♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 19, 2015

" မိတ်ကပ်လိမ်းသူ မမတို့ တတွေ သတိထားရမဲ့ အချက်တွေက ဒီမှာပါ"


(၁) မိတ်ကပ်ကို ဘယ်လို ညှိရမလဲ
အောက်ခံ မိတ်ကပ် လိမ်းပြီး သွားရင် ဂွမ်းလုံး သို့မဟုတ် ဂွမ်း အစလေး တစ်ခုကို အသုံးပြုပြီး မျက်နှာ တစ်ပြင်လုံးကို ဖိသိပ်ပြီး တို့ပေးခြင်း အားဖြင့် လိမ်းထားတဲ့ မိတ်ကပ်တွေ ဟိုတစ်ကွက် ဒီတစ်ကွက် မဖြစ်စေ တော့ဘဲ မျက်နှာ အနှံ့ ညီညာ ချောမွတ် သွားပါ လိမ့်မယ်။ မျက်နှာ အသား အရေ လေးဟာ ချောမွေ့နူးညံ့ သွားပြီး သဘာဝ အတိုင်း လှပ သွားစေမှာ ဖြစ်ပါတယ်။

(၂) သတ္တုဓာတ် (mineral) ပါတဲ့ မိတ်ကပ်ကို အသုံးပြုမယ် ဆိုရင်

mineral ပါတဲ့ မိတ်ကပ် အစစ် ဖြစ်မယ် ဆိုရင် လိမ်းထား ပါက တစ်နေကုန် ကြာရှည်ခံ ပါတယ်။ ဝက်ခြံ တွေကို သက်သာ ပျောက်ကင်း စေနိုင် တာကြောင့် ဝက်ခြံတွေ ထူလပျစ် ပေါက်တတ်တဲ့ ဆယ်ကျော် သက်လေးတွေ အတွက် mineral ပါဝင်တဲ့ မိတ်ကပ်ဟာ အထူး သင့်လျော် ပါတယ်။ ဒါ့အပြင် မျက်နှာမှာ ရှိနေတဲ့ အဖု အပိမ့် တွေကို ဖုံးကာ ပေးနိုင်လို့ မျက်နှာ လေးဟာ ကြည်လင် လှပပြီး ကျက်သရေ ရှိနေမှာ အမှန်ပါပဲ။

(၃) အရေး အကြောင်းတွေ မပေါ်လွင်အောင်

အောက်ခံ မိတ်ကပ် မလိမ်းခင်မှာ မျက်လုံး တစ်ဝိုက်ကို Eye cream လေး လိမ်းပေးဖို့ မမေ့ပါနှင့်။ ဒါ့အပြင် Eye cream လိမ်း ပြီးလျှင် အစိုဓာတ်ခံ လိမ်းဆေးလေး ထပ်လိမ်း လိုက်ပါ။ ပြီးတော့မှသာ ဖောင်ဒေးရှင်းလေ
း ထပ်လိမ်းပါ။ အထက်ပါ နည်း အတိုင်း လိမ်းမယ် ဆိုရင် နောက်ဆုံး ပေါင်ဒါလေး ရိုက်ပြီးသွားတဲ့ အခါ မျက်လုံးနား တစ်ဝိုက်မှာ အရေး အကြောင်း အတွန့် အလိပ်တွေ ဖြစ်ပေါ် လာတာကို တွေ့ရတော့မှာ မဟုတ်ပါဘူး။
(၄) မေးနှစ်ထပ် ဖြစ်နေတာကို မပေါ်လွင်စေရန် လိမ်းခြယ်မယ်ဆို
ရင်
အမျိုးသမီးတွေ ကိုယ်အလေးချိန် များလာတဲ့အခါ၊ ဝလာတဲ့ အခါ မျက်နှာမှာ အဆီတွေ စုလာ တာကြောင့် မေးစေ့ နှစ်ထပ် ဖြစ်လာတတ် ပါတယ်။ အလှပြင်ဖို့ မှန်ကြည့် လိုက်တဲ့ အခါတိုင်း တွေ့နေရတဲ့ မေးနှစ်ထပ်ကြောင
့် စိတ်ညစ်ကြရ ပါတယ်။ ဒါပေမယ့် အဲဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိပါတယ်။ အရောင် ရင့်ရင့် အညိုရောင် မိတ်ကပ်ကို လိမ်း၊ အရောင် ရင့်ရင့် အညိုရောင် ပေါင်ဒါမှုန့်ကို ရိုက်ပေးမယ် ဆိုရင် မေးနှစ်ထပ် ဖြစ်နေတာ မသိသာ စေတော့ ပါဘူး။ တို့ပတ်လေး ရိုက်ပေးတဲ့ အခါ မေးရိုး တစ်လျှောက် သေသေချာချာ ရိုက်ပေး လိုက်ပါ။
(၅) တို့ပတ်ကို ရေစွတ်ပြီး သုံးပေးပါ

အောက်ခံ မိတ်ကပ် လိမ်းတဲ့အခါ ညီညာပြီး ချောမွတ် နေစေဖို့ လက်ချောင်း လေးတွေကို မသုံးဘဲ ရေအနည်း စွတ်ထားတဲ့ sponge အစလေးကို အသုံးပြုပြီး မိတ်ကပ် လိမ်းခြယ်ပါ။ တို့ပတ်ကို ရေတွေ အရမ်း မစို ပါစေနှင့်။ မိတ်ကပ်ကို ညှိတဲ့အခါ ကြမ်းတမ်းစွာ မဆွဲပါနှင့်။ ခပ်ဖွဖွလေး တို့ပြီး ညှိပေးပါ။ ဒါမှမဟုတ် ဘရပ်ခ်ျ ကလေးဖြင့် ညှိပေးပါ။ အရွယ်အစား မျိုးစုံပါတဲ့ Brush Set လေးတစ်ခုကို ဝယ်ထားပြီး အသုံးပြု ပေးပါ။
 
 
 
 

No comments:

Subscribe

လာလည်သူများ

free counters