♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 17, 2015

" အလွန် အံ့သြဖွယ် အကောင်းဆုံးဖြစ်သော ကိုယ်ခန္ဓာကို ပုံဖော်ပြုပြင် အလှဆင်မှု (၁၄) မျိုး"

Via news.bme.com
၁။ labret spacer  အောက်နှုတ်ခမ်း အပေါက်ထားတာကတော့ လုံးဝ အကျည်းတန်လှပါတယ်...သောက်သမျှအရည် အကုန်ထွက်ထွက်ကျမှာပါပဲ...သွားများမတိုက်ထားရင် ဝါကျဉ်ကျဉ်နှင့် မြင်သူတကာ ...အင်း..ဆက်မပြောတော့ဖူး.....


Via huffingtonpost.com
၂။ saline implants ဆိုတာ နဖူးမှာ saline injections လုပ်ထားတာကို ခေါ်ပါတယ်...ဆေးထိုးသွင်းထားတဲ့အတွက် နဖူးကြီးဖောင်းနေတာဖြစ်ပြီး လူ
ကြပ်ကြပ်ထူတဲ့နေရာရောက်ရင် လူတွေကိုကြွားဖိုး အဖုအလယ်ခေါင်တည့်တည့်ကို လက်ချောင်းနှင့် ဖိပေးလိုက်ပါတယ်...ဘုမှာ အပေါက်ကြီးနှင့်ပေါ့.....မိန်းကလေးကို သွားစတော့ ဒေါက်ဖိနပ်နှင့် နဖူးတည့်တည့်ဆော်ထည့်လိုက်ရင် ဖြစ်သလိုမျိုးထင်ပါ့...

Via news.bme.com
၃။  tentacle implants ဆိုတာ ရေဘဝဲ လက်က ကပ်ခွာအဝိုင်းလေးတွေလိုမျိုး ပုံစံပြုလုပ်ထား
တဲ့ ဆီလီကွန်အဝိုင်းလေးတွေကို လက်သားရေထဲ ဖော်ထည့်ထားတဲ့ ရူးသွပ်ခြင်းတမျိုးပါဘဲ..

Via theverge.com 
 ၄။ Ear Arm လက်ဖျံမှနား...ဆိုတာ ဓါတ်ခွဲခန်းမှာ နားအဖြစ်သေချာစွာလူ့ ဆဲလ်များနှင့် ပြုလုပ်
မွေးမြူထားတဲ့ နားကို လက်မှာထည့်ထားခြင်းဖြစ်ပါတယ်...ဆီလီကွန်တွေ မထည့်ချင်တော့ လူ့
အသားအစစ်ကို အသုံးပြုချင်လို့ ထည့်ထားထြင်ပါ...နောင်ဆိုလျင် လက်မှာထည့်ကပ်ထားတဲ့တားက အကုန်နားထောင်ပေးနိုင်လိမ့်မယ် ထင်ပါတယ်လို့ ဆိုပါတယ်....

Via oddballdaily.com
၅။  Skull Spikes ဦးခေါင်းရိုး ဆူးတောင်အမောက် ထည့်ထားခြင်းဖြစ်ပါတယ်.. ဦးခေါင်းသားရေကို ခွဲပြီး သံစထည့်ဖုံးကာ အဲ့ဒီသံစမှာ ပါတဲ့ စခရူငုတ်တိုင်မှာ ဆူးတောင်အချွန်တွေထည့် ကြပ်ထားခြင်းဖြစ်ပါတယ်...ဒိုင်နိုဆောရဲ့ သားမှန်းသိအောင် သံအမောက်ထောင်ပြလိုက်ခြင်းပါ....

