♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 25, 2016

" အမျိုးသမီးတွေ ခိုက်အောင် အင်္ကျီအရောင် ဘယ်လိုရွေးမလဲ "

 
အမျိုးသားတွေမှာ အမျိုးသမီးတွေလို ကြိုက်တဲ့အရောင် ဝတ်လို့ အဆင်မပြေပါဘူး။ အရောင်တွေက ကိုယ့်ရဲ့ စိတ်နေစိတ်
ထားကို ဘယ်လိုဖော်ပြသလဲ၊  အမျိုးသမီးတွေကို ဘယ်လို ဆွဲဆောင်နိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အပြာရောင်
အပြာရောင်က တည်ငြိမ်ရင့်ကျက်မှု အသွင်ဆောင်ပါတယ်။

၂။ အနီရောင်
စွဲဆောင်မှု အရမ်းကောင်းတဲ့ အရောင်ပါ။ အမျိုးသမီးတွေ အမြင်မှာ ထင်းလင်းပြီး ဆွဲဆောင်မှုရှိသူလို့ မြင်စေချင်ရင် အနီရောင်ကို ရွေးချယ်သင့်ပါတယ်။

၃။ ကြက်သွေးရောင်
အိနြေ္ဒရှင်ကြီးအဖြစ် အမြင်ခံချင်ရင်တော့ ကြက်သွေးရောင်ကို ရွေးချယ်နိုင်ပါတယ်။

၎။ ပန်းရောင်
နှလုံးသား နုနယ်သူ၊ ပျော်ပျော်နေတတ်သူလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။

၅။ အစိမ်းရောင်
အစိမ်းရောင်ကတော့ ယောက်ျားဆန်မှုကို ပြသပါတယ်။

၆။ အဖြူရောင်
ရှင်းသန့်ကျော့မော့သွားစေပါတယ်။ အစွန်းအထင်းမရှိအောင် ဂရုစိုက်ဖို့တော့ လိုတာပေါ့။

၇။ အနက်ရောင်
ဒါကတော့ လူတိုင်းကြိုက်တဲ့အရောင်ပါ။ ဘာကို ရွေးရမယ်မှန်း မသိတဲ့အခါ အနက်ရောင်ကိုသာ ရွေးသွားပါ။ ဒါပေမဲ့
လူတိုင်းဝတ်တတ်တဲ့ အရောင်ဖြစ်လို့ ထူးခြားတဲ့ ဆွဲဆောင်မှုကိုတော့ ပေးမှာ မဟုတ်တဲ့အတွက် ဆွဲဆောင်မှုရှိစေဖို့ ဒီဇိုင်းနဲ့ သပ်ရပ်မှုကို အလေးထားသင့်ပါတယ်။

Credit : duwun
Credit : http://www.shwechitthu.com/2016/01/blog-post_603.html

No comments:

Subscribe

လာလည်သူများ

free counters