♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 25, 2016

" ယောက်ျားလေးများအနေနဲ့ ကောင်မလေးတွေရဲ့ စိတ်ဝင်စားမှု ရစေမယ့် ရေမွှေး "

 
"Love hormone" oxytocin လို့ ခေါ်ဆိုတဲ့ လူကိုယ်တိုင် ဖန်တီးသော nasal spray တစ်မျိုးက အမျိုးသားတွေကို အမျိုးသမီးများအား ညှို့ယူဖမ်းစားစေနိုင်ကြောင်း သိပ္ပံပညာရှင်များက ဖော်ပြထားပါတယ်။
University of Bonn မှ သုတေသနပညာရှင်များက ဒါကို ရှူမိတဲ့ အမျိုးသမီးများက သူတို့ချစ်သူလက်တွဲဖော်ကို ၁၅% ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်မြင်ကြကြောင်း Dail Mail က ဖော်ပြထားပါတယ်။ အဆိုပါ Spray မှာ လူကိုယ်တိုင် ဖန်တီးတဲ့ hormone oxytocin ပုံစံတစ်မျိုးဖြစ်တဲ့ တစ်ယောက်ကို တစ်ယောက် မေတ္တာသက်ဝင်တဲ့အခါ ဦးနှောက်မှာ အလိုအလျောက်ထွက်လာတဲ့ syntocinon ပါဝင်ပါတယ်။
Oxytocin က မီးဖွားနေစဉ် အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ဆောင်ရွက်တယ်၊ မိခင်တွေမှာ နို့ရည်ထွက်အောင် လှုံ့ဆော်မှုပြုပြီး ကလေးများကို သံယောဇဉ်တွယ်စေပါတယ်။ စမ်းသပ်ခံသူများအနေနဲ့ ယင်းအနံ့ကို ရှူမိပြီးနောက်မှာ သူတို့
လက်တွဲဖော်တွေ ၁၅% ပိုဆွဲဆောင်မှုရှိတယ်လို့ မြင်ကြပါတယ်။
ဒါပေမယ့် သန္ဓေတားဆေး သောက်ထားတဲ့ အမျိုးသမီးများအနေကတော့ ဘာမှ မခံစားချက်မှမရှိကြောင်း သိရပါတယ်။
 Ref:timesofindia.indiatimes




Credit : http://bagoknowledge.blogspot.co.uk/2016/01/blog-post_904.html

No comments:

Subscribe

လာလည်သူများ

free counters