Via schinelouterbridge.com
၆။  Most Pierced Woman in the World ကမ္ဘာ့ အပ်ဖောက်အခံရ အများဆုံးအမျိုးသမီးဆို
တာသူပေါ့ကွယ်....သံကွင်းပေါင်း (၉၀၀၀) ကိုးထောာင်ကျော်ကို ကိုယ်ခန္ဓာမှာ အဖောက်ဖောက်ထည့်ထားခြင်းဖြစ်ပါတယ်...နေရာမလပ်ပေါ့..သူမရဲ့ အမည်က Elaine Davidson ဖြစ်ပြီး သူမဟာ ဘရာဇီးလ်နိုင်ငံက အမျိုးသမီးဖြစ်ပါတယ်....
ပြီးရင် အမှတ် (၇)ကိုကြည့်ကြပါစို့..

Via revue.idnes.cz
၇။ Most Tattooed Woman in the World  ကမ္ဘာ့ ဆေးမင်ကြောင်အထိုးများဆုံးသော အမျိုးသမီးဖြစ်ပါတယ်...သူ့အမည်က Julia Gnuse ဖြစ်ပါတယ်...အသက် (၅၅)နှစ်ရှိနေပါပြီ..
သူမရဲ့ ကိုယ်တစ်ကိုယ်လုံးနီးပါး (၉၀%)ဟာ ဆေးမင်ကြောင်တွေနှင့်ပြည့်နေပါတယ်....

Via en.wikipedia.org
၈။  Most Tattooed Man in the World ကမ္ဘာ့ ဆေးမင်ကြောင်အထိုးများဆုံးသော အမျိုးသား
ဖြစ်ပါတယ်...သူ့အမည်က Gregory McLaren ဖြစ်ပြီး နယူးဇီလန်နိုင်ငံသားဖြစ်ပါတယ်...
ကိုယ်ခန္ဓာရဲ့ (၉၅%)နှုန်းဟာ ဆေးမင်ကြောင်တွေနှင့်ပြည့်နေပါတယ်.....

Via ripleys.com
၉။  The Tiger Lady ကျားရှင်မ ဆိုတာ သူပါပဲ....နာမည်က Katzen Hobbes ဖြစ်ပါတယ်...
ကျားတွေနှင့် အလွန်တူချင်လို့ ဆေးမင်ကြောင်တွေထိုးထားရပါသတဲ့...

Via diarioadn.co
 ၁၀။ The Leopard Man ကျားသစ်လူသား.....စကော့တလန်မှာ နေထိုင်တဲ့ စစ်သားဟောင်း
ကြီးတဦးပါ..အသက် (၇၃)နှစ်ရှိပါပြီ..သူအမည်က Tom ဖြစ်ပါတယ်...

Via totallydublin.ie
၁၁။  The Lizard Man ပုတ်သင်ညိုလူသား ဖြစ်ပါတယ် သူ့အမည်ကတော့ Eric Sprague
ပါ...

Via bakersfieldcalifornian.com

၁၂။ The Enigma ပဟေဠိလူသား...

Via huffingtonpost.com 
၁၃။ The Cat Man ကြောင်လူသား..... သူကတော့ ကြောင်ရူးရူးနေတဲ့ လူတယောက်ပါ...သူ့
ကိုယ်သူ ကြောင်စိတ်ပေါက်နေပါသတဲ့.....သူ့အမည်က Dennis Avner ဖြစ်ပါတယ် အသက်
(၅၄)နှစ်ရှိပါပြီ...အမေရိကန်နိုင်ငံသားပါ.....

Via totsamiykotoriy.com 
၁၄။ The Walking Dead ဖုတ် .....ဒီလုင်ဟာ ကနေဒါနိုင်ငံသား ဖြစ်ပါတယ်..သူဟာ ဇမ်ဘီ 
ဖုတ်ကောင်တွေကို သဘောကျပါသတဲ့....သူ့အမည်က Rick Genes ဖြစ်ပါတယ်...

အားလုံးသောချစ်မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်...
((ရောရောသမမွှေ))

 အောက်ပါ ဝက်ဗ်ဆိုက်မှ အတိုခေါက်ပြန်ဆိုထားပါသည်.......

No comments:

Subscribe

လာလည်သူများ

free counters