♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 27, 2016

" မိတ်ကပ် ပြင်ဆင်ပြီးမှ အားရပါးရ ငိုချလိုက်မိတဲ့ ပျိုမေတွေအတွက် ၅မိနစ်အတွင်း အဆင်ပြေတဲ့ မျက်နှာအသွင်အပြင်လေး ပြန်ဖြစ်သွားအောင် လုပ်ဖို့ဆိုရင်"

 
အမျိုးသမီးတွေ အများဆုံး ကြုံရတတ်တဲ့ အခက်အခဲ ပြဿ နာတွေထဲမှာ မျက်နှာလိမ်းခြယ် ပြင်ဆင်ပြီးကာမှ စိတ်မကောင်းစရာ ကိစ္စတစ်ခုခုကြောင့် ငိုချမိလိုက်တာပါပဲ။ အပြင်သွားရမယ့် အချိန်ကလည်း ကပ်နေပြီ။ ဒီငိုထားတဲ့ မျက်နှာကြီးကို အစကနေ ပြန်ပြင်ဆင်ဖို့ကလည်း အချိန်က မလောက်တော့ဘူးဆိုရင် ဒီနည်းလမ်းလေးတွေကို သုံးကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ တစ်ခုပဲ သင့်ဆီမှာ အလှကုန်လေးတွေတော့ ရှိနေရမှာပေါ့။

၁။ ငိုနေတာကိုရပ်ပြီး နားလိုက်ပါ။
အသားကုန် အော်ဟစ်ငိုနေတာကို ရပ်လိုက်ပြီး လေကို ၀အောင် ရှုလိုက်ပါ။ ပြီးရင်တော့ သင့်မျက်နှာကို ရေဓာတ်အပြည့်ပါတဲ့ mist နဲ့ ဖျန်းလိုက်ပါ။ ဒါဆို သင့်စိတ်အေးချမ်းပြီး သင့်မျက်နှာလေးလည်း သိုသိုသိပ်သိပ်နဲ့ အဆင်ပြေသွားပါလိမ့်မယ်။

၂။သန့်ရှင်းရေးလုပ်ပါ။
သင့်မျက်လုံးနားတွေကို Visine ကို လိမ်းပေးလိုက်ပါ။ ပြီးတာနဲ့ ဂွမ်းစလေးတွေ ယူပြီး မျက်လုံးတစ်ဝိုက် ပေကျံသွားတဲ့ mascara တွေကို သုတ်ပြီလိုက်ပါ။

၃။မျက်လုံးဖောင်းမနေအောင် လုပ်ပါ။
ငိုထားလို့ဖောင်းနေတဲ့ မျက်လုံးကို အယောင်လျော့သွားအောင် အ၀တ်စတစ်ခုထဲ ရေခဲတုံးနှစ်တုံးထည့်ပြီး မျက်ခွံအပေါ်က စက္ကန့် သုံးဆယ်လောက်ကြာအောင် ဖိထားပေးပါ။ ပြီးရင်တော့ သွေးကြောတွေ ပြန်အဆင်ပြေစေဖို့ eye serum လေး လိမ်းပေးလိုက်ပေါ့။

၎။နီနေတဲ့ အသားကို မနီအောင် လုပ်ဆောင်ပါ။
ငိုချလိုက်တာနဲ့ မျက်နှာအသားအရေအရောင် ပြောင်းသွားတတ်ပါတယ်။ များသောအားဖြင့် နီသွားတတ်တဲ့ အသားအတွက် အ၀ါရောင်ဘက်ရောက်တဲ့ ကွန်ဆီလာ လိမ်းပေးလိုက်ပါ။ ပြီးတဲ့နောက်မှာတော့ အဲ့ဒီအပေါ် မိတ်ကပ် sponge ဒါမှမဟုတ် တစ်ရှုးလေးနဲ့ ကြည့်ကောင်းအောင် blend လုပ်လိုက်ပါ။

၅။ နောက်ဆုံးပိတ် အဆုံးသတ်ပြင်ဆင်လိုက်ပါ။
ငိုထားမှန်းမသိသာအောင် မျက်လုံးအတွင်း လိုင်းတွေကို အိုင်းလိုင်နာ ပြန်ဆိုးလိုက်ပါ။ နှုတ်ခမ်းနီကို
အရင့်ဘက်ရောက်တဲ့အရောင်ဆိုးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အသွင်ရယူလိုက်ပြီး ပြင်ဆင်မှုကို အဆုံးသတ်လိုကပါတော့။
Ref:cosmopolitan

Credit : http://www.trend.com.mm/2016/01/25/beauty-8659

No comments:

Subscribe

လာလည်သူများ

free counters