♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

July 28, 2016

" နဖူးစာရွာလည် "

 
ငယ်ငယ်က ကြားဘူးတဲ့ ချစ်စရာကောင်းတဲ့ ပုံပြင်လေး ပြောပြပါမယ် ။
တနေ့မှာ လူပျိုပေါက်လေးတယောက်ဟာ သူ့ချစ်သူ ဘယ်လိုလူမျိုးလည်း ဆိုတာ သိချင်တာနဲ့ ဗေဒင်ဆရာကို မေးပါသတဲ့ ။
ဗေဒင်ဆရာက သူ့ကို အိုးချမ်းကွဲ တခုအပေါ်မှာ အင်းကွက်ကလေး ရေးပေးလိုက်တယ် ။
ဒီအင်းကွက်ကလေးကို လက်ကကိုင်ပြီး ဖူးစာရေ ၊ ဖူးစာရေလို့ အော်ခေါ် ၊ အဲ့ဒီအခါ မင်းရဲ့ ဖူးစာဖက်က “ရှင်” လို့ ထူး လိမ့်မယ်လို့ မှာလိုက်သတဲ့ ။။

လူငယ်လေးလည်း တရွာဝင် တရွာထွက် ဖူးစာရေ ၊ ဖူးစာရေ လို့ ခေါ်ပေမဲ့ ထူးမဲ့သူမရှိတာကြောင့် စိတ်ညစ်လာပါသတဲ့ ။
လက်လျော့မယ် လုပ်ပြီးမှ အားပြန်တင်းပြီး ဆက်ကြိုးစား ခေါ်ကြည့်ပါတယ် ။
ရွာတရွာရဲ့ တနေရာ အရောက် ဖူးစာရေလို့ ခေါ်လိုက်ချိန်မှာ အိမ်တအိမ်ရဲ့ အောက်မှာ ဇယ်ခုပ်ကစားနေတဲ့ အဖွဲ.ထဲက ကောင်မလေး တယောက်က “ဝူး” လို့ ပြန်ထူးသတဲ့ ။
ဒါနဲ့ ကောင်လေးလည်း သူ့ကို ပြောင်ရမလားဆိုပြီး စိတ်တိုနေတာနဲ့ ဝူးလို့ထူးတဲ့ ကောင်မလေးကို အိုးခြမ်းပဲ့နဲ့ ပစ်ပြီး သူ့ရဲ့ ဖူးစာရှင် ရှာတဲ့ခရီးကို စွန့်လွတ်လိုက်သတဲ့ ။

လူငယ်လေးလည်း နောက်တော့ အိမ်ထောင်ကျပါလေရော ၊ အိမ်ထောင်ကျတော့မှ ချစ်သူဘဝက သတိမထားမိတဲ့ သူ့မိန်းမရဲ့ နဖူးက အမာရွတ်သေးသေးလေးကို မြင်တော့ ဘာဖြစ်တာလည်းလို့ မေးလိုက်တယ် ။ ကောင်မလေးကလည်း ငယ်ငယ်က ဇယ်ခုပ် ကစားနေတုန်း လူတယောက်က ဖူးစာရေလို့ ခေါ်တာကို ဝူး လို့ ထူးမိလို အိုးခြမ်းပဲနဲ့ အပေါက်ခံရပြီး

May 24, 2016

" ပုံပျက်သွားတဲ့ ရိုးသားမှု "


တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ သူ့မြင်းကိုအလွန်မြတ်နိုးသည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယကုန်သည်တစ်ဦးက အပြေးသန်သောထိုမြင်းကို မျက်စိကျခဲ့သည်။

တစ်နေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လဲလှယ်ရန် စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှစည်းစိမ်နှင့်လဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘ၀အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှမလဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိသဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုးအကြံထုတ်လေတော့သည်။

တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာလမ်းတစ်နေရာတွင် ဖျားနာချင်ဟန်ဆောင်ပြီး လဲနေခဲ့သည်။ မြင်းပိုင်ရှင်ကတွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန်ဆင်းပြီး ဖျားနေသောသူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်းပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား “ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်ရောက်နေပြီ… ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ” ဟု ပြောလေသည်။
မြင်းပိုင်ရှင်က “ ကောင်းပြီလေ… မြင်းကို ခင်ဗျားပိုင်သွားပါပြီ… ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ” “ မြင်းကို ကျွန်တော်ပိုင်ပြီပဲ…

April 29, 2016

" ဆံညှပ်အခုတစ်ရာ "

 
ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။

တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။

ဒုတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ တတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ပဉ္စမသမီးတော်က ဆဠမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ဆဠမသမီးတော်က သတ္တမသမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော်အငယ်ဆုံးရဲ့ဆံညှပ်က ၉၉ခုပဲရှိတော့တယ်။

နောက်တစ်နေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတစ်ပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည်ရောက်လာခဲ့တယ်။ မင်းသားက "မနေ့က ကျွန်တော်မျိုးမွေးထားတဲ့ ခိုတစ်ကောင်ဟာ ဆံညှပ်တစ်ခုကို ကိုက်ချီလာခဲ့တယ်။ အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ်ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုးလာရောက်ရခြင်းဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ ဘုရား" လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့စကားကိုကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ်အခုတစ်ရာဆီရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက "သမီးတော်ရဲ့ ဆံညှပ်တစ်ချောင်း ပျောက်သွားပါတယ်"လို့ ပြောလိုက်တယ်။ စကားပြောပြောပြီးချင်း ဆံညှပ်တစ်ချောင်းလျော့နေတဲ့

April 28, 2016

" ချစ်ခင်သူကို တန်ဖိုးထားပါ "

 
ဥရောပ ပုံပြင် တစ်ပုဒ် ကို တော်တော်များများ ကြားဖူးကြ မှာပါ။ သားကောင်ငယ်တစ်ကောင်ကို အမဲလိုက်မိသွားတဲ့ မြေခွေး ဟာ ချောင်းငယ်ကို ဖြတ် လို့ လျှောက်လာ ပါတယ်။ လျှောက်နေ ရင်းနဲ့ အောက်က ရေကိုငုံ့ကြည့် လိုက်တော့ သူ့လိုပဲ သားကောင်ငယ်ကို ပါးစပ်မှာ ကိုက်ထားတဲ့ မြေခွေးကို သွားတွေ့ ပါတယ်။ သူ့ကိုယ်သူ မြင် တယ်လို့တောင် သူမသိပါဘူး။

ဒါနဲ့ သူ့ပါးစပ်ထဲက သားကောင်ထက် ရေထဲက မြေခွေးရဲ့ သားကောင်က ပိုကြီးတယ်လို့ မှတ်ယူပြီး ပါးစပ်က သားကောင်ကို လွတ်ချလို့ ရေထဲ က မြေခွေးကို စတင် တိုက်ခိုက်ပါတော့တယ်။ တိုက်ရင်းနဲ့ ရေထဲ က မြေခွေးကိုလည်း မတွေ့၊ သားကောင်လည်း မရ၊ နောက်တော့ သူ့သားကောင်သာ ရေထဲမှာ မျောသွားတာကို မသိပဲ ဆုံးရှုံး လိုက်ရ ပါတယ်။

