♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 29, 2015

" လှပစွဲမက်ဖွယ် နှုတ်ခမ်းလေးတစ်စုံ ဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေကို မှတ်ထားကြပါ"

အမျိုးသမီးတွေမှာဝင်းပတဲ့မျက်နှာလေးတစ်ခုကိုပိုင်ဆိုင်စေဖို့ တောက်ပစိုပြည်တဲ့ နှုတ်ခမ်းတစ်စုံ
ဟာအထောက်အကူပြုဆုံးဘဲဖြစ်ပါတယ်။တကယ်လို့နှုတ်ခမ်းလေးတစ်စုံဟာ ခြောက်ကပ်
အက်ကွဲပြီး မလှမပဖြစ်နေရင် အဲဒီနှုတ်ခမ်းလေးရဲ့မလှပမှုဟာ နဂိုမူလမျက်နှာရဲ့အလှကိုပါများစွာထိခိုက်စေပါတယ်။ဒါကြောင့် မိမိရဲ့ချစ်ခင်နှစ်သက်သူ မိတ်ဆွေ အပေါင်းအသင်းတို့ရဲ့ အမြင်မှာ လှပနေသူတစ်ယောက်အဖြစ်ရှိနေချင်တယ်ဆိုရင် ဒီနှာခမ်းလေးတစ်စုံကို လှပအောင် ဂရိုစိုက်တတ်ဖို့လိုပါတယ်။
တစ်ခါတစ်ရံမှာ နှာခမ်းသားတွေဟာ အရောင်အဆင်းကင်းမဲ့ခြင်း၊ အက်ကွဲခြင်းတို့ဖြစ်ပေါ်တတ်ကြပါတယ်။အဲဒီလိုအချိန်မျိုးမှာ ခေတ်ပေါ်အလှကုန်ပစ္စည်းတွေထက် မိမိတို့အိမ်မှာ နေ့စဉ်လို သုံးစွဲနေကြတဲ့ အုန်းဆီတို့လိုအစရှိတဲ့အရာတွေကို အသုံးပြုပေးခြင်းဖြင့် နှာခမ်းသားတစ်စုံကို ကျန်းမာစိုပြည်စေရုံမက နှင်းဆီနီသွေးတဲ့နှာခမ်းအလှတစ်စုံကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသမီးတို့အတွက် နှင်းဆီနီသွေးရောင် နှာခမ်းလှလှလေးတစ်စုံပိုင်ဆိုင်နိုင်စေဖို့အထောက်အကူပြုနိုင်တဲ့ နည်းလမ်းလေးတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။

ပျားရည် နဲ့အုန်းဆီ
ပုံမှန်အားဖြင့်  လူတွေဟာ အုန်းဆီကို  ဆံပင်အားကောင်းစေဖို့၊ ဆံသားလေးတွေ ချောမွေ့စေဖို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။ သဘာဝအားဖြင့် အုန်းဆီဟာ လူတိုင်းရဲ့အိမ်မှာ ရှိတတ်ကြပြီး အလွယ်တကူအသုံးပြုနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဒီလိုပါဘဲ အခုခေတ်လူတိုင်းရဲ့ အိမ်တော်တော်များများမှာ ကျန်းမာစေဖို့ရည်ရွယ်ချက်နဲ့ အစားအစာပြုလုပ်တဲ့အခါဖြစ်ဖြစ် အုန်းဆီကို အသုံးပြုတတ်ကြတာရှိပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ သကြားအစား ပျားရည်ကို အသုံးပြုကြတာတွေရှိပါတယ်။ပျားရည်ဟာလည်းဘဲ အိမ်တွေမှာ  လူတွေ အလွယ်တကူဆောင်ထားကြတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့် ပျိုမေတို့မှာ နှာခမ်းသားတစ်စုံဟာ ခြောက်သွေ့အက်ကွဲပြီး မလှမပဖြစ်နေခဲ့ရင် အိမ်မှာ ရှိနေတဲ့ ပျားရည် နဲ့အုန်းဆီတို့ကို လက်ဖက်ရည်စွန်းတစ်ဝက်စီယူပြီး ရောမွှေလိုက်ပါ။ပြီးတော့ နှာခမ်းသားပေါ်ကို လိမ်းပေးပြီး လက်ချောင်းထိပ်ကလေးတွေနဲ့ ဖွဖွလေးဖြည်းဖြည်းလေး နှိပ်ပေးပါ။  ၁၀ မိနစ်ခန့်ကြာပြီးနောက် နှာခမ်းကိုရေစင်အောင်ဆေးလိုက်ပါ။စိုပြည်လှပတဲ့နှာခမ်းလေးတစ်စုံကို ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

