစ်နေပါစေ . ကိုယ်က တခြားကောင်မလေးတွေနဲ့ ဟေးလားဟားလား နေလို့ကတော့ သေဖို့သာပြင်ပဲ. သူ့ သူငယ်ချင်းတွေ နဲ့ ကိုယ်ဝင်ရောနိုင်တာ ကို သူကကြည်ဖြူနိုင်ပေမယ့် အတိုင်းအတာတစ် ခုတော့ရှိတယ်. ဘာပဲဖြစ်ဖြစ် စေတနာမပိုမိစေနဲ့၊ သူ့ကို ကျော်ပြီး အကဲမပိုနဲ့။ ကုန်ကုန်ပြောရရင် သူက သူ့တစ်ယောက်ထဲကိုပဲ မြင်စေချင် ဂရုစိုက်စေချင်တာ။

၂။ ကပ်စီးနဲခြင်း ခုခေတ်ကြီးမှာ မိန်းခလေးတွေက ကိုယ်စားတာ ကိုယ်ရှင်းနို်င်တဲ့ အနေအထားရှိပါတယ်။ မထင်ရင်မထင်သလို လစ်ရင်လည်း ရှင်းပေးနေတက်ပါတယ်။ ဒါပေမယ့် ယောက်ျား တန်ဖိုးမကျအောင် ကိုယ်ကပဲ အမြဲ ရှင်းပေးသင့်ပါတယ်။ မရရင် အတင်းလုရှင်းပေးပါ။ မိန်းမလုပ်စာ ထို်င်စားတယ်ဆိုပြီး သိက္ခာ အကျမခံပါနဲ့။ ဘယ်မိန်းမမှ သူ့ကို ငွေလောက်တန်ဖိုးမထားတဲ့ ယောက်ျားကို မတွဲချင်ပါဘူး။


၃။ ချုပ်ချယ်ခြင်း စကြိုက်ကြိုက်ချင်း ဆိုရင် ကိုယ့်ချစ်သူနဲ့ အမြဲတမ်း အတူသွား အတူလာ အတူစားချင်နေတာ သဘာဝပါ။
ဒါပေမယ့် သူ့ကို မိနစ်တိုင်း စက္ကန့်တိုင်း တွေ့ဖို့၊ ဖုန်းတကျီကျီ ဆက်တာတို့မလုပ်ပါနဲ့။ သူက ကိုယ့် ကိုလည်း တွေ့ချင် အတူတူရှိနေချင်ပါလိမ့်မယ်။ ဒါ့အပြင် သူက ကိုယ့်ကို ကိုယ့်အလုပ်ကိုယ် လုပ်နေတာလဲမြင်ချင်ပါတယ်။ ဒီကောင် ၁၀၉ ၁၁၀ တော်တော်အားနေတယ်လို့ အထင်မခံရပါစေနဲ့။ နောက်ကတကောက်ကောက်လိုက်နေရင် သူ့ကို မွန်းကြပ်စေပြီး ယောက်ျားတန်ဖိုး ကျပါတယ်. တစ်ချိန်လုံး နောက်ကလိုက်နေ ဖုန်းတွေ ဆက်နေမယ့် အစား သူနဲ့တွေ့ရင် ဘယ်သွားမလဲ ဘာလုပ်မလဲ ကိုယ်ဟာကိုယ် စီစဉ်ပါ. လူတစ်ယောက်က ကိုယ်နဲ့တစ်ချိန်လုံးရှိနေတဲ့သူ ကိုသတိရတာ လွမ်းတယ်ဆိုတာမရှိပါ. ဝေးနေတော့မှ လွမ်းတာ သတိရတာ တွေရှိလာမှာပါ။

 ၄။ ဂရုမစိုက်ခြင်း မိန်းမအားလုံးက ကိုယ့်ချစ်သူက ဂရုစိုက်တာ လိုချင်ကြပါတယ်။ အကယ်၍ သင်ဟာချစ်သူအပေါ် ဂရုမစိုက်တက်ရင် (သို)့ ဂရုစိုက်မှု နည်းရင် မိန်းခလေးတွေ က သူတို့ကို ခနတွဲတယ်တို့ အပြင်းပြေတွဲတယ် တို့မြင်လာတက်တယ်။ ကိုကဂရုစိုက်တာ နည်းလာရင် မိန်းမတွေက သူတို့ကို ဖြတ်တော့မယ်ထင်ပြီး သူတို့ က အရင် စဖြတ်ရအောင် လမ်းခွဲစကားတွေပြောလာတက်တယ်။ ဂရုစိုက်တယ် လို့ထင်အောင် အချိန်ပြည့် ဂရုစိုက်ပြစရာမလိုပဲ တစ်ရက် တစ်ခါလောက်ဖုန်းခေါ်တာတို့. သတိရကြောင်း မတ်ဆေ့လေးပို့တာ တို့ဆို လုံလောက်ပါပြီ။ ဟိုနဲနဲ ဒီနဲနဲ ဂရုစိုက်ပြလိုက်ရင်ပဲ သဲသဲလှုပ် ကြွေသွားစေမှာပါ။