သင်ခန်းစာ


လက်တွေ့ ဘဝမှာလည်း ဒီလိုပါပဲ။ မိမိ ပတ်ဝန်းကျင်မှာ ချစ်သူ ခင်သူ၊ ကိုယ့်ကို ဂရုစိုက်နေသူတွေ ရှိပေမယ့် ဒါတွေကို သတိမထားမိဘူး။ သတိထား မိနေရင်တောင် တန်ဖိုးမထားပဲ နေတယ်။ တစ်ခါတစ်ရံမှာ တစ်ဖက်သားကို နာကျင်စေအောင် ပြန်တုံ့ပြန်မိ တတ်တယ်။ ပြီးတော့ မိမိမှာ ရှိနေတာနဲ့ မလုံလောက်ပဲ

အခြားပတ်ဝန်းကျင်ကနေပဲ နွေးထွေးမှုတွေ၊ ကြင်နာ မှုတွ၊ အချစ်တွေ ရမယ်လို့ပဲ ထင်တတ်ကြတယ်။

နောက်ဆုံးတော့ ခံစားရမယ့်သူက ကိုယ်ပါပဲ။ အကြောင်း ကတော့ မိမိရဲ့ အတ္တကို လိုက်လျောပေးနိုင်တဲ့ အတိုင်းအတာက

April 3, 2016

" ကမ်းစပ်က ငါးများ ပုံပြင် "

 

တစ်ခါတုန်းက အဖိုးကြီးတစ်ယောက်ဟာ ညနေဘက်ဆိုရင် ပင်လယ်ကမ်းစပ်ကိုလာလေ့ရှိ ပါတယ်
လှိုင်းပုတ်တဲ့ဒဏ်ကြောင့် သဲသောင်ပြင်ပေါ် မှာ သောင်တင်နေတဲ့ ငါးလေးတွေကို ကောက်ပြီး ပင်လယ်ထဲ ပြန်ပြန်ပစ် ထည့် ပါတယ် အဲဒီလိုမှ ပင်လယ်ထဲကို ပြန်မရောက်ဖူး ဆိုရင် ငါးလေးတွေ ဟာ ကုန်းပေါ်မှာသေရမှာ လေ့
ဒီအဖိုးကြီးဟာ ညနေတိုင်း ညနေတိုင်း ပင်လယ်ကမ်းခြေကိုလာပြီး သောင်တင်နေတဲ့ ငါး လေးတွေကို ပင်လယ်ထဲ ပြန်ပြန်ပစ်ထည့်
ပေးပါတယ့့်
တစ်နေ့ကျတော့ လူတစ်ယောက်ရောက်လာ ပြီး လာပြောတယ် ...။
“ အဖိုးကြီး ခင်ဗျားရူးနေလား ...။ပင်လယ် ကမ်းခြေမှာ အဲလိုသောင်တင်နေတဲ့ ငါးလေးတွေ အများကြီးရှိတယ်
...။သန်းနဲ့ချီပြီးရှိနေတယ် ...။ ခင်ဗျားတစ်ယောက်တည်း ဒီငါးတွေအကုန်လုံးကို ဘယ်လိုလုပ်ပြီး ကယ်နိုင်မှာလဲ ...”
အဖိုးကြီးက သူ့အလုပ်သူလုပ်နေရင်း အဲဒီ လူကို လှည့်တောင်မကြည့်ပဲ အေးအေးဆေးဆေး ပြန်ဖြေလိုက်တယ် ...။
“ တခြားငါးတွေကိုငါမသိဘူး ...ငါ ကယ် လိုက်တဲ့ ငါးတွေအားလုံး အသက်ပြန်ရှင်တယ် ...” .
ဆင့်ပွား အတွေ့း့
စိတ်ဓါတ်ကလေး က ပဲ့ လူကို ပြောင်းလဲ
စေသလို့ ပြောင်းလဲမှု က ပဲ လောက ကို
ကောင်းကျိုး ပေး နိုင်တယ်
နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ပေမယ့်
ဆီ ဖြစ်လာမယ့် နှမ်းတွေ ကျနော်တို့ စုခဲ့ ကြသော့့် မိမိကောင်းကျိုး မိမိပတ်ဝန်းကျင်

March 6, 2016

" ဒါနဲ့... ကောင်မလေး က ဘာလို့ ထွက်ပြေးတာလဲ ငင်?


တစ်ခါက... ရွာစဉ်လှည့်ပြီး ကြက်သား လိုက်ရောင်းတဲ့ မအိမ်သစ် ဆိုတဲ့ ကြက်သည်ကောင်မလေး တစ်ယောက် ရှိတယ်။ 

တစ်ရက်... ကြက် လည်ရောင်းနေတုန်း အိမ် တစ်အိမ်က လူ တစ်ယောက်ထွက်လာပြီး ခေါ်ဝယ်တယ်။ သူ့ကြက်သား ဗန်းလေး ချခါ ရှိသေး အဲဒီ လူက မေးတယ်... ... " ညည်း ဒီကြက်တွေ ဘယ် က ဝယ်တုန်း" "ဒီလိုပဲ ရွာပေါင်းစုံက ဝယ်တာပါ" 

အဲဒီ လူက ကြက်တစ်ကောင် ကို ကိုင်ကြည့်ပြီး... ... "ဒါ ဘယ်ရွာက ကြက်လဲ" "မမှတ်မိ ဘူးရှင့်" "ဒါဆို ငါပြောပြမယ်..." ... ဆိုပြီး ကြက်ဖင် ထဲ လက်ညိုး နဲ့ ထိုးကြည့် သတဲ့။ ပြီးတော့ ပြောတယ်.... ... "ဒါ ညောင်ပင်သာ ရွာက" 

တစ်ခါ နောက်ကြက် တစ်ကောင် ကို ကိုင်ကြည့်ပြီး မေးပြန်တယ်... ... "ဒါ ဘယ်ရွာက လဲ" "မသိတော့ဘူး ရှင့်" "ဒါဆို ငါပြောပြမယ်..." ... ဆိုပြီး ကြက်ဖင် ထဲ လက်ညိုး နဲ့ ထိုးကြည့်ပြန်တယ်။ ပြီးတော့ ပြောတယ်.... ... "ဒါ ရွာသာအေး က" 

အဲ... နောက်တစ်ကောင် ကို ကိုင်ကြည့်ပြီး မေးပြန်ရော... ... "ဒါ ဘယ်ရွာ ကလဲ" "မပြောတတ် ဘူးရှင့်" "ဒါဆို ငါပြောပြမယ်..." ... ဆိုပြီး ကြက်ဖင်ထဲ လက်ညိုး နဲ့ ထိုးကြည့်တယ်။ ပြီးတော့ ပြောတယ်.... ... "ဒါ ဇရပ်ကွင်း ရွာက" 

အဲလိုနဲ့ တစ်ကောင်ပြီး တစ်ကောင် မေးလိုက် သူ့ဟာ သူဖြေလိုက် လုပ်နေတာ ကြက်တွေ ကုန်ရော။ အဲဒီမှာ... သူက ဆက်မေးတယ်.... .... "ညည်း

