♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 24, 2016

" သိမ်းငှက် တစ်ကောင် တန်ဖိုးက ဒေါ်လာ (၁) သန်းအထိရှိ "

အေသင်အောင်

 ရှေးနှစ်ပေါင်း များစွာက သိမ်းငှက်တွေကို အမဲလိုက်ရာမှာ အသုံးပြုလေ့ ရှိကြ ပါတယ်။ ဒါ့အပြင် သိမ်းငှက်တွေကို စစ်မြေပြင် သတင်းများ ထောက်လှမ်းခြင်း မှာလည်း အသုံးပြုလေ့ရှိ ပါတယ်။ (၂၁) ရာစုကို ရောက်ရှိ လာပြီးတဲ့ နောက်ပိုင်းမှာတော့ ခေတ်မီ ပစ္စည်းတွေ ပေါ်ပေါက်လာခဲ့ တာမို့ သိမ်းငှက်တွေရဲ့ အခန်းကဏ္ဍ လျော့ကျ သွားမယ်လို့ ထင်မှတ်စရာ ဖြစ်ခဲ့ပါတယ်။
                    နောက်ဆုံးပေါ် မောင်းသူမဲ့လေယာဉ် တွေကြောင့် သိမ်းငှက်တွေရဲ့ စွမ်းဆောင်မှု အရေးမပါ တော့ဘူးလို့ သုံးသပ်မှုတွေ ပေါ်ထွက်လာခဲ့ ပါတယ်။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းမှာတော့ သိမ်းငှက်တွေရဲ့ အခန်းကဏ္ဍဟာ ကြီးမားနေဆဲ ဖြစ်ပါတယ်။ အထူး သဖြင့် ယူအေအီး နိုင်ငံမှာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံမှာ လေ့ကျင့် သင်ကြားပေး ထားတဲ့ သိမ်းငှက် တစ်ကောင်ရဲ့တန်ဖိုးဟာ ဒေါ်လာ (၁) သန်းအထိ ရှိတယ်လို့ သိရပါတယ်။ သိမ်းငှက်တွေ ကို အရှေ့အလယ်ပိုင်းမှာ ရာစု နှစ်ပေါင်း များစွာ ကတည်းက အသုံးပြုလာ ခဲ့တာ ဖြစ်ပါ တယ်။ အထူး သဖြင့် အမဲလိုက်ရာမှာ သိမ်းငှက်တွေကို အသုံးပြု ခဲ့ပါတယ်။ သိမ်းငှက်တွေဟာ အာရုံစူးရှမှု ကောင်းမွန် တာမို့ အမဲလိုက်ရာမှာ လွန်စွာ အသုံးဝင်တဲ့ သတ္တ၀ါ တစ်ကောင် ဖြစ်ပါတယ်။
                သိမ်းငှက်တွေကို ယူအေအီး နိုင်ငံမှာ စနစ်တကျ မွေးမြူမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။ သိမ်းငှက်တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ ဖွင့်လှစ် ရောင်းချတဲ့ ဆိုင်တွေလည်း ရှိပါတယ်။ ယူအေအီး နိုင်ငံမှာ သိမ်းငှက်တွေ အတွက် ဆေးရုံတောင် ဆောက်လုပ်ပေး ထားတယ်လို့ ဆိုပါတယ်။ သိမ်းငှက် တွေကို စနစ်တကျ လေ့ကျင့်ပေးပြီး သူတို့ရဲ့
ခန္ဓာကိုယ်မှာ ခြေရာခံနိုင်တဲ့ ကိရိယာတွေ တပ်ဆင်ပေးထား ပါတယ်။ ယူအေအီး နိုင်ငံမှာ သိမ်းငှက်တွေနဲ့ ပတ်သက်ပြီး ပြိုင်ပွဲ တွေလည်း ပြုလုပ်လေ့ရှိ ပါတယ်။ သိမ်းငှက်တွေဟာ အမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းလည်း ကွာခြားလေ့ရှိ ပါတယ်။ မှောင်ခို ဈေးကွက် မှာ သိမ်းငှက် တစ်ကောင်ရဲ့ တန်ဖိုးဟာ ဒေါ်လာ(၁) သန်းအထိ ရှိနေတယ်လို့ ဆိုထား ပါတယ်။ ယူအေအီး နိုင်ငံမှ ချမ်းသာ ကြွယ်ဝသူတွေ ဟာ သိမ်းငှက်တွေကို အမြတ်တနိုး မွေးမြူလေ့ရှိကြ ပါတယ်။


Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=31564

No comments:

Subscribe

လာလည်သူများ

free counters