♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 14, 2015

"ပန်းသီးရဲ့ အကျိုးအာနိသင် (၁၀)မျိုး "

 
လူတွေအနေနဲ့ ပန်းသီးတွေကို စားသုံးကြတဲ့ အခါ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့ ကိုယ်အလေးချိန်တွေကိုကောင်းစွာထိန်းနိုင်သလို ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ ဒ့ါအပြင် သွေးတိုး နဲ့ ဆီးချိုရောဂါတွေကိုလည်း လျော့ကျသက်သာစေပါတယ်။ ကိုယ်ခန္ဓာအတွင်း အာရုံကြောတွေ အားကောင်းစေဖို့လည်း အထောက်အကူပြုပါတယ်။ ပန်းသီးမှာ ပါဝင်နေတဲ့ antioxidant ဟာ အာရုံကြောရောင်ရမ်းခြင်းတွေနဲ့ စိတ်ဖိစီးမှုတွေ ကို လျော့ကျသက်သာစေပါတယ်။
နှလုံးသွေးကြောပိတ်ရောဂါတွေကိုလည်း ကင်းဝေးပပျောက်စေပါတယ်။ ဒါကြောင့် ပန်းသီး ဟာကိုယ်ခန္ဓာအတွင်း မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးအဖြစ် ကောင်းစွာ အထောက်အကူပြုတဲ့ ဆေးဖက်ဝင် အသီးတစ်မျိုးဖြစ်ပါတယ်။ဒါ့အပြင် သွေးကြောများနဲ့ သက်ဆိုင်တဲ့ရောဂါကြောင့် သေဆုံးမှုတွေကို ကာကွယ်ရာမှာလည်း ထိရောက်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် ပန်းသီးကြိုက်သူများအနေနဲ့ မိမိတို့ နှစ်သက်စွာ စားသုံးနေတဲ့ ပန်းသီးချိုချိုလေးထဲမှာ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးအာနိသင်တွေ ပါဝင်နေတယ်ဆိုတာ သိရှိဖို့အတွက် အောက်ဖော်ပြပါ အချက်လေးတွေ ကို ဖတ်ကြည့်လိုက်ပါ။

(၁) အသားအရေကို ကောင်းမွန်လှပစေပါတယ်။
ပန်းသီး ဟာ အသားအရေ ကို ဝင်းဝါစိုပြေစေပြီး လှပစေပါတယ်။ အစိမ်းရောင်ပန်းသီး (Granny Apple) ကတော့ အသားအရေ ကို စိုပြည်ချောမွေ့စေပါတယ်။အရွယ်တင်နုပျိုပြီး အသားအရေ ဝင်းဝင်းဝါဝါနဲ့ စိုစိုပြည်ပြည်လေး ရှိနေစေချင်တယ်ဆိုရင် ပန်းသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက ကောင်းစွာ အကူအညီပေးနိုင်ပါတယ်။ Fuji apples ရဲ့ အခွံလွှာလေးမှာ တော့ phenols လို့ခေါ်တဲ့ antioxidant ဒြပ်ပေါင်းတွေများစွာပါဝင်ပါတယ်။ ဒီ ဒြပ်ပေါင်း ဟာ မရှိမဖြစ် အရေးပါလှပြီး နေအပူချိန်မှ UV ရောင်ခြည်တွေထိတွေ့ခံရတဲ့အခါ အသားအရေ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

(၂) ဆီးချိုရောဂါကို သက်သာစေပါတယ်။
ပန်းသီးဟာ ဆီးချိုရောဂါကို ကုသရာမှာ အသုံးဝင်လှပြီး ဆီးချိုးရောဂါသည်တွေအတွက် အရမ်းကို သင့်တော်ကောင်းမွန်တဲ့ အာဟာရတစ်မျိုးဘဲဖြစ်ပါတယ်။ ပန်းသီးမှာ ပါဝင်နေတဲ့ Galacturonic အက်ဆစ်ဟာ လူနာရဲ့ ခန္ဓာ အတွင်း အင်ဆူလင် ကို လျော့ကျစေပါတယ်။

(၃)ကိုယ်အလေးချိန်ကိုလျော့ကျစေပါတယ်။
ပန်းသီးမှာ ကယ်လိုရီပါဝင်မှုအရမ်းကို နည်းပါတယ်။ဒါကြောင့် ပန်းသီးဟာ မျတတဲ့ အာဟာရဖြစ်သလို ကိုယ်အလေးချိန်တွေကိုလည်း လျော့ကျစေတာကြောင့် အဝလွန်သူတွေအတွက် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

(၄) ဒူလာလိပ်ခေါင်းရောဂါ ကို သက်သာစေပါတယ်။
ဒူလာလိပ်ခေါင်းရောဂါဆိုတာ စအိုလမ်းကြောင်းတစ်လျောက် သွေးကြောတွေ ဖူးရောင်နေပြီး အရမ်းကို နာကျင်စေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒါဟာ တင်ပဆုံရိုးတစ်လျောက်တွင် အလေးဖိအားများလွန်းတာကြောင့် ဖြစ်ပွားလာတဲ့ ရောဂါဖြစ်ပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ်ကောင်းစွာ ပါဝင်တာကြောင့် ဒီအမျှင်ဓာတ်တွေဟာ ဒီလိုလိပ်ခေါ်င်းရောဂါကြောင့် ခံစားနေရတဲ့ နာကျင်မှုဝေဒနာတွေကို သက်သာစေဖို့ အကူအညီပေးပါတယ်။