February 19, 2016

" နဖူးစာ ရွာလည် "

 
ငယ်ငယ်က ကြားဘူးတဲ့ ချစ်စရာကောင်းတဲ့ ပုံပြင်လေး ပြောပြပါမယ် ။
တနေ့မှာ လူပျိုပေါက်လေးတယောက်ဟာ သူ့ချစ်သူ ဘယ်လိုလူမျိုးလည်း ဆိုတာ သိချင်တာနဲ့ ဗေဒင်ဆရာကို မေးပါသတဲ့ ။
ဗေဒင်ဆရာက သူ့ကို အိုးချမ်းကွဲ တခုအပေါ်မှာ အင်းကွက်ကလေး ရေးပေးလိုက်တယ် ။
ဒီအင်းကွက်ကလေးကို လက်ကကိုင်ပြီး ဖူးစာရေ ၊ ဖူးစာရေလို့ အော်ခေါ် ၊ အဲ့ဒီအခါ မင်းရဲ့ ဖူးစာဖက်က “ရှင်” လို့ ထူး လိမ့်မယ်လို့ မှာလိုက်သတဲ့ ။။

လူငယ်လေးလည်း တရွာဝင် တရွာထွက် ဖူးစာရေ ၊ ဖူးစာရေ လို့ ခေါ်ပေမဲ့ ထူးမဲ့သူမရှိတာကြောင့် စိတ်ညစ်လာပါသတဲ့ ။
လက်လျော့မယ် လုပ်ပြီးမှ အားပြန်တင်းပြီး ဆက်ကြိုးစား ခေါ်ကြည့်ပါတယ် ။
ရွာတရွာရဲ့ တနေရာ အရောက် ဖူးစာရေလို့ ခေါ်လိုက်ချိန်မှာ အိမ်တအိမ်ရဲ့ အောက်မှာ ဇယ်ခုပ်ကစားနေတဲ့ အဖွဲ.ထဲက ကောင်မလေး တယောက်က “ဝူး” လို့ ပြန်ထူးသတဲ့ ။
ဒါနဲ့ ကောင်လေးလည်း သူ့ကို ပြောင်ရမလားဆိုပြီး စိတ်တိုနေတာနဲ့ ဝူးလို့ထူးတဲ့ ကောင်မလေးကို အိုးခြမ်းပဲ့နဲ့ ပစ်ပြီး သူ့ရဲ့ ဖူးစာရှင် ရှာတဲ့ခရီးကို စွန့်လွတ်လိုက်သတဲ့ ။

လူငယ်လေးလည်း နောက်တော့ အိမ်ထောင်ကျပါလေရော ၊ အိမ်ထောင်ကျတော့မှ ချစ်သူဘဝက သတိမထားမိတဲ့ သူ့မိန်းမရဲ့ နဖူးက အမာရွတ်သေးသေးလေးကို မြင်တော့ ဘာဖြစ်တာလည်းလို့ မေးလိုက်တယ် ။ ကောင်မလေးကလည်း ငယ်ငယ်က ဇယ်ခုပ် ကစားနေတုန်း လူတယောက်က ဖူးစာရေလို့ ခေါ်တာကို ဝူး လို့ ထူးမိလို အိုးခြမ်းပဲနဲ့ အပေါက်ခံရပြီး အနာရွတ် ဖြစ်ကျန်နေခဲ့တာလို့ ပြောသတဲ့ ။
ဖူးစာဆိုတာ အလွန်ထူးဆန်းကြောင်း ရှေးလူတွေက သူ့ခေတ် သူ့အခါနဲ့ ကိုက်ညီမဲ့ ဇာတ်လမ်းလေးကို ပြောခဲ့ကြတာဖြစ်ပါတယ် ။

………………………………….

နဖူးစာဆိုတဲ့ စကားက ဘယ်ကလာသလဲဆိုတော့ အိန္ဒိယက လာပါသတဲ့ ။
အိန္ဒိယ ရှေးခေတ်လူတွေဟာ သူတို့ရဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းကပဲ အိမ်ထောင်ဘက် ရွေးချယ်ပေးကြပါသတဲ့ ။
ပြဿနာက ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတဲ့ ပြဿနာပါ ။ ဇာတ်မြင့်လို့ သူတို့ကိုယ် သူတို့ သတ်မှတ်သူတွေဟာ သူတို့ သားသမီးတွေ

January 29, 2016

" အသနားပိုတော့ နတ်မိမယ်နှင့် ညားရခန်းကြုံရသတဲ့ကွယ် " ( ပုံပြင် )

 
 ရှေးရှေးတုန်းက တောကျွဲအင်းဆိုတဲ့ ရွာလေးတစ်ရွာမှာ ရိုးသားပြီးသနားကြင်နာတတ်တဲ့ ဖိုးဆောင်းနဲ့ ကုလားကြီးဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရှိသတဲ့...သူတို့ဟာလယ်ယာအလုပ်လုပ်ကြတယ်..တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက်ဟာ
တောထဲထင်းခွေသွားကြတယ်..သူတို့ဟာ အင်းဘေးမှာ ဥကြီးနှစ်လုံးကို တွေ့ကြတယ်........... “အင်း ဒီဥကြီးတွေကိုပေါက်
ဖွားလာအောင်ဝပ်ပေးမယ့် မိခင်လည်းမရှိဘူးထင်တယ်”“ရေအိုင်ဘေးနားမှာဆိုတော့ရေငွေ့တွေနဲ့ အေးနေလို့ နွေးထွေးမှု မရှိဘဲဒီဥတွေ ပေါက်လာမှာ မဟုတ်ဘူး ” “ဒီတော့ ငါတို့အိမ်ကို ယူသွားပြီး ဥကနေအကောင်ပေါက်အောင်ပြုစုပေးရမယ်” ဒါနဲ့ညီအစ်ကိုနှစ်ယောက်တိုင်ပင်ပြီး ဥကြီးတွေကိုယူပြီး အိမ်ကိုပြန်လာခဲ့ကြသတဲ့... အိမ်ကိုပြန်ရောက်တော့
 ကောက်ရိုးတွေခင်းပြီးဥကြီးနှစ်လုံးကိုထားတယ်...ပြီးတော့ညီအစ်ကိုနှစ်ယောက်ဟာ ဥတွေကို စောင့်ကြည့်နေကြတယ်...ဒါပေမဲ့ဥတွေဟာ ဘာမှမထူးခြားဘဲဖြစ်နေသတဲ့...ဒါကြောင့်ဘာတွေလိုနေသလဲလို့စဉ်းစားကြတာပေါ့...“အင်း ဥကြီးတွေမပေါက်နိုင်တာ အနွေးဓာတ်များများလိုလို့ပဲ ဖြစ်ရမယ် ”“ဒီတော့ငါတို့မှာရှိသမျှ နွေးမယ့်ပစ္စည်းတွေယူပြီးအုံ
ထားပေးရင်ကောင်းမယ်” ဒါနဲ့သူတို့ညီအစ်ကိုနှစ်ယောက်ဟာ အိမ်ထဲမှာရှိသမျှစောင်တွေအိပ်ယာခင်း ခေါင်းအုံးအဝတ်
 ခြင်ထောင်ပါ မကျန်ဥကြီးနှစ်လုံးပေါ် ဖုံးထားလိုက်တယ်.. ဒီလိုနဲ့ရက်တွေကြာလာပြန်တယ်... ဒါပေမဲ့ ဥကြီးနှစ်လုံးဟာ ဘာမှထူးခြားမလာဘူး .... သူတို့ညီအစ်ကိုနှစ်ယောက်ဟာလည်း အလုပ်မလုပ်နိုင်ဘဲ ဥကြီးတွေနဲ့ အလုပ်ရှုပ်နေတယ်... 

