♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 26, 2016

" ဆီကို ဒီလိုနည်းဖြင့် ပြန်သုံးနိုင် "

 
ကျန်းမာရေး ပြသနာတွေ ဖြစ်စေတတ်လို့ တစ်ခါ ကြော်လှော်ချက်ပြုတ်ပြီးနောက် အဲဒီဆီကို ပြန်အသုံးပြုဖို့ သတိလက်တွန့်နေလား။ ပြန်လည်အသုံးပြုနိုင်စေမယ့် နည်းလမ်းတချို့ ရှိပါတယ်။

ဆီကို ရွေးဝယ်ယူပါ
ချက်နည်းပြုတ်နည်းပညာကို သိပ်မကျွမ်းကျင် မပိုင်နိုင်ရင်တော့ ဆီက ပြန်သုံးလို့ ရတော့မှာ မဟုတ်ပါ။ ဆီတိုင်းမှာ မီးခိုးထ/အူအမှတ် (smoking point) ဆိုတာ ရှိကြပါတယ်။ ဆီ မကောင်းတော့တဲ့ ပျက်စီးသွားတဲ့ အပူချိန် ဖြစ်ပါတယ်။ မြေပဲဆီ သို့မဟုတ် သီးနှံဆီတွေ အသုံးပြုပါ။ Smoking point မြင့်လို့ အလွန်တကူ ပျက်စီးမှာ မဟုတ်ပါဘူး။ သံလွင်ဆီကိုတော့ ပြန်မသုံးပါနဲ့။ သူ့မှာ smoking point နိမ့်ပြီး အနံ့အသက် စူးရှမှုရှိပါတယ်။ ဆီပူပူကြီးထဲ နှစ်ကြော်ဖို့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတော့ မဟုတ်ပါ။

ဆီကို စစ်ထုတ်ပေးပါ
ပထမဆုံးအကြိမ်နဲ့ နောက် ပြန်ကြော်ပြီးတိုင်း ဆီကို ငဲ့ထုတ်ပြီး အနယ်တွေ စစ်ထုတ်ပါ။ ပဲ့ထွက်လာတဲ့ မုန့်အစအနတို့လို မသန့်စင်တာမှန်သမျှနဲ့ မလိုအပ်တာတွေက ဆီရဲ့ တည်ကြည်မှုကို ပျက်စီးစေကာ နောက်ပြန်နွေးတဲ့အခါ လောင်ကျွမ်းစေပါလိမ့်မယ်။

ရေခဲသေတ္တာမှာ သိမ်းထားပါ
ဆီကို အခန်းအပူချိန်ထိထားပြီး လေအလုံပိတ် ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

ဆီကို အနံ့အသက်အလျောက် သီးခြားစီ သုံးပါ
ဆီက မိမိချက်ပြုတ်ခဲ့တဲ့ အစားအသောက်ရဲ့ အနံ့ပေါ် စွဲသွားပါလိမ့်မယ်။ ငါးကြော်တဲ့ဆီက ပုဇွန်ကြော်ဖို့ ကောင်းနေသေးပေမယ့် ကြက်သွန်နီအတွက်တော့ လုံးဝမကောင်းတော့ပါ။ အနံ့အသက်ရောရှက်မှုမရှိစေဖို့
ဆီကို သပ်သပ်စီ ခွဲသုံးပေးပါ။

Ref: Indiatimes

Credit : http://www.trend.com.mm/2016/01/25/food-8664

No comments:

Subscribe

လာလည်သူများ

free counters