♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 1, 2015

" ညအချိန်မတော် တဘုံးဘုံးကြောင့် အိပ်ရေးပျက်သူများ " ဟဟဟဟ (ဟာသ)

 
နေ့ညမပျက် ၊ အလုပ်ဆက်လို့
အိပ်ပျက်ညတွေသိပ်များနေပီ
ဒီညစောစော ယူ ရမည်။

  ပျော်လုပျော်ခင် အိပ်နေစဉ်ဝယ်
ကျုပ်ရင်ခုန်ကြမ်း မျက်စိလန်းအောင်
ဘေးခန်းကမောင် အာရုံဆောင်ပြီ
ဪ...ဒုက္ခများပေတကား။

ချိုးချွတ်ဂုံးဂွမ်း သင်းတို့ခန်းက
သောင်းကျန်းနေပေါ့ ဘာကိစ္စတုန်း
စဆုံးသိအောင် နားစိုက်ထောင်မည်

ကြားလေသွေးက ဝေးမည်ထင်သော
ဒီလင်မယား အသံကြားတာဒီမောင် အာခေါင်ခြောက်သည်တကား။

မီးကမှိတ်တုတ် တစ်ဖုတ်ဖုတ်နဲ့
မဟုတ်မှလွဲရော ဘသားချောတို့
ပြောလို့မကောင်း ငြိမ်ချောင်းဦးမှ။

ထရံပေါက်နား ကျုပ်ရောက်သွားပြီး
တအားစူးစမ်း အထဲလှမ်းကြည့်တော့
အရမ်းတိကျ ကျုပ်သိရပေပြီ။

ဂျာနယ်ကိုလိပ် အံကိုကြိတ်၍
မအိပ်မနေ သင်းတို့တွေက
သွေးကိုသောက်သွား ကြမ်းပိုးများအား
တစ်အားသတ်နေကြသည်ကိုး...........




Credit : http://me-and-missings.blogspot.co.uk/p/blog-page.html

No comments:

Subscribe

လာလည်သူများ

free counters