ရွှေသည် စားရန်မဟုတ်ပါ
ရွှေကို လုံးဝ စားလို့ မရပါဘူးဗျို့။ heavy metal poison နဲ့ သေပါတယ်။ ရွှေဆိုင်းလုပ်တဲ့ chemical တွေကလဲ ဒုက္ခပေးပါတယ်။ ရွှေဟာ heavy metal အမျိုးအစားထဲမှာ ပါဝင်ပြီး လူရဲ့ soft tissue တွေထဲမှာ အနည်ထိုင်ပြီး အဆိပ်သင့်တတ်ပါတယ်။ heavy metal poison ဆိုတာ လေးလံသော သတ္တုဆိပ်ပါ။ ရွှေက လေးလံပါတယ်။
ရွှေကို ဘယ်လောက်ပဲ ပါးအောင်လုပ်ထား လုပ်ထား သေးငယ်သော ရွှေမှုံရွှေစတွေဟာ အထက်ကဆိုထားသလိုပဲ လူ့ရဲ့ အသားနုမျှဉ်တွေထဲမှာ စိမ့်ဝင်နေပြီး ကိုယ်ခန္ဓာထဲက တခြားဓါတ်တွေနှင့် ထိတွေ့ပြီး ရွှေချေးတက်ကာ အဆိပ်တွေ ဖြစ်လာ ပါတော့တယ်။ သတ္တုဓါတ်ပါတဲ့ လူ့ချွေးနှင့် ကြေးနီကိုကြာကြာထိထားရင်တောင် ကြေးနီဟာ ကြေးညှိတက်ပြီး အနံ့ဆိုးတွေ ထွက်လာတာကို လူတိုင်းသိကြပါတယ်။ ရွှေလည်း အဲဒိသဘောပါပဲ။ ရွှေကို အမြဲစားသူဟာ သူ့ရဲ့ အစာအိမ်နှင့် အူမကြီးထဲက နံရံကြားတွေ သေးငယ်တဲ့ အပေါက်လေးတွေထဲမှာ ရွှေမှုံတွေဟာ အနယ်ထိုင် ခိုအောင်းနေတတ်ပါတယ်။ ကာလကြာရှည်လာတဲ့အခါ အစာအိမ်နှင့် အူမကြီးကင်စာဖြစ်ပွားပြီး သေဆုံးရတတ်ပါတယ်။ မြန်မာနိုင်ငံမှ အရင်ခေတ်ဟောင်း အထင်ကရ ရုပ်ရှင်မင်းသားကြီး တဦးဟာ ရွှေဆိုင်းတွေ စားသုံးပြီး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။
အဆိပ်သင့် လက္ခဏာတွေကတော့...
- အရေပြား ယားနာကွက်ထခြင်း
- ရိုးတွင်းချဉ်ဆီ ချို့တဲ့ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း (ချောင်းဆိုး သွေးပါ၊ သွေးအန်၊ ဝမ်းမဲ )
- ခေါင်းကိုက်ခြင်း - အန်ခြင်း - ကိုယ်အနှံ့ အသားတုန်ခြင်း၊ ခြေလက်များ အလိုအလျောက် လှုပ်ခြင်း
- အသားဝါခြင်း - မျက်လုံး ဝါခြင်း၊ ဖြူဆွတ်သွားခြင်း- ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများ ဖြစ်ပွားခြင်း တို့ ဖြစ်တတ်ပါတယ်။

ရှဲထောင်ကျော်တွေပါ တွေ့နေရပါတယ်။ အလွန်ကို စိတ်ပူစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။
ဒီလို ပေါက်တကရ ရေးပြီးတော့ လူတွေကို ဒုက္ခဖြစ်စေတဲ့ကိစ္စကို လက်မခံနိုင်ပါ။
လက်လှမ်းမှီသလောက် ရွှေဆိုတာ စားလို့ မရဘူးဆိုတာ ပြောပေးကြပါ။
ကိုခန့်ကြွယ်စိုး
မှတ်စုကြမ်းမှမျှဝေသည်။
.................
No comments:
Post a Comment