♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 3, 2015

" ငါတို့ကို ဟောင်ရမလားဆိုပြီး ခွေးနှစ်ကောင်အား ပျားအုပ်က ဝိုင်းတုပ်ရာ ခွေးတစ်ကောင်ပွဲချင်းပြီး သေဆုံး တစ်ကောင် ဒဏ်ရာပြင်းစွာရ "


 
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ အဖိုးကြီးနှင့် အဖွားကြီးနှစ်တို့နေထိုင်သော အိမ်တစ်အိမ်မှ ပျားများအုံလုံးကျွတ် ထွက်လာကြပြီး ခွေးဘီလူးကို ဝိုင်းတုပ်ကြရာ အဆိုပါခွေး
မှာ သေဆုံးသွားပြီး အခြားခွေး တစ်ကောင်မှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း သိရှိရ
သည်။ ဖြစ်စဉ်မှာ ခွေးနှစ်ကောင်သည် အိမ်တွင်စွဲကပ်နေသော ပျားများကို အဆက်မပြတ်
ဟောင်နေကြရာ ထိုအိမ်၏ ထပ်ခိုးတွင် စွဲကပ်နေသော ပျားများသည် ထွက်လာကြပြီးထိုခွေးများ
ကို အုံနှင့်ချီ၍ တုပ်ခဲ့ကြောင်း၊ ခွေး၏ ဦးခေါင်းထိပ်နှင့် နှုတ်သီးဖျားနှင့်နားရွက်အောက်ပိုင်းကိုများ
စွာတုပ်ထားခြင်းဖြစ်ကြောင်းသိရပါသည်။

ပျားနှင့်ဆိုင်သော စစ်ဆေးရေးဌာနမှ တာဝန်ရှိသူက ထပ်ခိုးပေါ်သို့ တက်ကြည့်ရာ ထပ်ခိုး

တွင်ပျား အကောင်ရေ ရှစ်သောင်းမှ တစ်သိန်းခန့်ရှိမည်ဟု ဆိုပါသည်။ ပျားများမှာ အဖရိက
တိုက်မှ သေမင်းတမန်ပျားများဖြစ်ပြီး အရွယ်မှာ" အောင်း"အရွယ်ရှိပါသည်။

ရပ်ရွာ တာဝန်ရှိသူအရေးပိုင်က ပျားနှိမ်နင်းရေး အဖွဲ့အား ပျားများကို ဓါတ်ငွေ့သုံးကာ ဖယ်
ရှားစေခဲ့ပြီး ပျားများကို တခြားတနေရာသို့ ပြောင်းသွားရန် မောင်းထုတ်နိုင်ခဲ့သည်ဟု ဆိုပါ
သည်။ အိမ်နီးနားချင်းများကလည်း ပျားများ အမှန်တကယ် အဝေးသို့ ထွက်ခွာသွားရန်လို
လားနေကြသည်ဟုဆိုပါသည်။ တချို့ကလည်း ပျားများကို အသေသတ်ပစ်ရန် လိုလားနေကြ
ပါသည်။

ကျေးဇူးတင်ပါတယ်.......
       ရောရောသမမွှေ

Credit : http://fox4kc.com/2013/11/11/bee-attack-in-florida-kills-one-dog-and-leaves-other-badly-injured/

No comments:

Subscribe

လာလည်သူများ

free counters