♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 30, 2016

" ဒီနှစ် ချစ်သူများနေ့မှာ စုံတွဲတိုင်းထားသင့်တဲ့ ကတိ (၁၇) ခု "

 

၁ - တစ်ယောက်ကိုတစ်ယောက်မကျေနပ်တာရှိတဲ့အခါ အော်တာဟစ်တာမျိုးမလုပ်ခင် အရင်ဆွေးနွေးမယ်ဆိုတဲ့ကတိ

၂ - တစ်ပတ်တစ်ခါတော့အနည်းဆုံး တွေ့ကြမယ်ဆိုတဲ့ကတိ

၃ - စာအုပ်တစ်အုပ် ဒါမှမဟုတ် ဗီဒီယိုခွေတစ်ခွေကို နှစ်ယောက်ကြည့်ကြမယ်ဆိုတဲ့ကတိ

၎ - ယခင်က ပြသာနာဟောင်းတွေကို ပြန်မဖော်ပါဘူးဆိုတဲ့ ကတိ

၅ - ဝါသနာသစ်တစ်ခုကို အတူလုပ်ကြမယ်ဆိုတဲ့ကတိ

၆ - မက်ဆေ့ အပြန်အလှန်ပို့ပါမယ်ဆိုတဲ့ကတိ

၇ - နှစ်ယောက်စလုံးမှာရှိတဲ့ မကောင်းတဲ့အကျင့်တွေကို ဖျောက်ကြမယ်ဆိုတဲ့ကတိ

၈ - အနာဂတ်အတွက် ပိုက်ဆံစုကြမယ်ဆိုတဲ့ကတိ

၉- လက်မထပ်မီ လင်မယားတမ်း မကစားကြပဲ အပျိုစင်အဖြစ်နေကြမယ် ဆိုတဲ့ကတိ


၁၀- လက်ထပ်တဲ့အခါ နေထိုင်ရန် အခန်းငှားဖို့၊ အိမ်အတွက် အရေးကြီးတဲ့ ပစ္စည်းပစ္စယတွေ ဝယ်ယူဖို့ ငွေကြေး
      စုဆောင်းကြဖို့ဆိုတဲ့ ကတိ

၁၁- မူးယစ်သောက်စား ပျော်ပါးတာတွေကို ရှောင်ကြဉ်ကြမယ်ဆိုတဲ့ ကတိ

၁၂- ဘုရား တရားကြည်ညိုလေးစားပြီး နောင်အနာဂါတ်အတွက် လင်ယောက်ျားကောင်း ဇနီးမယားကောင်း ဖြစ်အောင်
      ကြိုတင် လေ့ကျင့်နေထိုင်ကြဖို့ဆိုတဲ့ ကတိ

၁၃- သူ့မိဘကိုယ့်မိဘ အသိုင်းအဝိုင်းတွေကို ထိခိုက်စေမယ့် အသုံးအနှုန်းတွေ အခုကတည်းက မသုံးကြဘူးလို့ ဆိုတဲ့ကတိ

၁၄- တွေ့တဲ့အခါတိုင်း ရန်မတွေ့ပဲ အကြင်နာလေးတွေပေးပြီး ယုယုယယ နေကြမယ်ဆိုတဲ့ ကတိ     
     (တခါတလေတော့ ကောင်မလေးက အချော့ခံချင်လို့ စိတ်ကောက်တာကို အလိုက်သိသိချော့ပေးပေါ့ )

၁၅- အခက်အခဲတွေ့လာရင် အတူရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတဲ့ ကတိ

၁၆- အပြောအဆို လိမ္မာယဉ်ကျေးကြမယ်ဆိုတဲ့ ကတိ ( မိဘတွေ အပြောအဆို ယဉ်ကျေးသိမ်မွှေ့မှ ကိုယ်မွေးလာမည့်
      ကလေးတွေလည်း ကိုယ့်လို ယဉ်ကျေးကြမှာ ဖြစ်ပါတယ်)

၁၆- ကိုယ့်ချစ်သူရဲ့ မကောင်းကြောင်း သူများပြောတာကို နားထောင်းပြီး မစူးစမ်း မဆင်ခြင်ပဲ ရန်မဖြစ်ကြဖို့ဆိုတဲ့ ကတိ

၁၇- ချစ်တဲ့သူနှင့် မတော်တဆ အချစ်နယ်လွန်ခဲ့ရင် အရှက်မကွဲခင် ယောက်ျားကောင်းပီပီ လက်ထပ်ယူမယ်ဆိုတဲ့ ကတိ


Credit - Duwun
Credit : http://www.searchmyanmar.com/#content-56521

No comments:

Subscribe

လာလည်သူများ

free counters