♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 2, 2015

" ယနေ့ ကမ္ဘာမှာ အဓိက နာမည်ကြီးဖြစ်နေတဲ့ KFC ကြက်ကြော်ဆိုင်ကို စတင်တည်ထောင်သူ"

 

ယနေ့ ကမ္ဘာမှာ အဓိက နာမည်ကြီးဖြစ်နေတဲ့  KFC ကို တည်ထောင်သူကတော့ ဗိုလ်မှူးကြီး Harland Sanders လို့အမည်ရတဲ့ အမေရီကန်လူမျိုး စီးပွားရေး ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သူ့ကို ၁၈၉၀ ခုနှစ်၊စက်တင်္ဘာလ
 ၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု Henryville, Indiana, United States မှာမွေးဖွားခဲ့ပါတယ်။
ဒီဇင်္ဘာလ ၁၆ ရက် ၁၉၈၀ခုနှစ်မှာ Louisville, Kentucky, United States  ကွယ်လွန်ခဲ့ပါတယ်။ မိဘများမှာ Wilbur David and Margaret Ann  ဝိလ်ဗာ ဒေးဗစ် နှင့် မာဂရက် အဲန်တို့ဖြစ်ကြပါတယ်။ 
ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတဲ့ အိုင်ရစ်လူမျိုးမိသားစုမှ မွေးဖွားလာသူတွေဖြစ်ပါတယ်။ သူဟာ
ဥပဒေပညာရပ်ကို La Salle Extension University တက္ကသိုလ်မှသင်ယူခဲ့ပါတယ်။ ဇနီးနှစ်ယောက်ရှိပြီး
ပထမတစ်ဦး Josephine King ဂျိုးစဖင်း ကင်းဂ် နှင့်ကွာရှင်းခဲ့ပြီး Claudia Price ကလောဒီးယား ပရိုက်စ် နှင့်
လက်ထပ်ခဲ့ပါတယ်။ သားသမီးတွေကတော့
Harland David Sanders, Jr.
Margaret Sanders
Mildred Sanders Ruggles တို့ဖြစ်ကြပါတယ်။



သူ့အဖေကွယ်လွန်ခဲ့ပြီးတဲ့နောက် သူ့ရဲ့မခင်ဟာ နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ သူဟာ ဦးလေးဖြစ်သူနှင့်နေထိုင်းရင်း ရရာအလုပ်လုပ်ရင်းနှင့် ၁၉၀၆ ခုနှစ်မှာ စစ်တပ်ထဲကို ဝင်ခဲ့ပါတယ်။ ၁၉၀၇နှစ်မှာ စစ်တပ်က ဂုဏ်ပြုအနားပေးခဲ့ခြင်းခံရပါတယ်။  များမကြာမီသူ့
အစ်ဖြစ်သူနှင့် စုံခဲ့ပြီး ပန်းဘဲဖိုမှာ အလုပ်ရခဲ့တယ်၊ ထို့နောက် မီးသတ်သမား အလုပ်ကို လုပ်ခဲ့ပြန်တယ်။
ဒီလိုနှင့် သူဟာ မြောက်များစွာသော အလုပ်တွေကို ရရာလုပ်ရင်း၁၉၃၀ခုနှစ်မှာ  Shell Oil Company ရှဲလ်ရေနံ ကုမ္ပဏီကသူ့ကို Corbin, Kentucky မှာ ရှိတဲ့ ဓါတ်ဆီဆိုင်မှာ အလုပ်ပေးခဲ့ပါတယ်၊ လခပေးစရာမလိုပါ။ ပြန်လည်ပေးစပ်ဖို့အတွက် အချိုးကျအနေနှင့်   သူဟာ လာရောက်သူ ဖောက်သည်များကို ကြက်နှင့် အမဲကင်များစတင် ရောင်းချပါတော့တယ်။ တဖြေးဖြေးနာ
မည်ရလာပြီး ၁၉၃၅မှာ ဆိုင်ဖွင့်ကာရောင်းချနိုင်ခဲ့ပါတယ်။


ပထမဦးဆုံ KFC စားသောက်ဆိုင် 
 

 ၁၉၃၉ ခုနှစ်မှာ သူ့ဆိုင်မီးလောင်သွားခဲ့ပြီး ဖြစ်ရပ်ပေါင်းများစွာကြုံဆုံခဲ့ရပါတယ်။ ဒီလိုနှင့် ၁၉၅၂ မှာ "Kentucky Fried Chicken" ကဲန်တာကီ ကြက်ကြော်ကို Pete Harman of South Salt Lake, Utah
မှာစတင်ရောင်းချပါတော့တယ်။ ဒီလိုဒီလိုနှင့် ကမ္ဘာကျော်လာခဲ့တော်တာ ဒီနေ့အထိပါဘဲ....
 
 သူ့ရဲ့ သင်္ချိုင်းဂူ

Harland Sanders Signature.svg 
သူ့ရဲ့ လက်မှတ်ပုံ..

သူရေးသားပြုစုခဲ့တဲ့ စာအုပ်ကတော့
Life As I Have Known It Has Been Finger Lickin' Good ဖြစ်ပါတယ်......


 wiki မှ အတိုချုံးပြန်ဆိုထားခြင်း ဖြစ်ပါတယ်..
အားလုံးသော ချစ်မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်.....
 (( ရောရောသမမွှေ))   

Credit : https://en.wikipedia.org/wiki/Colonel_Sanders 

No comments:

Subscribe

လာလည်သူများ

free counters