ဒါနဲ့သူတို့အိမ်မှာရှိတဲ့ စားစရာတွေကို စားသောက်လာကြတာ ကုန်သွားတယ်... သွားချေးငှားတာပေါ့... “ဟာ မင်းတို့ဟာကမဟုတ်သေးပါဘူး ဘာဥမှန်းမသိတဲ့ဥကြီးနှစ်လုံးနဲ့ အချိန်ကုန်နေတာပ”အဓိပ္ပါယ်မရှိတဲ့အလုပ်ကိုလုပ်နေတာမရှက်ကြဘူးလား ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ မယောင်ရာဆီလူးနေကြတယ်”....“ ဒီတော့ စားဖို့အတွက်လဲကိုယ့်
ဖာသာကိုယ်ရှာကြံစားကြဘာမှမပေးနိုင်ဘူး”အိမ်နီးချင်းတွေပြောဆိုပြီးနှင်လွှတ်လိုက်လို့ညီဖြစ်သူလည်းအိမ်ကိုပြန်
လာခဲ့ရတယ်...ဒါနဲ့ညီဖြစ်သူ လည်း အစ်ကိုဖိုးဆောင်းကို အကြောင်းစုံပြန်ပြီးပြောပြတာပေါ့...“အင်း သူတို့ပြောတာလဲ
ဟုတ်တာပဲငါတို့တွေလဒီဥကြီးတွေကိုတတ်နိုင်သလောက်စောင့်ရှောက်ပြီးပြီ” “ဒါကြောင့် ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ဘဲဖြစ်နေတာ အမှန်ပဲကွ” ဒီတော့ဒီဥတွေကို ငါတို့တွေ့ခဲ့တဲ့နေရာမှာပဲ ပြန်ထားလိုက်ကြစို့” ဒါနဲ့ညီအစ်ကိုနှစ်ယောက်ဟာ ဥကြီးနှစ်လုံးကိုယူပြီး နဂိုတွေ့ခဲ့တဲ့နေရာမှာ ပြန်ထားလိုက်ကြတာပေါ့....

 ပြီးတော့သူတိုဟာ စိတ်မကောင်းစွာနဲ့ ကြည့်နေကြတယ်... အဲဒီချိန်မှာပဲသူတို့အနားမှာရုတ်တရက် တောမီးလောင်လာ
သတဲ့ ....တိရစ္ဆာန်လေးတွေ ဟာလည်းကြောက်လန့်တကြား ပြေးလွှားကြတော့တာပေါ့... “ဟာတောမီးလောင်တာဟေ့
”ဒီလိုနဲ့ တောမီးဟာ ဥကြီးတွေရှိတဲ့ရေအိုင်နဲ့ နီးလာတော့သတဲ့ .... ပြီးတော့မီးတောက်တွေဟာ ဥကြီးတွေအနားကတဖြည်း
ဖြည်းရောက်လာတယ်..... “ဟာ ဒီအတိုင်းဆိုရင် ဒီဥနှစ်လုံးကိုမီးလောင်ပြီး ပျက်စီးတော့မှာပဲ.” “ ကဲငါတို့ ညီအစ်ကို ဒီဥကြီးနှစ်လုံးကို တောမီးလွတ်တဲ့နေရာသယ်ပြေးကြစို့” ညီအစ်ကိုနှစ်ယောက်ဟာလည်း ဥကြီးတွေကို မီးလွတ်ရာသယ်
ပြေးကြတယ်... ဒီလိုနဲ့တောစပ်ရောက်တော့ တောမီးဘေးကနေ လွတ်သွားတော့သတဲ့... ဒီတော့မှ ညီအစ်ကိုနှစ်
ယောက်ဟာလည်း ဥတွေချပြီးအမောဖြေကြတယ်... အဲဒီချိန်မှာတောမီးရဲ့ အပူငွေ့ကြောင် ဥကြီးနှစ်လုံးကွဲအက်သွားတယ်....

January 24, 2016

" အလွန်သန်မာပါတယ်လို့ နာမည်ကြီးတဲ့ သစ်ခုတ်သမားတစ်ယောက် အကြောင်းပုံပြင် "


တစ်ခါတုန်းက အလွန်သန်မာသော သစ်ခုတ်သမား တစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူဟာ သစ်ကုန်သည် တစ်ဦးထံမှာ အလုပ်လုပ် ဖြစ်ခဲ့တယ်။ သူခုတ်ရမယ့် နေရာများကို မေးမြန်းပြီး သစ်ခုတ်ဖို့ အတွက်
သူဌေးထံမှ ပုဆိန်တစ်လက်ကို တောင်းခံခဲ့ပါတယ်။ သစ်ခုတ်သမားအတွက် သူဌေးပေးတဲ့ လစာဟာလည်း အလွန်ကောင်းမွန်ပြီး သစ်ခုတ်သမားလည်း သစ်တွေကို များများ ခုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ပထဆုံး နေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ ပင်ကို ခုတ်နိုင်ခဲ့ပါတယ်။ သစ်ခုတ်သမားကို သူဌေးဖြစ်သူက သစ်ပင်တွေ အများကြီး ခုတ်နိုင်တဲ့အတွက် ဝမ်းသာကြောင်း ချီးကျူးစကား ဆိုတယ်။ သူဌေးရဲ့ ချီးကျူးစကားကြောင့် သန်မာသော သစ်ခုတ်သမားဟာ အလွန်ဝမ်းသာပြီး ခွန်အားလည်း ပြည့်သွားတယ်။ ဒီလိုနဲ့ ဒုတိယနေ့ ရောက်တော့ သစ်ပင် ၁၅ ပင်သာ ခုတ်နိုင်ခဲ့တယ်။နောက်ရက်ရောက်တော့ သန်မာသော သစ်ခုတ်သမားဟာ ၁၀ ပင်သာ ခုတ်ထစ်နိုင်ခဲ့ပါတယ်။ တစ်နေ့ထက် တစ်နေ့ သစ်ပင် အရေအတွက်ဟာ နည်းသထက် နည်းပြီးလာပါတယ်။
ဒီအတွက်ကြောင့် သစ်ခုတ်သမားဟာ အလွန်သန်မာတဲ့ ငါဟာ ဘာဖြစ်လို့ သစ်ပင်တွေ မခုတ်နိုင်တော့တာလဲ စဉ်စားရင်း အလုပ်ကနေထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်နေ့ရောက်တော့ သူဌေးဖြစ်သူကို သူ့အနေနဲ့ သစ်ပင်တွေကို မခုတ်ထစ်နိုင်တော့လို့ တောင်းပန်ကြောင်း အလုပ်ထွက်ဖို့ ခွင့်တောင်း ပါလေတယ်။ သူဌေးလုပ်သူက သစ်ခုတ်သမားကို
" မင်း ပုဆိန်ကို ဘယ်နှကြိမ် သွေးပြီးပြီလဲ။ "
သစ်ခုတ်သမားလည်း အံ့အားသင့်စွာဖြင့် - " ကျွန်တော် အလုပ်ရှုပ်နေလို့ တစ်ခါမှ မသွေးရသေးပါဘူးလို့ ပြန်ဖြေလိုက်ပါတယ် ။"
သင်ခန်းစာ - လောကမှာ ရှိတဲ့ လူတွေဟာ အလုပ်တွေအများကြီး လုပ်ကြတယ်။ ဒါပေမယ့် အလုပ်တွေပဲ လုပ်နေကြပြီး

