၁။ တစ်သက်လုံးအတူ ပျော်ရွှင်စွာ နေထိုင်သွားနိုင်မယ့် အောင်မြင်တဲ့ အိမ်ထောင်ရေးဆိုတာ အကြိမ်ကြိမ်အခါခါ ချစ်နေတတ်ဖို့ လိုပါတယ်။ ဒါပေမယ့် ကိုယ့်လက်တွဲဖော် တစ်ယောက်တည်းကိုပါပဲ။ (Mingon McLaughlin)
၂။ အချစ်ဆိုတာ မျက်ကန်းတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးဆိုတာကတော့ သင့်မျက်လုံးတွေကို ဖွင့်ပေးလိုက်နိုင်တဲ့ အရာတစ်ခုပါပဲ။ (အမည်မသိစာဆို)
၃။ ဘယ်လိုပျော်ရွှင်အောင်မြင်တဲ့ အိမ်ထောင်ရေးမှာမဆို အရင်က ဘယ်လောက်ပဲ ရိုမန်တစ်ဆန်ခဲ့ဆန်ခဲ့ သူငယ်ချင်းလို ဆက်ဆံတတ်ဖို့လည်း လိုပါသေးတယ်။ အဲ့ဒီလို ချစ်သူအိမ်ထောင်ဖက်လိုသာမက သူငယ်ချင်းလိုပါ ချစ်သွားနိုင်တဲ့ အိမ်ထောင်ရေးဟာ မြဲတာပါပဲ။ (အမည်မသိစာဆို)
၎။ အိမ်ထောင်ရေးကို အမြဲတမ်းတောက်ပနေစေချင်ပါသလား၊ လုပ်ဆောင်ရမှာက တကယ်လို့ ကိုယ်မှားရင် ဘယ်တော့မဆို ၀န်ခံတတ်ပါစေ။ တကယ်လို့ ကိုယ်မှန်နေရင်တော့ ပါးစပ်ပိတ်နေတတ်ဖို့ပါပဲ။ (Ogden Nash)
၅။ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ ရှည်ရှည်လျားလျား စကားဖောင်ဖွဲ့နေတာနဲ့တူတယ်။ ဒါပေမယ့် ကြည့်ရင်တော့ တိုတိုလေးလိုပဲ။ (Andre Maurois)
၆။ အချစ်ဆိုတာ ပြီးပြည့်စုံနေတဲ့ ဂရုစိုက်မှုတစ်မျိုးတော့ မဟုတ်ပါဘူး။ သူက ရုန်းကန်လှုပ်ရှားနေရတဲ့ အရာတစ်ခုပါ။ တစ်ယောက်ယောက်ကို ချစ်မိပြီဆိုတာနဲ့ ဒီလူကို ဘယ်လိုအခြေအနေမျိုးမှာ မဆို လက်ခံနားလည်တတ်အောင် ကြိုးစားရတော့တာပဲ။ (Fred Rogers)
၇။ အိမ်ထောင်ရေးဆိုတာ ကွဲပြားတဲ့လူနှစ်ယောက်ကို ပေါင်းစပ်ထားခြင်းမျိုးပါပဲ။ တစ်ယောက်က မွေးနေ့တွေကို ဘယ်တော့မှ မမေ့တတ်ဘူးဆိုရင် ကျန်တဲ့ တစ်ယောက်က အဲ့ဒါတွေကို အမြဲမေ့ချင်မေ့နေတတ်တဲ့ လူမျိုးနှစ်ယောက်ပေါ့။ (Ogden Nash)
Ref:yourtango
Credit : http://www.trend.com.mm/2015/06/15/artpoems-6895
No comments:
Post a Comment