♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 22, 2015

" အသက် ၄၀ ကျော် နာမည်ကြီး အမျိုးသားတို့၏ ကျန်းမာကြံ့ခိုင်အောင် ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ "

အမျိုးသားတွေ အနေနဲ့ အသက် ၄၀ ကျော်တဲ့အထိ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်နေအောင် ထိန်းထားနိုင်တာက အရည်အချင်း တစ်ရပ်ပါပဲ။ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်နေအောင် ထိန်းထား ပေးနိုင်မှသာ ဘဝမှာ အောင်မြင်မှုရမှာပါ။ ဒါကြောင့် စိတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာကြံ့ခိုင်နေတဲ့အသက် ၄၀ ကျော် နာမည်ကြီး အမျိုးသားတို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

HUGH JACKMAN 

 အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့  ဟျူး ဂျက်မန်းက ကြံ့ခိုင်သန်စွမ်းမှု အပြည့်ရှိသူပါ။  နေ့စဉ် ပင်လယ်ထဲမှာ ရေကူးတာ အပြင် ၇ မိုင်- ၈ မိုင် လောက်
ပြေးလေ့ရှိပြီး ကခုန်တာကိုလည်း လုပ်ဆောင်ပါတယ်။ လက်ဝှေ့ထိုးပြီး ကြံ့ခိုင်သန်စွမ်းအောင် လုပ်ရတာကို သဘောကျတယ်လို့ ဂျက်မန်းက ဆိုပါတယ်။
“ခင်ဗျားအနေနဲ့ ကိုယ်အလေးချိန် အနည်းငယ် လျော့ကျဖို့ လိုအပ်တယ်ဆိုရင် လက်ဝှေ့ထိုးတဲ့ ကစားနည်းက အသင့်တော်ဆုံးပါ” လို့ အကြံပြုထားပါတယ်။






PATRICK DEMPSEY
အသက် ၄၅ နှစ်အရွယ်ရှိ ပက်ထရစ်က အပတ်တိုင်း အလေးမ လေ့ကျင့်ခန်းလုပ်တယ်လို့ ဆိုပါတယ်။ သူက စက်ဘီးစီး သမားတစ်ဦးလည်း ဖြစ်ပြီး တစ်ပတ်မှာ
မိုင် ၁၀၀ လောက် စက်ဘီး စီးနိုင်တယ်လို့ ဆိုပါတယ်။ စက်ဘီးစီးတာကတစ်နာရီမှာ ကယ်လိုရီ ၅၀၀ အပိုလောင်ကျွမ်းတာကြောင့် ခန္ဓာကိုယ်ကို
သန်စွမ်းစေပါတယ်။  ပက်ထရစ်က စက်ဘီးစီးရတာကို အလွန်သဘောကျပြီးသူတည်ထောင်ထားတဲ့ ကင်ဆာစင်တာအတွက် ရန်ပုံငွေရှာရာမှာ စက်ဘီးစီးသူ၊ ပြေးသူနဲ့ လမ်းလျှောက်သူတွေကို ပါဝင်ယှဉ်ပြိုင် စေခဲ့ပါတယ်။


GEORGE CLOONEY
အော်စကာဆုရ မင်းသားဂျော့ဂ်ျက လူးနီက ငှက်ဖျားနဲ့ ဦးနှောက်ကို ဖုံးထားတဲ့
Duramater တို့ ထိခိုက်မှု စတဲ့ ရောဂါတချို့ခံစားခဲ့ရပေမယ့် အသက် ၅၀
အရွယ်အထိ ကျန်းမာနေဆဲ၊ ကိုယ်ခန္ဓာ ပုံပန်းသဏ္ဌာန် ကြည့်ကောင်းဆဲ ဖြစ်တာကို
တွေ့ရပါတယ်။ သူရဲ့လျှို့ဝှက်ချက်က  ယောဂကျင့်တာပဲ ဖြစ်ပါတယ်။

ROB LOWE
 အသက် ၄၇ နှစ်အရွယ်ရှိ ရော့ဘ်က အရက် သောက်တတ်သူ ဖြစ်လို့ အိုနေတဲ့
အသွင်တော့ ပေါက်ပါတယ်။ ဒါပေမဲ့ နှစ်၂၀ ကြာ ဣနြေ္ဒမပျက် အရက်သောက် နိုင်ခဲ့တဲ့ ရော့ဘ်ဟာ လှိုင်းကြီးနေချိန်မှာ လှိုင်းစီးကစားတာ၊ စကိတ်စီးတာတွေလို စွန့်စားရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူက အရက်မပါတဲ့ ကာဗိုဟိုက်ဒရိတ် လျှော့စားတဲ့ ဘဝမှာ
နေထိုင်နေပြီ ဖြစ်ကာ ခန္ဓာကိုယ် အဆီတစ်ဝက်ကျော် လျော့ကျသွားခဲ့ပြီး
ကျန်းမာရေး ပိုကောင်းလာကာ ကြည့်ကောင်းလာပါတယ်။
 















 























No comments:

Subscribe

လာလည်သူများ

free counters