♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 29, 2016

" မျောက်ခေါင်း အစားထိုးခွဲစိတ်မှု အောင်မြင်ပြီးနောက် လူဦးခေါင်း အစားထိုးခွဲစိတ်ရန် နီးစပ်လာ "

 
မျောက်ခေါင်း အစားထိုးခွဲစိတ်မှု အောင်မြင်ပြီးတဲ့နောက် လူဦးခေါင်းကို အစားထိုး ခွဲစိတ်နိုင်ဖို့ နီးစပ်လာနေပြီလို့ ခန့်မှန်းနေပါတယ်။

အရင်နှစ်က လူဦးခေါင်းကို အစားထိုးကုသဖို့ ခွဲစိတ်ဆရာဝန် ဆာဂျီယို ကန်နာဗာရိုရဲ့ ပြောဆိုချက်ဟာ ကမ္ဘာတ၀န်းလုံးကို မုန်တိုင်းထန်ခဲ့ပါတယ်။
ဒါဟာ နောက် ၂ နှစ်အတွင်းမှာ သွက်ချာပါဒဖြစ်တဲ့လူတွေကို အစားထိုးကုသဖို့အတွက် အဆင့်သင့် ဖြစ်စေရမယ်လို့ သူက ပြောခဲ့ပါတယ်။

ဒီနောက် တရုတ်၊ တောင်ကိုးရီးယားက သိပ္ပံပညာရှင်တွေနဲ့ စမ်းသပ်မှုတွေ တွဲဖက်လုပ်ဆောင်ခဲ့ပြီး တိရစ္ဆာန်တွေ၊ လူသေတွေနဲ့ စမ်းသပ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ရည်မှန်းချက်ဟာ နီးစပ်လာပြီလို့ ကန်နာဗာရိုက ပြောပါတယ်။
မဖြစ်နိုင်ဘူးလို့ လူတွေ တွေးနေတာကို ရပ်တန့်ဖို့ အရေးကြီးသလို ဒါဟာ လုံးဝ ဖြစ်နိုင်တဲ့အတွက် အတူလက်တွဲ လုပ်သွားဖို့လည်း ကန်နာဗာရိုက ပြောပါတယ်။

တရုတ်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်က ဇီအိုပင်ရန် ဦးဆောင်တဲ့ သုတေသနအဖွဲ့က မျောက်ဦးခေါင်းကို အောင်မြင်စွာ အစားထိုးခွဲစိတ်မှု တခုကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဦးခေါင်းနဲ့ ခန္ဓာကိုယ်အသစ်ကြားက သွေးအထောက်အပံ့ကို အောင်မြင်အောင် ဆက်စပ်နိုင်ခဲ့ပြီး ကျောရိုးနပ်ဗ်ကြောကိုတော့ ဆက်စပ်အောင် မကြိုးစားသေးပေမယ့် ခွဲစိတ်မှုကတော့ အောင်မြင်တယ်လို့ ဆိုပါတယ်။

ရောဂါခံစားနေရတဲ့ ရုရှားလူငယ်တဦးကိုလည်း ဦးခေါင်းခွဲစိတ်မှုအတွက် ကန်နာဗာရိုက ငွေကြေးရှာဖွေနေသလို
ဒီခွဲစိတ်မှုအတွက် ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မတ်ခ်ဇူကာဘတ်ဆီကနေ ငွေကြေးတောင်းခံဖို့ ကန်နာဗာရိုက ရည်ရွယ်နေတယ်လို့ ဆိုပါတယ်။
လာမယ့်လအတွင်း ခွဲစိတ်မှုတွေနဲ့ ပတ်သက်တဲ့ ဆေးဂျာနယ်မှာ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

Source : DVB
Credit : http://www.bayinma.com/2016/01/blog-post_927.html?m=1

No comments:

Subscribe

လာလည်သူများ

free counters