၅။ အစီအစဉ်ဖျက်ခြင်း ဟိုလိုက်ပို့မယ် ဒီလိုက်ပို့မယ်ပြော ပြီး ကတိမတည်တာ. ချိန်းထားပြီး အချိန်နီးမှ ဖျက်ပြစ်တာ ပျိုမေ တွေ လုံးဝမကြိုက်ပါဘူး။ နောက်တခါခေါ် ရင်တောင် လိုက်ဖို့ရာခိုင်နှုန်း တော်တော်နည်းသွားပါမည်။ အကယ်၍ ကိုယ်တကယ် အရေးပေါ် ကိစ္စ ပေါ်လာ ရင် သိသိချင်း အကြောင်းကြားပြီး တောင်းပန်ကြောင်းနဲ့ နောက် ဘယ်နေ့ပြန်ပြီး တွေ့မလဲ တခါတည်းရှင်းပြရင် ပျိုမေ တွေ အနေနဲ့ သဘောတွေ့စေပါတယ်။ နောက်ထပ် ချိန်းထားတဲ့ရက်ကိုတော့ ထပ်မပျက်မိစေပါနဲ့။

၆။ အကြပ်ကိုင်ခြင်း ဘယ်သူမဆို ကိုယ့်သဘောနဲ့ ကိုယ် လုပ်ချင်တာလုပ်ရတာကြိုက်ကြတာပဲ။ ကိုယ့်ကောင်မလေးက ကိုယ့်ကို စောင့်ကြည့်နေချိန် ကိုယ်နဲ့ တွဲဖို့ အဆင်သင့်မဖြစ်သေးဘူး အဖြေမပေးသေးဘူး ဆိုရင် အကြပ်ကိုင်ပြီး တွဲရင်တွဲ မတွဲရင် ကွဲဆိုတာမျိုးမလုပ်မိပါစေနဲ့။ သူ့ယောက်ျားလေး သူငယ်ချင်းတွေ နဲ့သွားနေလာနေတာကို သ၀န်မတိုမိပါစေနဲ့။ စိတ်ရှည်ရှည် နဲ့စောင့်ပါ။ ကိုယ့်ဆီရောက်လာ ရင် ကိုယ်နဲ့ဆိုင်လို့ဖြစ်ပြီး မရောက်လာရင် တော့ လဲလောက မှာ သူတစ်ယောက်ထဲမိန်းမမဟုတ်ပါ။ ပေါလို့နေတာ ရိုက်သတ်တောင် မကုန်ဘူးဆိုတာ စိတ်ထဲမှာ ထည့်ထားပါ။

၇။ ဆော်ဟောင်းနှင့် ဘော်ဘော်လိုနေခြင်း ရည်းစာဟောင်းနဲ့ပြတ်ရင် အဆက်အသွယ်ပါပြတ်သွားလေ့ရှိပါတယ်။ သူငယ်ချင်းတွေလို ဆက်ခင်နေတယ်ဆိုတာတော့ကောင်းပါတယ်။ လက်ရှိ ရည်းစာ အသစ်ရနေပြီဆိုရင် တော့ ဘော်ဘော်ဆိုတဲ့ ရည်းစားဟောင်းနဲ့ဖုန်းပြောတာ မတ်ဆေ့ပို့တာ တွေကို အတက်နိုင်ဆုံးနည်းအောင်လုပ်ပါ။ အကယ်၍ လူချင်းတွေ့စရာကိစ္စ ရှိရင် လက်ရှိရည်းစား ကို အသိပေးပြီးမှ သွားပါ။ လိုက်ချင်တယ်ဆိုလည်း ခေါ်သွားလိုက်ပါ။ ရည်းစားဟောင်းနဲ့ သူငယ်ချင်းဖြစ်ကြောင်း ကို သိသိသာသာဖြစ်နေပါစေ။ တကယ်လို့ လက်ရှိ ရည်းစား က မကြိုက်ဘူးဆို အတက်နိုင်ဆုံး ရည်းစားဟောင်းနဲ့ အဆက်အသွယ် မလုပ်ပါနဲ့။ နောက်ဆုံးကုန်ကုန် ပြောရရင် ရည်းစားဟောင်းဖြစ်ပြီ ဆိုကတည်းက ကိုယ်နဲ့ ကီးမကိုက်လို့ ပြဲ ပြတ်ခဲ့ရတာ။ သူ့ကြောင့်ကိုယ်နဲ့ ကီးကိုက်နို်င်မယ့် သူကိုတော့ အဆုံးရှုံးမခံသင့်ဘူး။

Credit :  ဖိုးသူတော် (www.phothutaw.com)
Credit :  Gentleman Magazine

No comments:

Subscribe

လာလည်သူများ

free counters