♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 25, 2016

" တရုတ်နိုင်ငံမှာ ရေပန်းစားနေတဲ့ ရင်သားနဲ့ ဘောပင်ကို ညှပ်ပြပြီး မိန်းမစစ်ကြောင်းသက်သေပြတဲ့ ပြိုင်ပွဲ "


တရုတ်နိုင်ငံက လူမှုမီဒီယာမှာ လက်ရှိရေပန်းစားနေတဲ့အရာကတော့ အိုက်စ်ဘတ်ကတ်(Ice Bucket) ပြိုင်ပွဲလည်းမဟုတ်
သလို ကွန်ဒုံး အသုံးချမှု ပြိုင်ပွဲလည်း မဟုတ်တော့ပြန်ပါဘူး။ လက်ရှိ တရုတ်နိုင်ငံ က အမျိုးသမီးတွေကြားမှာ ရေပန်းစားနေ
တာကတော့ "စစ်မှန်တဲ့ မိန်းမ" ဖြစ်ကြောင်း သက်သေပြဖို့အတွက် ဘောပင် ၊ မျက်ခုံးမွှေးဆွဲတံ စတာတွေကို ရင်သားနဲ့ညှပ်
ထားပြတဲ့ ဓါတ်ပုံတွေ ရိုက်ကူးခြင်းပဲ ဖြစ်ပါတယ်။

ဒီ အိုင်ဒီယာကတော့ ရိုးရှင်းပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့  အပေါ်အကျီင်္ကို မတင်ကာ ဘောပင်(သို့)ခဲတံတစ်ခုခုကို
ရင်သားအောက်မှာ ညှပ်ပြီးပင့်ချီပြကာ ဆယ်လ်ဖီ ဓါတ်ပုံရိုက်ပြီး လူမှုမီဒီယာပေါ်မှာ မိန်းမစစ်မှန်ကြောင်းအပြိုင်အဆိုင်ကြွား

ကြတာပါပဲ။                                  


 

အဲဒီ ဓါတ်ပုံတွေဟာလည်း တရုတ်နိုင်ငံ က လူမှုမီဒီယာ အသုံးပြုသူများအကြား ဝေမျှမှု အကြိမ်ရေ သန်းနဲ့ချီရှိခဲ့ပြီး တစ်ချို့  ဝေမျှမှုတွေမှာတော့ "သင်လည်း မိန်းမစစ်မှန်သူတစ်ယောက်ဖြစကြောင်း သက်သေပြဖို့ ပြိုင်ပွဲဝင်လိုက်ပါ" ဆိုတဲ့ စာသား
တွေလည်း တွဲဖက်ပါဝင်ခဲ့ပါတယ်။ ထိုရေပန်းစားမှုဟာ တရုတ်နိုင်ငံက လူမှုမီဒီယာ Sina Weibo သုံးစွဲသူတွေအကြားမှာ အငြင်းအခုံဖြစ်နေပြီး တစ်ချို့  သုံးစွဲသူတွေကတော့ မျိုးရိုးဗီဇ ကြောင့် ရင်သားကြီးမားနေသူတွေ အမြတ်ထုတ်နေတဲ့ ပြိုင်ပွဲလို
့ဝေဖန်နေကြပါတယ်။



"လူတစ်ချို့ ဟာ သူတို့ ခန္ဓာကိုယ် ကို အင်တာနက်မှာဖော်ပြချင်တာနဲ့ပဲ ဘာမဆိုလုပ်ဖို့မျှော်လင့်ထားပြီး ဥာဏ်နည်းနေကြပါ
တယ်။ ကျွန်မထင်တာကတော့ စစ်မှန်တဲ့ မိန်းမပီသမှုဟာ အ၀တ်အစားတွေအောက်မှာမဟုတ်ပါဘူ။ခန္ဓာကိုယ်ကောက်
ကြောင်းကို ကြည့်ရုံနဲ့ ဘယ်လောက် မိန်းမဆန်သလဲ မဆုံးဖြတ်နိုင်ပါဘူး" လို့ Aimee Fletcher က Mirror သတင်းဌာန
ကို ပြောပြခဲ့ပါသေးတယ်။ ဒီရေပန်းစားမှုနဲ့ ပတ်သက်ပြီး ရင်သားကင်ဆာရောဂါကြောင့် ရင်သားတွေ ဖြတ်ထုတ်ထားရတဲ့
Aimee Fletcher ဆိုတဲ့ မိန်းကလေး တစ်ဦးက Twitter မှာ ရင်သားမရှိတဲ့ သူမရဲ့  ရင်ဘတ် ဓါတ်ပုံကိုတင်ခဲ့ပြီး လှောင်
ပြောင်ဝေဖန်ခဲ့ပါတယ်။


Credit: ဖိုးသူတော် (http://www.phothutaw.com/2016/01/aimee-fletcher.html)
Credit:ThitHtooLwin

No comments:

Subscribe

လာလည်သူများ

free counters