January 13, 2016

" တော်တော်နောက်တဲ့ နပိုလီယန် "

ရုရှားပြည်ကြီးကို နပိုလီယန် ကျုးကျော်တိုက်ဆိုင်စဉ်ကာလ။ မြို့ ကလေးတစ်မြို့ တွင်း စစ်ခင်းကြစဉ် နပိုလီယန်နှင့် သူ့ နောက်လိုက်နောက်ပါတွေ အမှတ်မထင် လူစုကွဲသွားကြသည်။

ရုရှား ကော့ဆက်စစ်သားတစ်စုက သူ့ ကိုမြင်သွားပြီး နောက်က တရကြမ်းလိုက်သည်။
ကွေ့ ကောက်သော လမ်းသေးလမ်းသွယ်များကြား အသက်ကို လု၍ ပြေးလာခဲ့ပြီး လမ်းမြှောင်တစ်ခုထဲရှိ သားမွေးထည် အရောင်းဆိုင် တစ်ဆိုင် တွင် အလစ်ဝင်ခိုသည်။

ဆိုင်ရှင်ကို မြင်တော့ “ကယ်စမ်းပါဦးဗျာ၊ ကယ်စမ်းပါဦး၊ ကျွန်တော်ဘယ်မှာ ပုန်းရမလဲ”၊ တောင်းပန်တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကောမေးသည်။

ဆိုင်ရှင်က “အဲဒီ ထောင့် က သားမွေးပုံကြီး အောက် သားမွေးတွေ တစ်ထပ်ကြီး ဖုံးဖိပေးထားသည်။
ဖုံးဖိပြီးရုံရှိသေး ကော့ဆက်တွေ အခန်းထဲ အော်ဟစ်ပြေးဝင်လာကြသည်။ “ဘယ်မလဲဟေ့၊ ဒီဆိုင်ထဲဝင်သွားတာ ငါတို့ မြင်လိုက်တယ်”

ဆိုင်ရှင်က ငြင်းသည်။ သို့ သော် သူတောင်းပန်နေသည့်ကြားကပင် ကော့ဆက်တွေ တစ်ဆိုင်လုံး ဆွဲလွဲမွှေနှောက်ကာ နပိုလီယန်ကို ရှာကြသည်။ သားမွေးပုံကြီးကို ဓားတွေနှင့် တစွပ်စွပ် ထိုးကြည့်ကြသည်။ မတွေ့ ။ နောက်ဆုံး သူတို့ လက်လျှော့ပြီး ထွက်သွားကြသည်။

အတော်ကြာတော့မှ နပိုလီယန်သားမွေးပုံအောက်မှ တွားပြီးထွက်လာသည်။ သူဘာဒဏ်ရာမှ မရခဲ့။ သည်အခိုက်မှာပင်

November 30, 2015

" မိဘတွေ သဘောမတူဘူးဆိုရင် အထုပ်ပြင်ပေတော့...မနှေးစေနှင့် " (ဟိဟိ)

ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့...

သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....


ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.....

ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....

အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....

အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......

ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....

ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုး နော်...

ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....

သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...

မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့....

ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....

မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....

November 26, 2015

"* မိုင်းကိုင်မြို့လေးရဲ့ ကြေကွဲဖွယ် မှတ်တမ်း တစ်ပုဒ် (သို့မဟုတ်) ခွန်ဆမ်လောနဲ့ နန်းဦးပြင်*"

 
ခွန်ဆမ်လောနဲ့ နန်းဦးပြင်"
To:

*အဲ့ဒီ ကြယ်လေးတွေ ပေါ်လာတော့ မယ်နော် ... *

မိုင်းကိုင်မြို့လေးရဲ့ ကြေကွဲဖွယ် မှတ်တမ်း တစ်ပုဒ် (သို့မဟုတ်) ခွန်ဆမ်လောနဲ့
နန်းဦးပြင်

မိုင်းကိုင် - တောင်ကြီးကနေမိုင်းကိုင်ကို သွားမယ်ဆိုရင်....
မိုင်တရာကျော်ဝေးပါတယ်...။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့
လမ်းအတိုင်းသွားမယ်ဆိုရင်တော့..
..တောင်ကြီး>ဟိုပုံး>မိုင်းပွန်>လွယ်လွိုင်
အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား>
မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. ။ နန်းဦးပြင်နေတဲ့မြို့ပေါ့...။

ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး... ကျိုင်းတောင်း မြို့မှာနေတာဖြစ်ပါတယ်...

ကျိုင်းတောင်းမှ.. မိုင်းကိုင်ကိုလာမယ်ဆိုရင်...
ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း> နမ့်စန်>
လွိုင်လင်> ပင်လုံ >လဲချား> မိုင်းကိုင် မြို့ကိုရောက်ပါတယ်..
ကြားထဲမှာ..မိုင် ၁၀၀ ကျော်ဝေးပါတယ်..။တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့
ခွန်ဆမ်လောဟာ
မိုင်တစ်ရာကျော်ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့။
သူတို့ ချစ်သူ နှစ်ဦးဟာ
နမ့်တိန်းချောင်းကလေးအနီးမှာ...ဆုံတွေ့ပြီး ချစ်စကားပြောလေ့ရှိကြတယ်..။
နံဘေးက နမ့်တိန်းချောင်းရေစီးသံ ကဆူညံနေတဲ့အတွက် ချစ်သူ ခွန်ဆမ်လောပြောတဲ့
ချစ်စကား
လေးတွေကို.. နန်းဦးပြင်လေးဟာ ကေင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။
ဒီအခါ နန်းဦးပြင်ဟာ “ နမ့်တိန်းချောင်းရယ်.. ပီဆမ်လောပြောလာမဲ့စကားကို
နားထောင်ပါအုံး...မဆူနဲ့ ”လို့ပြောတော့တာပေါ့။
အဲဒါနဲ့ နမ့်တိန်းချောင်းလေးဟာနန်းဦးပြင် အလိုကျ တိတ်ဆိတ်
ငြိမ်သက်သွားလိုက်တာ.....ခုချိန်အထိတိုင်အောင်
ရေစီးသံ မကြားရတော့ဘူးလို့ ဆိုပါတယ်..။
နန်းဦးပြင်ပြောလိုက်လို့..နန့်တိန်းချောင်းဟာ
ငြိမ်သက်သွားတယ်လို့ခေတ်အဆက်ဆက်လက်ခံ
ယူဆ ခဲ့ကြပါတယ်..။
မိုင်းကိုင်မြို့ရဲ့ ထူးခြားချက်တွေထဲက တစ်ခုဆိုပါတော့။