ထောပတ်
ထောပတ် ဟာလည်း အိမ်တွေမှာ အလွယ်တကူဆောင်ထားကြတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး နှာခမ်းသားတို့ကို လှပအောင်စွမ်းဆောင်ရာမှာ အထောက်အကူပြုတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ညအိပ်ယာမဝင်ခင်မှာ ထောပတ်ကို နှာခမ်းသားပေါ်ကိုသုတ်လိမ်းပြီး အိပ်ခြင်းဖြင့် မနက်မိုးလင်းလာတဲ့အခါ လှပပြီးတောက်ပတဲ့ နှာခမ်းသားတစ်စုံကို ရရှိစေမှာဖြစ်ပါတယ်။

ဗာဒံသီးနဲ့ အုန်းဆီ
ဗာဒံသီးဟာလည်း ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဗာဒံစေ့သုံးလေးစေ့ လောက်ကို အမှုန့်ကြိတ်စက်နဲ့ကြိတ်ချေလိုက်ပြီး ခွက်ထဲထည့်ကာ အုန်းဆီ နှစ်စက်လောက်ထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးတော့ နှုတ်ခမ်းသားပေါ် လိမ်းပေးပြီး လက်ထိပ်ကလေးတွေနဲ့ ဖွဖွလေး ၊ဖြေးဖြေးလေး ၁၀ မိနစ်လောက် နှိပ်ပေးပြီး ရေအေးအေးနဲ့ဆေးချလိုက်ပါ။ မူလနှုတ်ခမ်းသားအရောင်နဲ့ မတူညီတဲ့ထူးခြားစွဲမက်ဖွယ်နှုတ်ခမ်းသွေးအလှတစ်စုံကိုမြင်တွေ့ရစေမှာဖြစ်ပါတယ်။
---------------
(( မူရင်းပိုစ်ရှင်ရေ...... ဗာဒံဆီ ဝယ်လိမ်းနိုင်ပါတယ် almond အလ်မွန်ဒ် လို့ ဗာဒံသီးကို အင်္ဂလိပ်လိုခေါ်ပါတယ်....အလ်မွန်သီးဆိုတာ မက်မန်းသီးနှင့်တူပါတယ်ဆိုတာ မဟုတ်ပါဘူး...
အပေါ်က အခွံသာ မက်မွန်သီးနှင့် တူခြင်းဖြစ်ပါတယ်.... အခွံထဲက အသားတွေလဲ စားလို့မ
ရပါဘူး.......
" နှာခမ်း" ဆိုတာ မြန်မာစာမှာ မရှိပါ...." နှုတ်ခမ်း" လို့ရေးရပါတယ်...နှုတ်ခမ်းဆိုပြီး တတ်နိုင်
သလောက် ပြန်ပြင်ထားပါတယ်..... ဒီပိုစ်ကို ပြန်ရှဲခွင့်ရလိုလည်း ကျေးဇူးအထူးတင်ပါတယ်...စောဒက တက်လိုရခြင်းမဟုတ်ရပါ.))
  ကျေးဇူးတင်လျက်  .....    *** ရောရောသမမွှေ ***

