♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 16, 2015

" နီလာကျောက်များသည် သစ္စာတရားကို ဖော်ညွန်းသော ကျောက်မျက်ရတနာဖြစ်သည်"

နီလာကျောက်များသည် သစ္စာတရားကို ဖော်ညွန်းပြီး အများ၏ အရေးပေးခြင်းကို ခံရတတ်မှုကြောင့် တူရာသီဖွား ( စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်) သူများဝတ်ဆင်သင့်သောကျောက်မျက်ရတနာဖြစ်သည်။

နီလာမှာပတ္တမြားက
ဲ့သို့ ကိုရမ်ဒန် (Corundum) ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် နီလာကို Sapphire ဟုခေါ်၏။
Sapphire ဟူသော ဝေါဟာရ၏ အဓိပါယ်မှာ ပြာသည်ဟာ အဓိပါယ်ရ၏။
နီလာသည် ကမ္ဘာသမိုင်းတွင်
အဓိကရတနာတစ်မျိုးအဖြစ် နေရာယူခဲ့သောကျောက်မျက်ဖြစ်၏။ ဥရောပနန်းသုံးရတနာဖြစ်၏။
တမန်တော် (မိုးဇက်) အား ဘုရားသခင်၏ ဗျာဒိတ်တော်ဆယ်ပ
ါးကို နီလာ၏ ကျောက်သားပေါ်တွင် ထွင်းပြီး မှတ်တမ်းတင်စေခဲ့ဖူးသည်ဟုလည်း ဆို၏။နီလာ၏အပြာရောင်သည် ကောင်းကင်ဘုံဟု အဓိပါယ်ဖွင့်ဆိုနေသည့်အတွက်ဖြစ်၏။
ကိုရမ်ဒန်များတွ
င် အနီရောင်မှလွဲပြီး ကျန်အရောင်အားလုံးမှာ နီလာများပင်ဖြစ်၏။
၁။နီလာပြာ
၂။နီလာဖြူ
၃။နီလာဝါ
၎။နီလာစိမ်း
၅။နီလာရွှေ
၆။နီလာပန်း
၇။နီလာခ၇မ်း
၈။နီလာမရမ်း စသည်ဖြင့် အရောင် ရှစ်မျိုးတွေ့ရ၏

