♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 14, 2015

"မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့"

 
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။
တစ်နေ့ တော့အဖိုး အိုက သူ့ သားနဲ့ သူ့ချွေးမ
သူ့မြေးလေးတွေရှ
ိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ်။
ဒီလိုနဲ့ ခရီးရှည်ကြီးကို
ဖြတ်သန်းပြီးတော့ သူ့သားချွေးမ နဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လ
ပါတယ် ။
စစရောက်ခြင်းမှာ
သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြ
တယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ
့အတူနေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက် လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာအားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။
တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်က
ျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေး
နားကိုဖိတ်လို့ဖ
ိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူ နဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။
“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါ
ဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင် လည်းအ သံမြည်တယ်ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူ ကိုတိုင်ပင်တယ် ။ဒီလိုနဲ့သူတို့ဟာအဖိုးအိုကိုထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲအခန်းထောင့်လေး
ှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။
အဖိုးအိုဟာ ကြွေပန်းကန်နဲ့စ
ားတဲ့အခါ မှာလည်း ခဏခဏပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။
 
အဲဒီအချိန်ကစလိုအဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်း
စားပွဲလေးမှာ စားရပါတယ် ။ 
တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ် သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။
ဒီလိုနဲ့တစ်နေ့ေ
တာ့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချို သာတဲ့စ ကားနဲ့မေးလိုက်တယ် ။ “ သား ဘာလုပ်နေတာလဲ ဟင် ”သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်
ိုက်တယ်ပြီးတော့ ပြောလိုက်တယ် ..။
“ သားလည်း အဖေ့တို့အမေတို့
လိုပဲ အဖေအမေတို့ကြီးလရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ” အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကား ကိုကြားပြီး
အလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန် လှုပ်ခြောက်ခြား
ွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ထင်းကနဲ မြင်သွားခဲ့ရတယ်
အိမ်ထဲကိုလှမ်ြး
ကည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာသူတို့ကို ငေးနေ တာတွေ့လိုက်ရပါတော့တယ် ။
သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမ
ှာပါပဲ ။ မိဘတွေကိုချစ်ခင်ကြင်နာယု ယပြီး ကိုယ့်မျိုး ဆက်တွေအတွက် 
မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြား တယ် ..လိုက်မှတ်သား
တယ် ..။ သင်တို့ပြုသမျှဟ
ာ သင်တို့ထံပြန်လာပါလိမ့်မယ် ။  
တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ ဖခင်တစ်ယောက်ပြီးတော့ အဖိုးအိုတစ်ယောက်ဖြစ် လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာသူတို့မြိုချလိုက်တိုင်း မနင်....... ပါစေနဲ့။
 လျောလျောရှူရှုဝင်ပါစေ ..။
“ မိဘကျေးဇူးဆပ်နု
ိင်ကြပါစေ ”
( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့
သည် )
မူရင်း - "The Wooden Bowl"
 
 
 
Credit : Chan Myae

No comments:

Subscribe

လာလည်သူများ

free counters