♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 2, 2015

" အိပ်ပျော်ရင်းနဲ့ ၉ မိုင် လမ်းလျှောက်၊ ဘတ်စ်ကားစီးပြီး တခြားမြို့ရောက်မှ နိုးလာသူ "

 
အမေရိကန်နိုင်ငံက မိန်းကလေးတစ်ယောက်ဟာ အိပ်ပျော်နေရင်းနဲ့ ၉ မိုင်အထိ လမ်းလျှောက်ကာ ဘတ်စ်ကားစီးပြီးမှ အိပ်ရာကနိုးလာတဲ့အဖြစ်တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တေလာဂမ်မယ်လ်လို့အမည်ရတဲ့ အသက် ၁၉ နှစ်အရွယ်မိန်းကလေးဟာ စတိုးဆိုင်တစ်ဆိုင်ကိုလည်း ၀င်ခဲ့သေးပြီး တစ်ချိန်လုံး အိပ်မောကျနေတာဖြစ်လို့ သူဘာတွေလုပ်ခဲ့မိမှန်း လုံးဝမသိဘူးလို့ ဆိုပါတယ်။

တေလာအိပ်ပျော်နေရင်း လမ်းလျှောက်ခဲ့တဲ့နေ့က မနက် ၆ နာရီမှာ အိပ်ရာနိုးလာတဲ့ သူ့အဖေက ကော်လိုရာဒိုပြည်နယ်၊ အာဗာဒါမြို့က သူတို့အိမ်မှာ သမီးကိုမတွေ့တာကြောင့် အလန့်တကြားဖြစ်ခဲ့ရပါတယ်။

တေလာဟာ အိပ်ပျော်ရင်းလမ်းလျှောက်တတ်တဲ့အကျင့်ရှိတာကြောင့် သူ့အဖေက ရဲကိုအကြောင်းကြားခဲ့ပြီး လမ်းတကာလိုက်ရှာသလို သူ့ဓာတ်ပုံကိုလည်း အင်တာနက်နဲ့ တီဗီတို့ကနေ ထုတ်ပြန်ခဲ့ပါတယ်။

၃ နာရီကြာ ၉ မိုင်ခရီးကို လမ်းလျှောက်ပြီးနောက်မှာတော့ တေလာဂမ်မယ်လ်ဟာ ၀က်မင်စတာက သူ့တို့မောင်နှမတစ်
ဝမ်းကွဲအိမ်ရဲ့ ဆိုဖာမှာ အိပ်ပျော်နေခဲ့ပါတယ်။

အဲဒီအချိန်တစ်လျှောက်လုံးမှာ သူဟာ အားကစားဘောင်းဘီ၊ တီရှပ်နဲ့ ခြေအိတ်တို့ကိုသာဝတ်ထားတာပါ။

ရဲတပ်ဖွဲ့နယ်မြေမှူးက ပြန်ပြောရာမှာ တေလာဟာ ဖိနပ်လည်းပါ၊ ဖုန်းလည်းမပါသလို ပိုက်ဆံလည်း မပါဘဲ အိမ်ကနေ ဒီအတိုင်းထွက်လာတာပါတဲ့။

တေလာဟာ ပြင်းထန်တဲ့ အိမ်ပျော်ရင်းလမ်းလျှောက်တဲ့ဝေဒနာ ခံစားနေရသူဖြစ်ပြီး ပြီးခဲ့တဲ့ဇူလိုင်လကလည်း အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အင်္ဂလန်နိုင်ငံက သူ့နေအိမ်ကနေ မနက် ၁ နာရီခွဲအချိန်မှာ အိပ်ပျော်နေရင်း လမ်းလျှောက်ထွက်သွားခဲ့ပြီး ဘရစ္စတိုးရေလက်ကြားအရောက် သူ့ပါးစပ်ထဲကို ရေ၀င်လာတော့မှ အိပ်ပျော်နေရာက
 နိုးလာတဲ့အဖြစ် ဖြစ်ခဲ့ဖူးပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

Credit : http://www.lwinpyin.com/2015/11/blog-post_81.html

No comments:

Subscribe

လာလည်သူများ

free counters