ထိုအရောင်များတွ
င် အရောင်နှစ်ခုစပ်နီလာများ၊ ဥပမာ-စိမ်းပြာ၊စိမ်းဝါ၊ ပြာနီစသည့် နှစ်ရောင်ရောဖက်နေသော နီလာမျိုးကိုလည်း မြင်တွေ့ရသေး၏။
သို့သော် ယင်းရောင်စုံရှိ
သော နီလာများတွင် အပြာရောင်ရှိသော နီလာတစ်မျိုးသာလျှင် ရတနာတန်းဝင် နီလာတန်းဝင် နီလာဖြစ်၏။ ရတနာကုန်သည်လောကတွင် ပုံမှန်ဈေးရှိ၏။ တော်ဝင်နီလာဖြစ်၏၊
အပြာဟူသောအရောင်
မှာ အရောင်မျိုးစုံရှိ၏။ ပင်လယ်ပြာ၊ ကောင်းကင်ပြာ၊ မင်ပြာ၊ ရေတပ်ပြာ၊ကတ္တီပါပြာ၊ ပြောင်းဖူးပြာ စသည်တို့ဖြစ်သည်။ မြန်မာ့ရတနာလောကတွင်မူ နီလာပြာပုံနှင့်ပတ်သတ်ပြီး မြန်မာတို့၏နည်းအတိုင်း အမြင်အတိုင်းခွဲခြားထား၏။ ကြယ်ပြာ၊ပန်းပွင့်အပြာ၊ကြာညိုပန်းအပြာ၊ငှက်ခါးတောင်အပြာ၊နုသောအပြာ၊ အပြာနု၊မီးခိုးအပြာ၊ ခေါပုတ်ပြာ၊စိမ်းပြာ၊ ဒုတ္တာပြာ၊ ရှေးခေတ်ကြက်ဆူပုလင်းအပြာ စသည်တို့ဖြစ်၏။
နီလာသည် အမည်လှသော်လည်း လှည်ဖြားနိုင်သည
့် စွမ်းအားမှာ ပတ္တမြားထက်ပို၏။
အေရာင္အတိအက်တူေ
သာ နီလာတစ်ထုပ်ကိုရှာရန်မဆို ထားဘိ အတိအကျ အရောင်တူပါသည်ဟူသော နီလာနှစ်ပွင့်ကိုပင် ရှာဖွေပေးရန်အလွန်ခက်လှ၏။ နီလာတစ်ပွင့်နှင့် တစ်ပွင့်အရောင်မှာ ဆင်ဆင်တူသည်သာများ၏။အတိအကျတူသည်ဟူသောနီလာများမှာ အလွန်ရှား၏။ အနည်းငယ်မျှကွာခြားသည်များ ရှိတတ်ကြသည်သာဖြစ်၏။
နီလာမှာ တစ်ပွင့်ချင်းကြ
ည့်လျှင် အလွန်လှ၏။ သို့သော် ထိုအပွင့်ထက် ပိုလှသော အပွင့်ကိုယူလာပြီး ယှဉ်လိုက်သည်နှင့် စောစောကလှပါသည်ဆိုသော နီလာမှာ ကြည့်မရအောင်ပင် ရုပ်ဆိုးသွားတတ်၏။ ထို့ကြောင့်နီလာဝယ်လျှင်ကျောက်ခံထားသင့်၏။ ထိုကျောက်ခံနှင့် ယှဉ်ပြီးသာ အမြဲဝယ်သင့်၏။ ကျောက်ခံကိုလည်း သုံးရည်ခန့် ဆောင်ထားသင့်၏။
နီလာကို ရှေးက အဆိပ်ရှိသော သတ္တ၀ါများကို သေစေနိုင်သော ကျောက်ဖြစ်သည်ဟု
ယုံကြည်ကြ၏။ထို့ကြောင့် အဆိပ်ရှိသောသတ္တ၀ါ၏အန္တရာယ်မှ ကင်းစေရန် နီလာကိုဝတ်ဆင်ခဲ့ကြ၏။
အချို့နိုင်ငံမျ
ားတွင်နီလာကိုဝတ်ဆင်ခြင်းဖြင့် အညှို့ခံရခြင်း၊ အချုပ်အနှောင်ခံရခြင်းများမှ လွတ်ကင်းစေနိုင်သည်ဟု ယုံကြည်ကြသည်။
မြန်မာတစ်ချို့ တစ်ခေတ်က လက်ဖွဲ့ဆောင်ခြင
်း၊၀တ်ခြင်းပြုသကဲ့သို့ တစ်ခေတ်က ဥရောပတွင်ဂေါ်ကြိုးနီလာကို လက်ဖွဲ့အသွင်အသုံးပြုခဲ့ကြ၏။ ဂေါ်ကြိုးတွင်ပါသော ကြိုးသုံးကြိုးကို ယုံကြည်ခြင်း၊မျှော်လင့်ခြင်း၊ ကံကြမ္မာကို ဖန်တီးနိုင်စွမ်းခြင်း သင်္ကေတများဖြင့်မှတ်ယူခဲ့၏။
၁၇ရာစုတွင် ထင်ရှားသော ကမ္ဘာကျော်နယ်သစ်
ရှာဖွေသူ သူရဲကောင်းကြီး ဆာရစ်ချက်ဗာတန် သည် သူ၏စွန့်စားသွားလာသည့် ခရီးစဉ်များတွင် ဂေါ်ကြိုးနီလာကို အဆောင်ကျောက်မျက်အဖြစ် လျှို့ဝှက်သယ်ဆောင်သွား၏။
မိုးကုတ်ကျောက်တ
ွင်းများတွင် ပတ္တမြားကြီးများကို အလွန်တွေ့ရခဲ တွေ့ခဲသော်လည်း နီလာကြီးကိုပိုပြီး မြင်ရတွေ့ရတတ်၏။
ဂွေးပင်ဦးကျောက
်လုံး၏ နီလာကြီးမှာလည်း ကမ္ဘာကျော်နီလာကြီးပင်ဖြစ်၏။ ထိုနီလာကြီးသည် ၁၉၂၈ ခုနှစ်တွင် မိုးကုတ်မြို့ ဂွေးပင်ရွာအနီးမှ ထွက်ရှိခဲ့ပြီး အရိုင်းချိန် ၉၅၈ ကရက်ရှိ၏။ အနောက်တိုင်းး စာနယ်ဇင်းလောကတွင် Gem of Jungleဟုအမည်ပေးထား၏။ ထိုနီလာအရိုင်းတုံးကို အမေရိကန် ရတနာကုန်သည်ကြီး Albert Ramsaym က အမေရိကန်ဒေါ်လာ ၁၃၀၀၀ ဖြင့်ဝယ်သွား၏။ ကုန်သည်ကြီး ကိုယ်တိုင် ထိုအရိုင်းတုံးကို ဖြတ်တောက်သွေးခဲ့ပြီး ၆၆ဒသမ ၅၃ကာရက်မှ ၄ဒသမ ၃၉ ကာရက်ချိန်များအတွင်းရှိသည့် နီလာအယဉ် ကိုးပွင့်၇ရှိခဲ့၏။ ယင်းနီလာကိုးပွင့်မှာ အရည်သွေး ကောင်းမွန်ပြီး အလွန်လှပသည့် နီလာများဖြစ်သည်ဟု ဆို၏။ ကုန်သည်ကြီး အယ်ဘတ်ရမ်ဆေးသည် ထိုနီလာအကြောင်းကို ၁၉၃၄ ခုနှစ်ထုတ် Saturday Evening Post တွင် အကျယ်တ၀င့်ဖော်ပြခဲ့၏။ ထိုခေတ် အမေရိကန်ပြည်သူတို့ အလွန်စိတ်ဝင်စားခဲ့သည့် မြန်မာ့နီလာကြီးဖြစ်၏။

