♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 5, 2015

"အရက်မူးလွန်ပြီး အဆိုးရွားဆုံး ဆေးမင်ကြောင် ထိုးခံရသူ"

 
ဗြိတိန်နိုင်ငံ ဝေလပြည်နယ်၊ ဆွမ်ဆီးမြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦး ဖြစ်သည်။ အရက်မူးလွန်ပြီး သူငယ်ချင်းများနှင့် ဆေးမင်ကြောင် ရေးထိုးခဲ့ရာ အရှက်ရစရာပုံစံ ဖြစ်သွားခဲ့သည်။ ယင်းအမျိုးသားသည် မျက်လုံးတစ်ဝိုက်တွင် နေကာမျက်မှန်ပုံစံ ဆေးမင်ကြောင်ကို ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ပါတီပွဲတစ်ခုတွင် သောက်စားမူးယစ်ပြီးနောက် မျက်မှန်ပုံစံ ဆေးမင်ကြောင်ကို ရေးထိုးမိခြင်း ဖြစ်သည်။ နံနက်လင်းသည့်အခါ ဘောပင်ဖြင့် ရေးထိုးထားခြင်းဟု ထင်မှတ်ကာ ရေဆေးသော်လည်း မပျက်ခဲ့သောကြောင့် ဆေးမင်ကြောင်မှန်း သိလိုက်ရသည့် အချိန်တွင် နောင်တကြီးစွာ ရရှိခဲ့သည်။

ထို့ကြောင့် ယင်းဆေးမင်ကြောင်ကို လေဆာဖြင့် ဖျက်နေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။

      အဆိုပါ အမျိုးသားက မိမိအနေဖြင့် ဘောပင်ဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ထင်ခဲ့ကြောင်း၊ မိမိသည် အရက်မူးလွန် နေသောကြောင့် ဘာလုပ်ခဲ့သည်ကို မမှတ်မိခဲ့ကြောင်း၊ မနက်သို့ ရောက်သည့်အခါ မျက်နှာတွင် ရေးထိုးထားသည်များကို ရေဖြင့် ဆေးသော်လည်း မပျက်ခဲ့သောကြောင့် ဆေးမင်ကြောင်
ထိုးလိုက်ခြင်း ဖြစ်သည်ကို သိလိုက်ရကြောင်း ဟြေကြားခဲ့သည်။

 ယင်းအမျိုးသားသည် အမည်ကို ထုတ်ဖော်ဟြေကြာခြင်း မရှိဘဲ မျက်မှန်ပုံစံ ဆေးမင်ကြောင်ကို
ဖျက်ရန် လေဆာဖြင့် ခြောက်ကြိမ်ကုသမှု ခံယူပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Messenger

No comments:

Subscribe

လာလည်သူများ

free counters