♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 24, 2016

" မြောက်ကိုရီးယားနိုင်ငံက ထူးထူးခြားခြား ဥပဒေ ဆယ်ခုအကြောင်း " 10 Of The Strangest Laws In North Korea

 

1. Restricted Television

မြောက်ကိုရီးယားနိုင်ငံမှာ တီဗီလိုင်းတွေကို အစိုးရက လိုအပ်သလို ထိန်းချုပ်ထားပါတယ် ။ ပြသသမျှဟာလည်း ဝါဒဖြန့်ချီရေးတွေချည်းလိုလိုပါပဲ ။ ဒါပေမယ့်လည်း တောင်ကိုရီယား ရုပ်သံလိုင်းတွေကို ခိုးပြီးဖမ်းယူကြည့်ရှုနိုင်ပါတယ် ။ မိသွားရင်တော့ ဘယ်သူမဆို ပြစ်ဒဏ်ခံရမှာပါ။

2. Haircut Approval


မြောက်ကိုရီးယားနိုင်ငံမှာ နေထိုင်သူတွေဟာ ဆံပင်ပုံစံ ၂၈ မျိုးကလွဲလို့ အခြားပုံ ထားခွင့်မရှိပါဘူး ။ အမျိုးသမီးတွေအတွက် ပုံစံ ၁၈ မျိုးနဲ့ အမျိုးသားတွေအတွက် ပုံစံ ၁၀ ခုထဲကပဲ ရွေးချယ်ခွင့် ရှိပါတယ် ။ လက်ထပ်ထားတဲ့ အမျိုးသမီးတွေဟာ ဆံပင်အတိုထားနိုင်ပြီး အမျိုးသားတိုင်းကတော့ ဆံပင်ကို သုံးလက်မထပ် ပိုပြီးအရှည်ထားခွင့် မရှိပါဘူး။

3. Restricted Music 


တီဗီကြည့်ရှုခွင့်ပုံစံမျိုးပါပဲ ၊ အစိုးရက နိုင်ငံသားတွေ ဘယ်လိုသီချင်းမျိုးကိုပဲ နားထောင်ရမယ်ဆိုပြီး ထိန်းချုပ်ထားပါတယ် ။ အနောက်တိုင်းလွှမ်းမိုးမှုရှိတဲ့ pop, classical, နဲ့ folk အမျိုးအစား သံစဉ်တွေ ဖြစ်နေရင်တောင် သီချင်းစာသားက အစိုးရကောင်းကြောင်းနဲ့ မြောက်ကိုရီးယားဟာ ကောင်းမွန်ကြောင်း ရေးသားထားရင် ခွင့်ပြုပေးထားပေမယ့် ၊ အခြားအနောက်တိုင်း သံစဉ်တွေကိုတော့ ခွင့်မပြုထားပါဘူး။

4. Blue Jeans Are Illegal


မြောက်ကိုရီးယားမှာ ဂျင်းဘောင်းဘီအပြာတွေကို ပိတ်ပင်ထားပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ဒါဟာ အမေရိကန်လွှမ်းမိုးမှု ရှိတယ်လို့ ယူဆလို့ပါပဲ ။

5. Pornography Ban


အပြာဇာတ်ကားတွေ ကြည့်ရှုခြင်း၊ ဖြန့်ချီခြင်းကို တားမြစ်ထားတာဟာ မထူးဆန်းလှပေမယ့် ဒီအတွက် ပြစ်ဒဏ်က
 သေဒဏ်ဆိုရင်တော့ ထူးဆန်းလှပါတယ်။ နာမည်ကျော် ဇာတ်လမ်းတစ်ပုဒ်မှာတော့ ခေါင်းဆောင်Kim Jong-Un ဟာ သူရဲ. ရည်းစားဟောင်းကို sex tapes ဖြန့်ချီလို့ ဆိုပြီး သူမရဲ. မိသားစုတွေရှေ.မှာတင် သတ်ခဲ့တယ်လို့ ဆိုကြပါတယ် ။ ဒါပေမယ့်လည်း တစ်နှစ်လောက် ကြာပြီးချိန်မှာတော့ သူမကို အစိုးရတီဗီ အစီအစဉ်တွေမှာ ပြန်တွေ့ရပါတယ်။