 
ဗာဒံသီးတွေပါ.... almond 

ခရမ်းချဉ်သီးဖျော်ရည်
အမျိုးသမီးအများစုကြားဖူး၊မြင်ဖူးကြမှာပါ။ မျက်နှာလှပစေဖို့အတွက် မျက်နှာပြင်မှာ ခရမ်းချည်သီးဖတ်လေးတွေကို ကပ်ထားပြီး အမျိုးသမီးတို့အတွက် အလှမျက်နှာဖြစ်စေဖို့ အသုံးပြုမှုတစ်ခုဖြစ်ပါတယ်။ ဒီလိုပါဘဲ နှာခမ်းသားတစ်စုံကို စွဲမက်ဖွယ်လှပစေဖို့အတွက် ခရမ်းချဉ်သီးဖျော်ရည် က များစွာ အထောက်အကူပြုနိုင်တယ်ဆိုတာပါဘဲ။တစ်ချို့အမျိုးသမီးတွေမှာ မိမိနှုတ်ခမ်းသားနဲ့ မတည့်တဲ့နှုတ်ခမ်းနီတောင့်တွေကို အသုံးပြုမိခြင်း နဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့် နှုတ်ခမ်းသားအရောင်တို့ဟာ မဲနက်နေတတ်ကြပါတယ်။ ဒီလိုအရောင်းအဆင်း မဲနက်နေသူနှုတ်ခမ်းသားများအတွက် ခရမ်းချဉ်သီးဖျော်ရည်ကို နှာခမ်းသားပေါ် လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းသားမှာဖြစ်ပေါ်နေတဲ့အမဲရောင်တွေကို လုံးဝဖယ်ရှားသွားစေမှာဖြစ်ပါတယ်။တကယ်လို့ အမဲရောင်လေးတွေ ကွာကျသွားပြီး နှုတ်ခမ်းသားအရောင်ဟာ  ချောမွေ့စိုလက်ပြီး  ကျန်နေခဲ့စေချင်တယ်ဆိုရင်  ခရမ်းချဉ်သီးဖျော်ရည်ထဲမှာ အုန်းဆီ တစ်စက်လောက်ရောမွှေပြီး နှာခမ်းသားတွေကို သုတ်လိမ်းပေးပါ။ တစ်ပတ်ကို သုံးကြိမ်လောက် အခုလို ပြုလုပ်ပေးခြင်းဖြင့် အမျိုးသမီးတွေအတွက် လှပကျန်းမာတဲ့ နှုတ်ခမ်းသားတစ်စုံကို ပိုင်ဆိုင်ရရှိနေစေမှာဖြစ်ပါတယ်။

သံလွင်ဆီ
သံလွင်ဆီ ဟာလည်း နှုတ်ခမ်းသားတစ်စုံကို ကျန်းမာလှပအောင် စွမ်းဆောင်ရာမှာ များစွာ အထောက်အကူပြုတဲ့အရာတစ်ခုဖြစ်ပါတယ်။ သံလွင်ဆီကို နှုတ်ခမ်းသားပေါ်သုတ်လိမ်းပေးထားခြင်းဖြင့် နှုတ်ခမ်းသားအရေးပြားလွှာတွေဟာ သံလွင်ဆီတွေအား ကောင်းစွာစုပ်ယူသွားမှာဖြစ်ပြီး လှပစိုပြေတဲ့  ပန်းနုသွေးရောင် နှုတ်ခမ်းသားတစ်စုံကို ရရှိစေမှာဖြစ်ပါတယ်။ သံလွင်ဆီကို သုတ်လိမ်းပေးထားခြင်းဖြင့် စားမိမှာကို စိုးရိမ်စရာမလိုတာကြောင့် သုတ်လိမ်းပေးပြီးနောက် ရေနဲ့ဆေးကြောသန့်စင်ပေးဖို့မလိုအပ်ပါ။ သံလွင်ဆီရဲ့အစွမ်းဟာ နှုတ်ခမ်းသားတွေကို ပန်းသွေးရောင်ဖြစ်စေပြီး စိုလက်လက်ဖြစ်နေစေတာကြောင့် အမျိုးသမီးတို့အတွက် လှပစိုပြေတဲ့နှာခမ်းလေးတွေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။


Credit : http://yangonlife.com.mm/mm/article/13923

No comments:

Subscribe

လာလည်သူများ

free counters