ခွန်ဆမ်လောကို... ခွန်ဆမ်လော အမေက သူ့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့နန်းဦးပျဉ်း
နဲ့တိတ်တဆိတ်သဘောတူထားတာပါ...။
ခွန်ဆမ်လောကို နန်းဦးပျဉ်းနဲ့လက်ထပ်ပေးမယ်လို့လဲ.. နန်းဦးပျဉ်းကို
ကတိပေးထားတာပေါ့..။ ခွန်ဆမ်လော ကတော့
သူ့ချစ်သူ နန်းဦးပြင်ကိုပဲ လက်ထက်နိုင်မယ်လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ...

November 5, 2015

"**သူတောင်းစား နဲ့ ထင်းရှူးသေတ္တာ**

လမ်းဘေး မြေပြင် တစ်နေရာ မှာ ထင်းရှူးသေတ္တာ အဟောင်းလေး တစ်လုံး ရှိတယ်။ သူတောင်းစား တစ်ယောက်က အဲ့ဒီ ထင်းရှူး သေတ္တာလေး ပေါ်မှာ ထိုင်နေတယ်။ သံကြေးခွက် တစ်လုံး ကို သူ့ရှေ့မှာ ချထားတယ်။ သူ အဲ့မှာ ရှိနေတာ နှစ်ပေါင်း များစွာ ကြာမြင့် တဲ့ အချိန် ကတည်းက ဖြစ်ပါတယ်။ ။ နှစ်ချို့ နေအောင် ကြာလင့် တဲ့ အထိ အဲ့သည် နေရာမှာ သူ နေ့တိုင်း ထိုင် တယ်။ နေ့စဉ် ရက်ဆက် တောင်းရမ်း စားသောက်တစ်နေ့မှာ တော့ ဒီ သူတောင်းစား ရဲ့ ရှေ့ကို လူစိမ်း တစ်ယောက် ရောက် လာတယ်။ သူတောင်းစား က ရိုကျိုး တဲ့ မျက်နှာထား နဲ့ မျက်လွှာချ လိုက်တယ်။ "အကြွေလေးများ ရှိရင် စွန့်ကြဲခဲ့ပါ။ သနား ကရုဏာ ရှိသောအားဖြင့် စွန့်ကြဲခဲ့ပါဗျာ" - တုန်ရီ တဲ့ အသံနဲ့ စိတ်လိုလက်ရ တောင်းခံ တယ်။ သူ့ရဲ့ ကြေးခွက်ကို ခပ်ဆဆ လေး မြှောက်ထားမယ်။ တတွတ်တွတ် စကား ဆိုတယ်။

လူစိမ်းက ပြန်ပြောတယ်။
"ကျုပ်မှာ ခင်ဗျား ကို ပေးစရာ ဘာမှ မရှိဘူး။"
"အကြွေလေး အနည်းအကျဉ်း လောက် ဖြစ်ဖြစ်ပါ ...."
"ဟင့်အင်း ၊ ကျုပ်မှာ အကြွေ အနည်းအကျဉ်း တောင် မပါဘူး၊ ဒါနဲ့ ခင်ဗျား အခု ထိုင်နေတဲ့ဟာ က ဘာလဲ"
"ဘာမှ မဟုတ်ပါဘူး။ သေတ္တာ အဟောင်း တစ်လုံးပါ။ ကျနော် မှတ်မိသလောက် ကျနော် ငယ်ငယ် အချိန်ကတည်းက ဒီမှာပဲ ထိုင်ရင်း တောင်းရမ်းနေခဲ့တာ။ ဒါ ကျနော့ရဲ့ နေရာလေး ဆိုလည်း ဟုတ်ပါတယ်။ ကျနော့ အတွက် အကြွေအစ အနလေးပဲ ဖြစ်ဖြစ် စွန့်ခဲ့ပါ ခင်ဗျာ"
"နေပါဦး - ခင်ဗျား အထဲကို ကြည့်ခဲ့ဖူး သလား"
"ဟင့်အင်း - မကြည့်ဖူးပါဘူး။ ဘာဖြစ်လို့လဲ။ ဒါ အဟောင်းကြီးပဲ။ ထားပါလေ - ကျနော့ အတွက် အရေးကြီးတာ - တစ်နေ့စာ အတွက် များများ တောင်းရမ်း နိုင်ဖို့ပဲ။ ခင်ဗျား တကယ် ကို အကြွေ မပါ တာလား - မပေးနိုင်တာလား ဗျာ။ "
"မဟုတ်သေးဘူးဗျ ။ ခင်ဗျားဟာ ခင်ဗျား - သေသေချာချာလည်း ကြည့်ကြည့်ပါဦး"

လူစိမ်းက မရမက ပြောနေတာမို့ သူတောင်းစားက ထင်းရှူးသေတ္တာကို ဆွဲထုတ် လိုက်ရတယ်။ အဖုံးအကာတွေ ဆွဲခွာ ပစ်လိုက်တယ်။ အဲ့ဒီနောက် - သူ အံ့ဩသွားတယ်။ သူ့မျက်လုံးကို သူ မယုံနိုင်အောင် ဖြစ်တယ်။ အံ့အားသင့် မှင်သက် သွားတယ်။ သူ နှစ်ပေါင်း များစွာ ထိုင်နေတဲ့ ထင်းရှူး သေတ္တာအစုတ် ထဲမှာ ရွှေအပြည့် ရှိပါတယ်။


ဒါဟာ နိမိတ်ပုံ ဇာတ်လမ်းသက်သက်ပဲ ။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့က ပုံပြင်အရ - လူစိမ်း နဲ့ တူတယ်။ ခင်ဗျား အတွက် သူတို့ဆီက ၊ ဒါမှမဟုတ် ၊ ခင်ဗျား ယုံကြည်ရာ တစ်ယောက်ယောက်ဆီက လက်ဝါးဖြန့် နေမယ်။ အကြွေ အနည်းအများ သွားတောင်းခံ မယ်။ တောင်းတဲ့ စကား ကွဲပြားကောင်း ကွဲပြားမယ်။ တောင်းတာ

October 4, 2015

" အကန်းရယ်..အကျိုးရယ်..နားထိုင်းရယ်...ထိုသုံးဦး( မွန်ပုံပြင်) "

“ ငါးရိုးမျက် လက်တို ” ဆိုတဲ့ ဗမာစကားပုံရှိသလို မွန်စကားပုံမှာလည်း ငလက်ပြတ် ကြွက်တွင်းနှိုက်သလို ” ဆိုတဲ့ စကားပုံရှိတယ်။ သူ့ စကားပုံရဲ့ အဖွင့်ကတော့ -