12.6 kg sapphire crystal
12.6 kg sapphire crystal
Figure 6. The 12.6-kg sapphire giant owned by Myanma Gems Enterprise. Note the large central piece which was removed in an attempt to see if gem material might lie within. (Photos: U Khin Mg Win)
502-ct Burmese sapphire crystal. This was unearthed on Feb. 22, 1994, at Khabine, near Gwebin, in Burma's Mogok Stone Tract
The base of the crystal, showing concentrations of silk.
Figure 7. Top: 502-ct Burmese sapphire crystal. This was unearthed on Feb. 22, 1994, at Khabine, near Gwebin, in Burma's Mogok Stone Tract.
Below: The base of the crystal, showing concentrations of silk. (Photos: U Khin Mg Win)

S.M. Tagore ၏ ၁၈၇၉ ခုနှစ်တွင်ထုတ်ဝေသော Mani-mala အမည်ရှိ စာအုပ်မှာ ရတနာလောကတွင်ထင်ရှားသောစာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင်ဖော်ပြထားချက်များအရ အင်းဝမြန်မာဘုရင်ထံခစားဖူးသော ဗြိတိသျှသံမှူးတစ်ဦးသည် အလွန်လှသည့် ၉၅၁ ကရက် ချိန်ရှိသော နီလာကြီး တစ်ပွင့်ကို မြင်တွေ့ခဲ့ဖူးသည်ဟု ဆို၏။
၁၉၆၇ ခုနှစ်က မိုးကုတ်မှ အလွတ်ကြီးလှသော နီလာအရိုင်းတုန်
းကြီးတစ်ခုကို တူးဖော်ရရှိခဲ့၏။ အလေးချိန် ၆၃၀၀၀ ကရက် ( ၂၇ ဒသမ ၇၈၃ ပေါင် သို့မဟုတ် ၁၂ ဒသမ ၆ ကီလိုဂရမ်)ရှိ၏။ မြန်မာကျောက်မျက်ဌာနမှ ပိုင်သည့်နီလာကြီးဖြစ်၏။
နီလာကျောက်မျက်၏
အရောင်အသွေးများ
၁။ ကြယ်ပြာပန်းပွင်
့၏ အပြာရောင်
၂။ ကြာညိုပန်း၏အရော
င်
၃။ ငှက်ခါးတောင်အရေ
ာင်
၎။ စိုသော အပြာရင့်ရောင်
၅။ အပြာနုရောင်
၆။ မိုးပြာရောင်
၇။မီးခိုးရောင်
၉။ အပြာရည်တွင် စိမ်းဖောက်သောအေ
ရာင်
၁၀။ အဖြူရောင်
၁၁။ဖြူပြာကွက်ကျ
ား၊ ပြာနီကွက်ကြား၊ ပြာညိုကွက်ကျား စသည်ဖြင့် ကွက်ကျားအရောင်များ
Credit to SP Gems
Fine Gems and Fine Jewellery Service.
No.30A, Pyay Road (7mile) Mayangone Tsp, Yangon,Myanmar (P.O. 11061)
T:660397,666052
,666053
http://www.spgemsandjewellery.com/
 
 
 

No comments:

Subscribe

လာလည်သူများ

free counters