♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 29, 2016

" အသနားပိုတော့ နတ်မိမယ်နှင့် ညားရခန်းကြုံရသတဲ့ကွယ် " ( ပုံပြင် )

 
 ရှေးရှေးတုန်းက တောကျွဲအင်းဆိုတဲ့ ရွာလေးတစ်ရွာမှာ ရိုးသားပြီးသနားကြင်နာတတ်တဲ့ ဖိုးဆောင်းနဲ့ ကုလားကြီးဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရှိသတဲ့...သူတို့ဟာလယ်ယာအလုပ်လုပ်ကြတယ်..တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက်ဟာ
တောထဲထင်းခွေသွားကြတယ်..သူတို့ဟာ အင်းဘေးမှာ ဥကြီးနှစ်လုံးကို တွေ့ကြတယ်........... “အင်း ဒီဥကြီးတွေကိုပေါက်
ဖွားလာအောင်ဝပ်ပေးမယ့် မိခင်လည်းမရှိဘူးထင်တယ်”“ရေအိုင်ဘေးနားမှာဆိုတော့ရေငွေ့တွေနဲ့ အေးနေလို့ နွေးထွေးမှု မရှိဘဲဒီဥတွေ ပေါက်လာမှာ မဟုတ်ဘူး ” “ဒီတော့ ငါတို့အိမ်ကို ယူသွားပြီး ဥကနေအကောင်ပေါက်အောင်ပြုစုပေးရမယ်” ဒါနဲ့ညီအစ်ကိုနှစ်ယောက်တိုင်ပင်ပြီး ဥကြီးတွေကိုယူပြီး အိမ်ကိုပြန်လာခဲ့ကြသတဲ့... အိမ်ကိုပြန်ရောက်တော့
 ကောက်ရိုးတွေခင်းပြီးဥကြီးနှစ်လုံးကိုထားတယ်...ပြီးတော့ညီအစ်ကိုနှစ်ယောက်ဟာ ဥတွေကို စောင့်ကြည့်နေကြတယ်...ဒါပေမဲ့ဥတွေဟာ ဘာမှမထူးခြားဘဲဖြစ်နေသတဲ့...ဒါကြောင့်ဘာတွေလိုနေသလဲလို့စဉ်းစားကြတာပေါ့...“အင်း ဥကြီးတွေမပေါက်နိုင်တာ အနွေးဓာတ်များများလိုလို့ပဲ ဖြစ်ရမယ် ”“ဒီတော့ငါတို့မှာရှိသမျှ နွေးမယ့်ပစ္စည်းတွေယူပြီးအုံ
ထားပေးရင်ကောင်းမယ်” ဒါနဲ့သူတို့ညီအစ်ကိုနှစ်ယောက်ဟာ အိမ်ထဲမှာရှိသမျှစောင်တွေအိပ်ယာခင်း ခေါင်းအုံးအဝတ်
 ခြင်ထောင်ပါ မကျန်ဥကြီးနှစ်လုံးပေါ် ဖုံးထားလိုက်တယ်.. ဒီလိုနဲ့ရက်တွေကြာလာပြန်တယ်... ဒါပေမဲ့ ဥကြီးနှစ်လုံးဟာ ဘာမှထူးခြားမလာဘူး .... သူတို့ညီအစ်ကိုနှစ်ယောက်ဟာလည်း အလုပ်မလုပ်နိုင်ဘဲ ဥကြီးတွေနဲ့ အလုပ်ရှုပ်နေတယ်... 

ဒါနဲ့သူတို့အိမ်မှာရှိတဲ့ စားစရာတွေကို စားသောက်လာကြတာ ကုန်သွားတယ်... သွားချေးငှားတာပေါ့... “ဟာ မင်းတို့ဟာကမဟုတ်သေးပါဘူး ဘာဥမှန်းမသိတဲ့ဥကြီးနှစ်လုံးနဲ့ အချိန်ကုန်နေတာပ”အဓိပ္ပါယ်မရှိတဲ့အလုပ်ကိုလုပ်နေတာမရှက်ကြဘူးလား ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ မယောင်ရာဆီလူးနေကြတယ်”....“ ဒီတော့ စားဖို့အတွက်လဲကိုယ့်
ဖာသာကိုယ်ရှာကြံစားကြဘာမှမပေးနိုင်ဘူး”အိမ်နီးချင်းတွေပြောဆိုပြီးနှင်လွှတ်လိုက်လို့ညီဖြစ်သူလည်းအိမ်ကိုပြန်
လာခဲ့ရတယ်...ဒါနဲ့ညီဖြစ်သူ လည်း အစ်ကိုဖိုးဆောင်းကို အကြောင်းစုံပြန်ပြီးပြောပြတာပေါ့...“အင်း သူတို့ပြောတာလဲ
ုတ်တာပဲငါတို့တွေလဒီဥကြီးတွေကိုတတ်နိုင်သလောက်စောင့်ရှောက်ပြီးပြီ” “ဒါကြောင့် ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ဘဲဖြစ်နေတာ အမှန်ပဲကွ” ဒီတော့ဒီဥတွေကို ငါတို့တွေ့ခဲ့တဲ့နေရာမှာပဲ ပြန်ထားလိုက်ကြစို့” ဒါနဲ့ညီအစ်ကိုနှစ်ယောက်ဟာ ဥကြီးနှစ်လုံးကိုယူပြီး နဂိုတွေ့ခဲ့တဲ့နေရာမှာ ပြန်ထားလိုက်ကြတာပေါ့....