6. Leaving is Forbidden


မြောက်ကိုရီးယား နိုင်ငံသားတွေဟာ သူတို့နိုင်ငံကနေ ထွက်ခွာခွင့် မရှိပါဘူး ။ များစွာသော သူတွေဟာ တရုတ်ကို တိမ်းရှောင်ထွက်ပြေးလေ့ ရှိပါတယ် ။ သူတို့ဟာ နိုင်ငံအတွင်း ပြန်လာရင်တော့ ဖမ်းခံရပြီး အပြစ်ဒဏ်ခံရနိုင်ပါတယ်။

7. Restricted Internet Use


အင်တာနက်ဟာ သတင်းအချက်အလက်ပေါင်း များစွာရရှိနိုင်တာမို့ အစိုးရက ထိန်းချုပ်မှုတွေ ပြုလုပ်ပြီးမှ အသုံးပြုခွင့် ပေးပါတယ် ။ အင်တာနက်ကို ပြည်သူတွေအတွက်မဟုတ်ပဲ အစိုးရပိုင်းနဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက်ပဲ ရည်ရွယ်ပြီး ထားရှိတာ ဖြစ်ပါတယ် ။ မြောက်ကိုရီးယားရဲ. အင်တာနက်မြန်နှုန်းဟာ 2.5 gigabit per second ဖြစ်ပြီး 3G network အသုံးပြုနိုင်ပါတယ်။

8. No Advertisements

မြောက်ကိုရီးယားရဲ. ဥပဒေတစ်ခုမှာ ကြေငြာခြင်း ပြုလုပ်ရင် ပြည်နှင်ဒဏ်ခံရမယ်လို့ ဆိုထားပါတယ် ။ ဒါကြောင့်မို့ပဲ မြောက်ကိုရီးယားက အဆောက်အဦးတွေ ၊ ဆက်သွယ်ရေး ယာဉ်ရပ်နားရာနေရာတွေမှာ ဘာကြေငြာမှ ရှိမနေပါဘူး ။ ဒါပေမယ့် ပိုစတာအချို.ကိုတော့ တွေ့နိုင်ပြီး ၊ ဒါတွေကလည်း ဝါဒဖြန့်ချီရေး ပိုစတာတွေ ဖြစ်ပါတယ်။

9. Students Pay for Everything

သင့်အနေနဲ့ မြောက်ကိုရီးယားမှာ ပညာသင်ကြားမယ်ဆိုရင် တန်ဖိုးအတော်ပေးဆပ်ရမှာပါ ။ ကျောင်းသားတွေဟာ စာသင်ဖို့အတွက် စားပွဲခုံနဲ့ ကုလားထိုင်ပါ ကိုယ်တိုင်ယူဆောင်လာရပါတယ် ။ ကျောင်းမှာလည်း ပေးဆောင်ရတာတွေ ရှိပါသေးတယ်။

10. Tourism Must Be Guided

မြောက်ကိုရီးယားဟာ အခြားနိုင်ငံကလူတွေ သူ့ဆီအလည်အပတ်လာဖို့ ခွင့်ပြုပေးထားတယ် ဆိုတာကို သင်ယုံပါသလား ? ဒါပေမယ့် သွားရောက်လည်ပတ်ဖို့ အခွင့်အလမ်းကတော့ နည်းပါးပါတယ် ။ အစိုးရက လက်ခံထားတဲ့ ကုမ္ပဏီတွေကနေ တစ်ဆင့်သာ လည်ပတ်ခွင့် ရရှိမှာပါ။
Mynmar Portal


Credit : http://bagoknowledge.blogspot.co.uk/2016/01/blog-post_4.html
Credit : http://www.lolwot.com/10-of-the-strangest-laws-in-north-korea/

No comments:

Subscribe

လာလည်သူများ

free counters