ရှေးရှေးတုန်းက အကန်းရယ်၊ အကျိုးရယ်၊ နားထိုင်းတဲ့အထိုင်းတစ်ယောက်ရယ် သူငယ်ချင်း သုံးယောက်ရှိကြတယ်။ တနေ့ တော့ ဒီသူငယ်ချင်း သုံးယောက်ဟာ လယ်ထဲဆင်းပြီး ကြွက်တူးဖို့  သွားကြတဲ့အခါ ငထိုင်းက ပေါက်တူးနဲ့ ကြွက်တွင်းကို တူးပြီး မောလာတာနဲ့ ငကန်းကို တွင်းထဲမှာ ကြွက်ရှိမရှိ ကြည့်ခိုင်းတယ်။

ဒီတော့ ငကန်းက ဘာမှမမြင်ရတဲ့ မျက်စိနဲ့ ကြွက်တွင်းကို ငုတ်ကြည့်ပြီး သူဘာမှမမြင်ရပေမယ့် ငထိုင်းနဲ့ ငကျိုးကို “ ကြွက်တွေများလှတယ် ၊ ကြွက်အမြီးတွေ ရှုပ်ပွနေတာပဲ ” လို့ ပြန်ပြောပါရော ။ ဒီတော့ နားထိုင်းနေတဲ့ ငထိုင်းက ကြွက်တွင်းဝ မှာ နားနဲ့ ကပ်ပြီး နားထောင်ကြည့်သတဲ့။ ပြီးတော့ ဘာသံမှမကြားတဲ့ ငထိုင်းက ငကန်းနဲ့ ငကျိုးကို “ ကြွက်တွေနည်းနည်းရှိတာမှ မဟုတ်တာပဲ၊ အသံတွေက ဆူညံလို့ ” လို့ ပြောတယ်။

ဒီအခါ ငကျိုးက ဧကန္တ ကြွက်တွေရှိမှာ သေချာတယ် ။ ငါနှိုက်မယ်လို့ ပြောပြီး ကြွက်တွင်းထဲကို သူ့ လက်ပြတ်နဲ့ နှိုက်ပါလေရော။

September 13, 2015

" ဘုရင်ကြီးကက ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတာကတော့...." ဆက်သာဖတ်ကြည့်ကြပါ..ဟိဟိ

တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။

နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။

“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”

“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”

“ဘာကျေးဇူးများလဲ”

“မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ”

“အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တဝါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး”

“ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်”

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က “တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား”

September 7, 2015

"အသဲကွဲ တောင်ထိပ်ပေါ်က သူရဲကောင်း တောင်ဆိတ်များ ပုံပြင် "

 
တရုပ်ပြည် တနေရာမှာ အသဲကွဲတောင်ထိပ် လို့ခေါ်တဲ့ တောင်တန်း တစ်ခု ရှိပါတယ်။ အဲ့ဒီတောင်တန်း ရဲ့ ထူးခြားချက် ကတော့ တောင်တန်းကြီး ဟာဆိုရင် တောင်ထိပ် ကနေ အောက်ခြေရောက်တဲ့ အထိ ဓါးနဲ့ ခွဲ ထားသလို နှစ်ခြမ်းကွဲနေပါတယ်။ 

အဲဒီလို ပိုင်းခြား ထားတဲ့ အပိုင်းနှစ်ပိုင်း ဟာ တစ်ဖက်နဲ့ တစ်ဖက် (၁ဝ) မီတာလောက် ဝေးပါတယ်။ ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့ အင်မတန်မှရေစီးသန် တဲ့ စမ်းချောင်း က ဖြတ်သန်း စီးဆင်းနေ ပါတယ်။ အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား နေထိုင်ကြ တဲ့နေရာလေးဖြစ်ပါတယ်။

 တောင်ဆိတ် များဟာ ရိုးရိုး ဆိတ် ထက် အကောင် အားဖြင့် ကြီးမာပြီး အထီးရော အမ ပါ နှုတ်ခမ်းမွှေးနဲ့ ဦးဂျို  ပါ ရှိကြပါတယ်။ အထူးခြားဆုံး ကတော့ ခုန်တဲ့နေရာ မှာ အင်မတန်တော် တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူတို့တွေ ဟာ (၆)မီတာ ထိအောင် ခုန်နိုင်ပါတယ်။ နောက်ပြီး သူခုန် လို့ ကျတဲ့နေရာ မှာ ခြေစုံရပ်ဖို့ မလိုပဲ ခွာတစ်ချက် ချဖို့ ရတာနဲ့ မနား ပဲ ဆက်တိုက် ခုန်နိုင်စွမ်း လည်းရှိပါတယ်။ 

ရှားပါးပြီး ဆေးဖက် ဝင်တဲ့ သတ္တဝါ မျိုးဖြစ်တဲ့ အတွက်ကြောင့်လည်း မုဆိုး လုပ်သူများ ဟာ ခက်ခက် ခဲခဲ  ရှာဖွေ ဖမ်းဆီးရပါတယ်။ တောင်စောင်းတောင်ထိပ်များ မှာသာ ကျက်စားလေ့ ရှိတဲ့ အတွက်ကြောင့်လည်း ဖမ်းဆီးဖို့ကို မဆိုထား နဲ့ တွေ့ရဖို့တောင် အင်မတန် မှ ခက်ခဲလှပါတယ်။ ကျွန်တော်ဟာ မုဆိုးတစ်ယောက် ပါ။ 

ဒါကြောင့် ခုလို ရှားပါတဲ့ တောင်ဆိတ်ကို ပစ်ခတ် ဖမ်းဆီးနိုင်ဖို့ရန် အသဲကွဲတောင်ကြား ကို သွားခဲ့ပါတယ်။ ခက်ခဲစွာ နဲ့ တောင်ဆိတ်တွေ ရှိရာအသဲ ကွဲတောင်ထိပ် ကို ရောက်အောင် တက်လာခဲ့ ပါတယ်။ တောင် ထိပ်ရောက်တော့ တောင်စွန်း တစ်နေရာမှာ စုဝေးနေတဲ့ တောင်ဆိတ်တွေ ကို တွေ့ရပါတော့တယ်။ 

ကျွန်တော်တို့ အဖွဲ့ဟာ တောင်ဆိတ်တွေ ထွက်ပေါက်နေရာတွေ အားလုံး ကို ပိတ်ဆို့ ထားလိုက်ပါတယ်။ ထွက်ပေါက်ဆို လို့ ထက်ချမ်း ကွဲနေတဲ့ တောင်တစ်ဖက် ကမ်း သာလျှင်ရှိပါတော့တယ်။ ဒီအချိန် မှာ တောင် ဆိတ်တွေ ဟာ သူတို့ အသက်အန္တရယ် ကို ကြောက်လန့်နေ တာကြောင့် ပျာယာခက်နေပါတယ်။ သူတို့ လွတ်မြောက်ဖို့ ဆိုတာ တစ်ဖက်ကမ်းခြားနေ တဲ့ တောင်စောင်း

August 28, 2015

" သူခိုးဖမ်းနည်း " ဖတ်သာကြည့်ကြပါတော့....

