♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 17, 2016

" ဒီတနင်္ဂနွေ ရုံးပိတ်ရက်မှာ ပုသိမ်ဟာလဝါ လုပ်စားကြရအောင်လား "

ဟာလဝါ
ဟိုတလောကအိမ်က မိသားစုတွေ ချောင်းသာသွားတယ်ဆိုကတည်းက ဒီလန်ဒန်မှာကိုယ်က ဂနာတယ်မငြိမ်ချင်တော့ဘူး။ ကျန်ခဲ့ရတာက တမျိုး ပုသိမ်ဟာလဝါ၊ ဂဏန်း၊ ပုဇွန် စားချင်တာက တမျိုးနဲ့ တယောက်တည်းတော်တော်ခံစားလိုက်ရ
ပါတယ်။အမေက ပြန်လာဆိုတော့လဲ ပူလွန်းတဲ့ရာသီမို့ ကလေးတွေဂျီမှာကြောက်လို့ မသွားရဲ။ ဘယ်သူ့အပြစ် ပြောရမှန်း
မသိနဲ့ တအိမ်လုံးလိုက်မဲမိပါတယ်။ နောက်ဆုံးကလေးတွေနဲ့အတူနေပေးတဲ့အမက ညီမလေးလုပ်တတ်နေတာပဲ လုပ်စားပေါ့
တဲ့ ၊ ဟာလဝါထိုးရမှာလဲ ခပ်ကြောက်ကြောက်ပါ။ တော်တော်လက်ညောင်းအောင်ထိုးရလွန်းလို့ပါ။ ဒီတခါတာ့အလွယ်နည်းနဲနဲသုံးပါတယ်။ အိသက်က ရွှေမြင်းပျံကိုပဲအရမ်းကြိုက်လို့ အဲဒီပုံစံ အရသာမရမခြင်း ကျင့်ထားတာ
ပါ။ အဲဒါနဲ့ ဒီဟာလဝါဆိုတာက ကျန်းမာရေးနဲ့တော်တော်မညီတာပါ။ အဆီအအိမ့်မျိုးစုံပါ ပါတယ်။ ဒါပေမဲ့လဲ ဦးရယ် လူဆို
တာဟာ ခက်တယ်ဆိုသလိုပေါ့နော် ကြိုက်လွန်းလို့ စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့ဖြစ်သွားတာပေါ့ :) (ပုံမှန်က ကောက်
ညင်းပဲသုံးပါတယ်။ သူငယ်ချင်း မနိုင်ရဲ့အကြံပေးချက်အရ ဆန်မှုန့်ရောကြည့်တာအရင်ကထက် ပိုအဆင်ပြေတာတွေ့
ရပါတယ်)

ပါဝင်ပစ္စည်းများ
-ကောက်ညင်းဆန်မှုန့်၃ခွက်(ဆန်ချိန်ခွက်)
-ဆန်မှုန့်၁ခွက်
-အုန်းနို့၂ဗူး
-ကြံသကာ ၃၀ ဂရမ် (ဂရမ်မသိရင် ကြံသကာရည်ကျဲဖျော်ဟင်းချက်ဇွန်း၃ဇွန်း)
-သကြား ၄ဇွန်း(ဟင်းချက်ဇွန်း)
-ထောပတ် ၃ဇွန်း(ဟင်းချက်ဇွန်း)
-ဆီ၂ ဇွန်း(ဟင်းချက်ဇွန်း)
-ဆား ၁ဇွန်း(စားပွဲတင်)
-ဘိန်းစေ့
ကောက်ညင်းနဲ့ဆန်မှုန့်ကိုရောကာရေဖျော်လိုက်ပါ။ ပြီရင် ဆားရောပါ။


ထမင်းပေါင်းအိုးထဲကို ထဲ့ပြီး ထမင်းချက်သလို ရေအမှတ်၃မှာထားပြီး ချက်လိုက်ပါ။( မွှေရတာ သက်သာအောင်)


 

 
 ကျပ်သွားရင် ခပ်ပျစ်ပျစ်လေးဖြစ်နေတာတွေ့ရပါမယ်။ အဲဒီအခါမှမုန့်ကျိုမဲ့အိုးထဲကို ပြောင်းထဲ့ကာ အုန်းနို့၊ သကြားရောပါ။

ပြီရင် ဆားရောပါ။

ခနမွှေပြီး ကြံသကာရေ လောင်းထဲ့ပါ။ မီးကိုအနေတော်ထားလို့ရပါတယ်။အဆက်မပြတ်မွှေပါ။


မိနစ် ၃၀ – ၄၀ ကြားကျိုရင်းမှမုန့်ကျိုရေနီလာရင် ဘိန်းစေ့များလောင်းထဲ့ကာဆီ၊ ထောပတ်ရောကာမွှေပါ။ အဆက်
မပြတ်မွှေပါ။

 

 

ဆီပြန်ကာပျစ်ခဲလာရင် ဟာလဝါရပါပြီ။


မုန့်ဘန်းထဲ ထဲ့အအေးခံထားပါ။


ဒီနေ့ညအအေးခံရင် နောက်တရက်မနက်မှာ အနေတော်ခပ်ပျစ်ပျစ် ပုသိမ်ဟာလဝါ ကိုစားသုံးလို့ရပါပြီ။

 


No comments:

Subscribe

လာလည်သူများ

free counters