♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 19, 2015

" လူကုန်ကူးခံရဖွယ်ရှိတဲ့ မိန်းကလေးကို ကူညီကြရန်"




သူငယ်ချင်းတို့ရေ......အကူအညီ တစ်ခုတောင်းချင်လို့ပါ။ ဒီ post လေးကို share ပေးကြပါနော်။
သူငယ်ချင်းတစ်ယေ
ာက်ရဲ့ ညီမလေးပါ။ နာမည်က "ဆုမြတ်လွင် "အသက်က ၁၈၊ ၁၉နှစ်လောက်ပဲရှိပါသေးတယ်။ ခရမ်းသုံးခွ ရွာဘက်ကနေ ရန်ကုန်ကိုအလုပ်လာလုပ်တာ ၁၅ ရက်လောက်ပဲ ရှိပါသေးတယ်။ စက်ရုံကနေ ပျောက်သွားတာဒီနေ့နဲ့ဆို တစ်ပတ်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့ စနေနေ့ ဒီဇင်ဘာ ၆ ရက်နေ့ကတည်းက ပျောက်သွားတာပါ။ ၅ ရက်လောက်နေတဲ့အထိ အဆက်အသွယ်မရပါဘူး။ ဗုဒ္ဓဟူးနေ့ ည ၉းဝဝ လောက်မှ ဖုန်းအဆက်အသွယ်ရပါတယ်။ သူ့ကိုမိန်းမကြီးတစ်ယောက်က အလုပ်ရမယ်ပြောပြီး
ခေါ်သွားကြောင်းသူယခု မိတ္ထီလာ တည်းခိုခန်းရောက်နေကြောင်းပြောပါတယ်။ လက်ကိုင်ဖုန်းကိုလည်း အဲ့မိန်းမကြီးက သိမ်းထားပြီး အလုပ်ရမှ အိမ်ကိုအကြောင်းကြားရမယ်ပြောပါတယ်။ မိတ္ထီလာတည်းခိုခန်းမှာ မိန်းမကြိးထမင်းသွားစားနေတုန်း ဖုန်းကျန်ခဲ့လို့ သူ့အကိုဆီအကြောင်းကြားတာပါ။ သိသိချင်း ရဲတွေ အကြောင်းကြား၊ မိတ္ထီလာကိုလိုက်သွားပေမယ့် မတွေ့ပါဘူး။ ဖုန်းဆက်လည်းဖုန်းကိုင်ပြီး ဘာမှပြန်မပြောပါဘူး။ သေချာတာကတော့ ရောင်းစားခံရဖို့များနေပါပြီ။ သူငယ်ချင်းတို့အနေနဲ့ post တစ်ခုလောက်ရှယ်ပေးရတာအပန်းမကြီးပါဘူး။ ဒါပေမယ့်ကာယကံရှင်တွေအတွက်တော့ အကျိုးဖြစ်စေမှာပါ။ မိန်းကလေးတစ်ယောက်ရဲ့ အသက်၊အရှက်၊သိက္ခာနဲ့ ဆိုင်နေလို့ပါ။ ကူညီစေချင်ပါတယ်။တကယ်လို့တွေ့ခဲ့ရင် ဒီဖုန်းနံပါတ်လေးတွေကိုအကြောင်းကြားပေးပါ။ 
09250682764, 0943098415, 
0942009077
8https://www.facebook.com/permalink.php?story_fbid=1513847368890798&id=100007966479182
 
share ဆိုလို့ ရှဲလိုက်ရပါတယ်ခင်ဗျာ........
လုံမပျိုလေး ဘေးမသီရန်မခပဲ မိဘဆီ အမြန်ပြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
 Credit :   The Melting Pot 4 U

No comments:

Subscribe

လာလည်သူများ

free counters