 
တစ်ခါတုန်းကပေါ့ဗျာ...
တောရွာကြီးတစ်ရွာမှာ အလွန်တရာမှချမ်းသာပြီး အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ သူဌေးကြီး
တစ်ရောက်ရှိတယ်ဗျ ။ သူဌေးကြီးဟာပစ္စည်းဥစ္စာချမ်းသာပင်မဲ့ ဇနီးမယားတော့မရှိဘူး
တစ်ရောက်ထဲနေတယ် လိုအပ်မှသူများကိုခေါ်ခိုင်းလေ့ရှိတယ်။ တစ်နေ့ပေါ့ဗျာ သူဌေး
ကြီးဟာ အရေးကြီးကိစ္စတစ်ခုနဲ့ ရက်အကြာကြီးခရီးတစ်ခုသွားဘို့ အကြောင်းပေါ်လာသ
တဲ့ဗျ ခရီးသွားလေ့မရှိတဲ့သူဌေးကြီးဟာ ခရီးရှည်သွားရမယ်ဆိုတော့ သူရဲ့ဥစ္စာပစ္စည်း
တွေကိုစိတ်မချဘူးလေ သူများအပ်ခဲရင်လဲ စိတ်မချ ထားခဲရမှာလဲစိတ်မချသယ်လဲမသွား
နိုင်ဆိုတော့ သူဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားနေပါတယ်။

   ဒီလိုနဲ့စဉ်းစားရင်းသူဌေးကြီးဟာ အကြံတစ်ခုရပါတော့တယ် အဲ့ဒိအကြံကိုလက်တွေ့
အကောင်အထည်ဖေါ်ပါတော့တယ် သူရဲ့ရွှေတွေငွေတွေကို အားလုံးမြေကြီးထဲမြုပ်ခဲ့
ပါတယ်  ရွှေတွေငွေတွေထားတဲ့အခန်းထဲမှာတော့ သူနဂိုအတိုင်းအားထားခဲ့ပါတယ်.
ရွှေငွေထည့်တဲ့သေတ္တာကြီးလဲဒီအတိုင်းထားခဲ့ပါတယ် သူဟာခရီးသွားခါနီးမှာတော့
အိမ်နီးနားချင်းတွေကိုမှားထားခဲ့ပါတယ် ကျွန်တော်ခရီးသွားလို့ အိမ်ထဲကတစ်ရောက်
ရောက်အော်သံကြားရင် ၀ိုင်းကြည့်ပေးကြပါလို့ မှားထားခဲ့သတဲ့ သူဌေးကြီးကတော့
အေးအေးဆေးဆေး သူခရီးကိုထွက်သွားပါတော့တယ်။

   သူဌေးကြီးသူအိမ်မှာမရှိဘူးခရီးသွားတယ်ဆိုတာကို ခပ်တုန်းတုန်းသူခိုးတစ်ရောက်က

August 21, 2015

“အသက် ၂၃ နှစ်အောက်အမျိုးသမီးငယ်များနှင့် အိမ်ထောင်မရှိဖူးသူ ညီမငယ်များ မဖတ်ပါနဲ့”

 
တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀)ယောက်အား ရှာဖွေ၍ စာရင်းကောက်ခဲ့ရန် တာဝန်ပေးလိုက်သည်။ တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်းကောက်ရန် ခရီးထွက်ခဲ့သည်။

သူဌေးကြီးတပည့်သ
ည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။ လူတစ်ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏။ ဘာကြောင့် ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည်။
"ရွာထဲက ကျွန်တော်ကြိုက်
နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ ကုန်အောင်ခပ်ထုတ်နိုင်ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို ရအောင်ကြိုးပမ်းနေရတာဗျ။" အင်းတော်တော် မိုက်မဲတဲ့လူပေပဲ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁)အဖြစ် စာရင်းမှတ်လိုက်လေ၏။
ထိုမြစ်ကြောင်းအ
တိုင်း ဆက်လက်ထွက်ခွာလာရာ လူတစ်ယောက်သည် မြစ်ထဲသို့ ခေါက်ခေါက်အခါခါ လှော်နေသည်ကို တွေ့ရပြန်သည်။ သူဌေးကြီး၏ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။
"ကျူပ်သူငယ်ချင်
းပေါ့ မနေ့က ကျူပ်နွားကိုငှားပြီး တစ်နေကုန် ခိုင်းလိုက်တာ နွားက ဖတ်ဖတ်ကိုမောလို့၊ ကျူပ်ကလဲဘယ်ရမလဲ သူလှေကိုငှားပြီး တစ်နေလုံး အားရပါးရလှော်ပြီး လက်စားချေနေတာလေ" သူဌေးကြီးတပည်လည်း အံ့သြစွာဖြင့်ထိုသူ၏ နာမည်ကိုမေးပြီး လူမိုက်နံပါတ်(၂)အဖြစ် စာရင်းမှတ်လိုက်

July 14, 2015

“လမုန့်” ထဲက...ဒဏ္ဍာရီတစ်ပုဒ် "


၃.၁၀.၂၀၀၉ (စနေနေ့)ဟာ သီတင်းကျွတ်လပြည့်နေ့ပါ။ သီတင်းကျွတ်လပြည့်နေ့ အကြောင်းကိုတော့ မြန်မာလူမျိုးတိုင်း သိပြီးသားဖြစ်တဲ့အတွက် ထွေထွေထူးထူး မရေးလိုတော့ပါ..။ တရုတ်စားသောက်ဆိုင်ကြီးမှာ အလုပ်လုပ်နေရတဲ့ ကျွန်မအတွက် တရုတ်ရိုးရာ “Full Moon Day ” ဟာ ကျွန်မတို့ရဲ့ “သီတင်းကျွတ် လပြည့်နေ့” နဲ့ ထူးထူးခြားခြားတိုက်ဆိုင်နေပါတယ်။ ဒီနေ့ ကျွန်မတို့ ဝန်ထမ်းတွေ စုပြီး ပျော်ပွဲရွှင်ပွဲပြုလုပ်ပြီး ပါတီပွဲလေးတစ်ခုကျင်းပဖြစ်ကြတယ်။ အဲဒီမှာ ကျွန်မစိတ်ဝင်တစားနားထောင်ခဲ့ရတဲ့ အကြောင်းကတော့....“Full Moon Cake ”လို့ခေါ်တဲ့ “လ”မုန့်ရဲ့ ပါးစပ်ရာဇဝင် ပုံပြင်လေးတစ်ပုဒ်ရဲ့အကြောင်းပါပဲ..။

June 14, 2015

"မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့"

 
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။
တစ်နေ့ တော့အဖိုး အိုက သူ့ သားနဲ့ သူ့ချွေးမ
သူ့မြေးလေးတွေရှ
ိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ်။
ဒီလိုနဲ့ ခရီးရှည်ကြီးကို
ဖြတ်သန်းပြီးတော့ သူ့သားချွေးမ နဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာ
ပါတယ် ။
Subscribe

လာလည်သူများ

free counters