(၅) ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
အနီရောင်ပန်းသီး မှာပါဝင်တဲ့ Quercetinဟာ ကိုယ်ခန္ဓာခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကျွန်ုပ်တို့အတွက် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ဒီလို ကိုယ်ခံအားစနစ်ကို မြှင့်တင်ခြင်းဖြင့် ရောဂါဘာယတွေကိုထိရောက်စွာနဲ့ ပိုမို တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီးတွေထဲမှာ antioxidants တွေ ပါဝင်မှုဟာ သန္ဓေမျိုးစေ့၊ ဗီဇမျိုးစေ့ တို့ကို ထိခိုက်စေမှုအား ကာကွယ်ပေးသလို အာရုံကြောကျန်းမာရေးအတွက်လည်း အရမ်းကို ကောင်းပါတယ်။

(၆) ဦးနှောက်ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
ပန်းသီးရဲ့ အာဟာရ ဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာအတွင်း အာရုံကြောကစဥ့်ကလျားဖြစ်ပွားကို လျော့ချရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်ပြီး အာရုံကြောဆဲလ်တွေကောင်းမွန်စေဖို့ ထိရောက်စွာ အထောက်အကူပြုပါတယ်။

(၇) မျက်စိတိမ်စွဲရာဂါကိုလည်း သက်သာကောင်းမွန်စေပါတယ်။
မျက်စိတိမ်စွဲရောဂါ ဟာ မျက်စိအမြင်ကို ဝေဝါးစေပြီး နောက်ပိုင်းတွင် မျက်စီကွယ်တဲ့ အဆင့်ကို ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ယေဘုယျအားဖြင့်
 
အကြောင်းအရာတော်တော်များများအပေါ် အခြေခံပြီး ဖြစ်ပွားသွားတာများပါတယ်။ ဥပမာ အသက်အရွယ်ကြောင့် ၊ ခရမ်းလွန်ရောင်ခြည်ကြောင့်၊ မျိုးရိုးဗီဇကြောင့်၊ ဆေးဝါးတွေကို အလွန်အကျွံသုံးစွဲမိခြင်းကြောင့် ဆိုတဲ့ ဖြစ်ရပ်လေးတွေကြောင့်လည်း ဖြစ်ပွားသွားတတ်ကြတာရှိပါတယ်။ ပန်းသီးမှာ antioxidant အရင်းမြစ်တွေ ပေါများစွာ ပါဝင်နေတာကြောင့် ဒါဟာ မျက်စိတိမ်စွဲမှု ကို ကာကွယ်ရာမှာ အရမ်းကို ထိရောက်မှု ရှိပါတယ်။

(၈) ကိုလက်စထရောဓာတ်ကို လျော့ကျစေပါတယ်။
ပန်းသီးဟာ ကိုလက်စထရောဓာတ် နဲ့ပတ်သက်ပြီး ကုသရာမှာ အရမ်းကို အထောက်အကူပြုပါတယ်။ပန်းသီးမှာ အလွယ်တကူပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် ကိုလက်စထရောဓာတ်တွေကို လျော့ချရာမှာ ထိရောက်မှုရှိသလို ကိုယ်ခန္ဓာအတွင်း ဆဲလ်တွေ အလွန်အကျွံပျက်စီးခြင်းတွေကိုလည်း ကောင်းစွာ ကာကွယ်ပေးပါတယ်။

(၉) သွားများ ကို ကျန်းမာခိုင်ခံ့စေဖို့ အကူအညီပေးပါတယ်။
ပန်းသီး ရဲ့ အာနိသင်ကတော့ သွားများကိုလည်း ကျန်းမာခိုင်ခံစေဖို့ အထောက်အကူပြုပါတယ်။ ကျွန်ုပ်တို့ဟာ ပန်းသီးလေးတွေကို နေ့စဉ်စားသုံးပေးခြင်းဖြင့် သွားများတွင်ဖြစ်ပွားတတ်တဲ့ အနာရောဂါတွေမှ ကင်းလွတ်နိုင်ပါတယ်။

(၁၀) နှလုံးရဲ့ ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။
ပန်းသီးမှာ သကြားလိုမျိုး သစ်သီးယိုတို့ကို ခဲစေတတ်တဲ့ ဒြပ်တစ်မျိုး ပါဝင်နေပါတယ်။ အဲဒီ ဒြပ်ဟာ antioxidant ဒြပ်ပေါင်း တစ်မျိုးဖြစ်ပြီး အခြားအာဟာရဓာတ်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ နှလုံးနဲ့ သွေးကြောများစနစ်အတွက် အကျိုးကျေးဇူးတွေများစွာ ရရှိလာပါတယ်။နောက်ထပ် အကျိုးဆက်အနေနဲ့ သွေးစီးဆင်းလည်ပတ်မှုတွေ ပိုမိုကောင်းမွန်လာပြီး နှလုံးအတွင်း သွေးလည်ပတ်မှုအပြည့်အဝရရှိကာ နှလုံးအားကောင်းမှုကိုရရှိလာခြင်း
ဘဲဖြစ်ပါတယ်။

Credit : Yangon Life

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 



Credit : shwechitthu.com

No comments:

Subscribe

လာလည်သူများ

free counters