 ပြီးတော့သူတိုဟာ စိတ်မကောင်းစွာနဲ့ ကြည့်နေကြတယ်... အဲဒီချိန်မှာပဲသူတို့အနားမှာရုတ်တရက် တောမီးလောင်လာ
သတဲ့ ....တိရစ္ဆာန်လေးတွေ ဟာလည်းကြောက်လန့်တကြား ပြေးလွှားကြတော့တာပေါ့... “ဟာတောမီးလောင်တာဟေ့
”ဒီလိုနဲ့ တောမီးဟာ ဥကြီးတွေရှိတဲ့ရေအိုင်နဲ့ နီးလာတော့သတဲ့ .... ပြီးတော့မီးတောက်တွေဟာ ဥကြီးတွေအနားကတဖြည်း
ဖြည်းရောက်လာတယ်..... “ဟာ ဒီအတိုင်းဆိုရင် ဒီဥနှစ်လုံးကိုမီးလောင်ပြီး ပျက်စီးတော့မှာပဲ.” “ ကဲငါတို့ ညီအစ်ကို ဒီဥကြီးနှစ်လုံးကို တောမီးလွတ်တဲ့နေရာသယ်ပြေးကြစို့” ညီအစ်ကိုနှစ်ယောက်ဟာလည်း ဥကြီးတွေကို မီးလွတ်ရာသယ်
ပြေးကြတယ်... ဒီလိုနဲ့တောစပ်ရောက်တော့ တောမီးဘေးကနေ လွတ်သွားတော့သတဲ့... ဒီတော့မှ ညီအစ်ကိုနှစ်
ယောက်ဟာလည်း ဥတွေချပြီးအမောဖြေကြတယ်... အဲဒီချိန်မှာတောမီးရဲ့ အပူငွေ့ကြောင် ဥကြီးနှစ်လုံးကွဲအက်သွားတယ်....
. ဥကြီးတစ်လုံးထဲက ရွှေရောင်အမွေးအတောင်တွေနဲ့ပြည့်နေတဲ့ ဘဲလေးနှစ်ကောင် ထွက်လာသတဲ့... နောက်ဥတစ်လုံးထဲက အရမ်းချောမောလှပတဲ့ နတ်မိမယ်လေးနှစ်ယောက် ထွက်လာသတဲ့.. ဒီအခါ ညီအစ်ကိုနှစ်ယောက်လည်း အံ့အားသင့်နေတော့တာပေါ့ ရွှေဘဲနှစ်ကောင်ဟာ သူတို့ညီအစ်ကိုဘေးနားမှာတောင်ပံခတ်လိုက်တယ်.. ဒီအခါ တောင်ပံထဲကရွှေမှုန်လေးတွေဟာထွက်ကျလာသတဲ့...နတ်မိမယ်နှစ်ယောက်ဟာလည်းသူတို့ညီအစ်ကိုနားရောက်လာတယ်.... “ရှင်တို့ ညီအစ်ကိုဟာ အရမ်းကိုသနားကြင်နာစိတ်ရှိတဲ့သူတွေပါပဲ ရှင်တို့ရဲ့ကရုဏာနဲ့ကူညီမှုကို မရခဲ့ရင် ကျွန်မတို့ဟာ ပျက်စီးသွားမှာအမှန်ပဲ”“ဒါကြောင့် ရှင်တို့ကိုကျေးဇူးဆပ်တဲ့အနေနဲ့အလုပ်ကျွေးပြုပါရစေ ” ဒါနဲ့ညီအစ်ကိုနှစ်ယောက်လည်း ရွှေဘဲနှစ်ကောင်နတ်မိမယ်လေးခေါ်ပြီးချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နဲနေထိုင်သွားတော့
သတဲ့ကွယ် .........


Credit to original writer

No comments:

Subscribe

လာလည်သူများ

free counters