♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 18, 2015

" ပလပ်စတစ် ပုလင်းလေးတွေကို လေလွင့်မှုမရှိအောင် တန်ဘိုးရှိရှိ အသုံးချကြမယ်"

ပုလင်းခွံတွေထဲမှာ ကြက်သွန်ပင်တွေပျိုးကြမယ်

 
 နံရံတွေမှာ ပန်းအိုးလေးတွေအဖြစ် ချိတ်ဆွဲကြမယ်..
 
လိုအပ်သလိုဖြတ်ပြီး မီးပူနှင့် နှုတ်ခမ်းကို ညီနေအောင်ညှိပြီး ချောအောင်လုပ်ရတယ် ..

 
ဇွန်းလုပ်ချင်ရင်လဲ လွယ်ပါတယ်...မာတဲ့နေရာလေးကို ဇွန်းအခွက်လေး
 ဖြစ်မည့်နေရာအဖြစ် ရွေးဖြတ်ပါ... ပုံမှာပြထားပါတယ်..
 
နံရံမှာ ကပ်ထားရင် သတင်းစာ မဂ္ဂဇင်းတွေကို သူ့နေရာနှင့်သူ ထည့်နိုင်တယ်..
ခေါင်းဖြတ်ထားတဲ့ ဗူးလေးတွေကို မီးဖိုချောင်သုံးပစ္စည်းတွေထည့်တဲ့ ဗူးတွေအဖြစ် သုံးနိုင်ပါတယ်...

 
အရွယ်တူပုလင်းတွေကို စုပြီးသစ်သားနှင့် အထက်အောက်ပိတ်လိုက်ပါ...ပလပ်စတစ်ဂွမ်းစ (ဖော့)ကို ပတ်ပတ်စလည် ကပ်ပေးပြီး အပေါ်ကနေ အစွပ်စွတ်ပေးလိုက်ပါ..ပေါ့ပါးတဲ့ ထိုင်ခုံလေး ရလာပါလိမ့်မယ်...

 
ငှက်စာကျွေးချင်တော့..သစ်သား ယောင်းမနှစ်လက်လိုပါတယ် ...သစ်စေ့တွေ ပဲစေ့တွေ
 ပြောင်းစေ့တွေ ထည့်ထားပြီး ကျွေးလို့ရတယ်...တနေရာမှာချိတ်ထားရုံပါပဲ....ယောင်းမ
ထည့်ထားတဲ့ အပြားကျယ်တဲ့ဘက်မှာ အဝနဲနဲကျယ်ပေးရမယ် ..အရိုးထည့်ထားတဲ့ ဘက်ကို ကျယ်စရာမလိုပါ..ကြပ်နေအောင် အပေါက်ကျဉ်းထားပါ...
ဒါမှ ယောင်းမ ပြုတ်မကျမှာပါ...

 
နံရံမှာ ချိတ်ဆွဲလို့ ရတဲ့ ခြင်းတောင်းငယ်လေးကိုလည်း ပုံထဲကအတိုင်း ပြုလုပ်နိုင်ပါတယ်..

 
အပင်တွေကို ရေမပြတ်အောင် ထားချင်ရင်...ရေပန်းခရားလုပ်ချင်ရင်ဖြင့်...

ပုလင်းဖင်လေး နှစ်ခုကို အခုလိုအသုံးပြုတော့ အချိုထည့်စရာ လက်ဆောင်ထည့်စရာ ဗူးလေး
တစ်လုံးရလာတာပါပဲ..


အလှပြင် ပစ္စည်းတွေထည့်ချင်ရင် ပုလင်းတွေကို လိုအပ်သလောက်ဖြတ်ပါ... မီးပူနှင့်
နှုတ်ခမ်းလုံးပါ...ညီအောင်လုပ်ပါ.....

 
စာရေးကိရိယာတွေကို ထည့်ချင်ရင်တော့....


ဟင်းခတ်အမွှေးအကြိုင် အပင်ပေါက်လေးတွေကို စားချင်ရင်..နံနံစေ့..ပဲနံ့သာစေ့..မုံညင်းစေ့..
ပင်စိမ်းစေ့...အစရှိတာတွေကို ပျိုးပေးမဲ့ အိုးလေးတွေကို အထက်ပါအတိုင်း ပြုလုပ်ပြီး အသုံးချပါ..


ရေပန်းပြုလုပ်ချင်ရင် လွယ်ပါတယ်....

....စီးပွားရေး အမြင်ရှိသူ မိတ်ဆွေများ
အနေနှင့် အလှအပလေးတွေ ဆင်မြန်းစေပြီး ရောင်းချကာ တနိုင်တပိုင် အိမ်သုံးငွေရအောင်
စီးပွားရှာနိုင်ပါတယ်...

အားလုံးသော ချစ်မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်
ရောရောသမမွှေ...

No comments:

Subscribe

လာလည်သူများ

free counters