♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 29, 2016

" မြန်မာနိုင်ငံမှ ဒေါ်လာ ၁၀ သန်းတန် အရောင်ပြောင်း ရှားပါး နီလာကျောက် စင်ကာပူနိုင်ငံတွင် ပြသ "

 
 
စင်ကာပူနိုင်ငံတွင် ပြသနေသည့် ရှားပါးကျောက်မျက်ရတနာ ပြပွဲတွင် မြန်မာနိုင်ငံမှ ၄၈.၉၅ ကာရက် ကြယ်ရောင် နီလာ (Star Sapphire) ကို အများပြည်သူကို ပြသခဲ့သည်ဟု ဆိုပါသည်။ Star of Genesis ဟု အမည်ပေးထားသည် နီလာသည် အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုး သတ်မှတ်ထားပြီး အဖြူရောင် အလင်းအောက်တွင် အပြာလဲ့လဲ့ အရောင်ထွက်တတ်ပြီး အ၀ါရောင် မီးအလင်းအောက်တွင် ခရမ်းရင့်ရောင် ရှိပါသည်။ ယင်းကျောက်အပေါ် အလင်းကျရောက်သည့်အခါ သဘာဝ ရောင်စဉ်လိုင်းများက ကြယ်ပုံသဏ္ဍာန် ဖြစ်ပေါ်သည့်အတွက် အဆိုပါ နီလာကို မီးမဖုတ်ပဲ သဘာဝအတိုင်း ထားရှိခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ”ဒါကို Asterism လို့ ခေါ်ပါတယ်။” ဟု အဆိုပါ နီလာလည်ဆွဲကို ပြသနေသည့် ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဒယ်နစ်တန်က ဆိုသည်။ ”ဒီကျောက်မျက်ကို အခုံးပုံသဏ္ဍာန် ပုံသွင်းထားပါတယ်။ ဒါမှလည်း ကျောက်မျက်ဆီလာသည့် အလင်းတန်းများဟာ မျက်လုံးဆီကို ကြယ်ရောင်ကဲ့သို့ ရောင်ပြန်ဟပ်မယ်။” ဟု ၄င်းက ရှင်းပြခဲ့သည်။ ”ဒီအရွယ်အစားထဲက အပူမပေးထားတဲ့ နီလာကို ရဖို့ အလွန်ခက်ခဲပါတယ်။ ဒီထက်ပိုရှားတာက ဒီအရွယ်ထဲက ကြယ်အရောင်လဲ့တဲ့ အရောင်ပြောင်း နီလာမျိုးပါ။ ဒါကြောင့်လည်း ဒီလောက် ဈေးခေါ်နိုင်တာပါ။” ယင်းနီလာကို ၁၁ ကာရက်ရှိ စိန် ၅၂ ပွင့်ဖြင့် ၀န်းရံထားခြင်း ဖြစ်သည်။ အဆိုပါ Jewels of Orient ကျောက်မျက်များ ပြပွဲသည် ၉ ရက်ကြာမည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသည့်

 နိုင်ငံတကာမှ ကျောက်မျက် ၁၅၀ တွဲ ခန့်ကို ပြသထားသည်။ အောက်တိုဘာ ၁၀ ရက်မှ ၁၈ ရက်နေ့အထိ စင်ကာပူနိုင်ငံရှိ Parkroyal ဟိုတယ်တွင် ပြပွဲကျင်းပလျက်ရှိသည်။
 PKTL The Ladies News Journal

Credit : http://www.salingyihero.com/2015/10/blog-post_20.html?m=1

No comments:

Subscribe

လာလည်သူများ

free counters