♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 28, 2016

" မိန်းမနှစ်ယောက်မယူရင် ထောင်ကျမယ့် နိုင်ငံ " ဟိဟိ အားကျထှာ... :-)

အီရီထေရီးယန်းအစိုးရဟာ နိုင်ငံတွင်းကအမျိုးသားတွေကို အနည်းဆုံးမိန်းမနှစ်ယောက်ယူဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး မလိုက်
နာဘူးဆိုရင် ထောင်ချမှာဖြစ်ပါတယ်။ အမျိုးသားဦးရေပြတ်လပ်မှုကို ကြုံတွေ့နေရတဲ့ နိုင်ငံရဲ့အခြေအနေ အရပ်ရပ်အရ အီရီထေရီးယန်းအစိုးရဟာ အောက်ပါအချက်တွေကို ထုတ်ပြန်ကြေညာလိုက်တယ်ဆိုပြီး အဆိုပါအမိန့်ကို အာရေဗီဘာ
သာစကားနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကြေညာလိုက်တာဖြစ်ပါတယ်။

အမျိုးသားတိုင်းဟာ အနည်းဆုံးမိန်းမနှစ်ယောက်ယူရမှာဖြစ်ပြီး ပျက်ကွက်တဲ့အမျိုးသားကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်
သက်တစ်ကျွန်းချမှာဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူက နောက်ထပ်အမျိုးသမီးတစ်ဦးလက်ထပ်ရာမှာ တားဆီးပိတ်ပင်မှုတွေ
လုပ်နေတဲ့အမျိုးသမီးတွေကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမယ်လို့ အဆိုပါကြေညာချက်မှာ ပါဝင်ပါတယ်။

၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း အီရီထေရီးယန်းနိုင်ငံဟာ အီသီယိုးပီးယားနိုင်ငံနဲ့စစ်ဖြစ်ခဲ့ပြီး စစ်သား ၁၅၀၀၀၀
သေဆုံးခဲ့တာကြောင့် နိုင်ငံရဲ့ယောက်ျားလေးဦးရေဟာ သာမန်ထက်လျော့နည်းသွားခဲ့ပါတယ်။ အီရီထေရီးယန်းဟာ အရှေ့

အာဖရိကမှာ တည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်းလူဦးရေဟာ ၄ သန်းခန့်သာရှိတာဖြစ်ပါတယ်။

Credit : ဖိုးသူတော်(http://www.phothutaw.com/2016/01/blog-post_602.html)
Credit : duwun

No comments:

Subscribe

လာလည်သူများ

free counters