♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 3, 2015

" အလကားသုံးကြတဲ့....အလုပ်ဖုန်း ... "

တယ်လီဖုန်း ငွေတောင်းခံလွှာ ရောက်လာတဲ့အခါ ပေးဆောင်ရမယ့် ငွေပမာဏက
များလွန်းနေတာမို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားခမျာ ထိတ်လန့်သွားပါတော့တယ်။

ဒါကြောင့် ညနေပိုင်းမှာ မိသားစု တွေဆုံပြီး ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာ အဖြေရှာဖို့
ကြိုးစားပါတော့တယ်။

အဖေ - "ပေးဆောင်ရမယ့် ငွေပမာဏက မဖြစ်နိုင်လောက်အောင်ကို များနေတယ်။
အိမ်က ကြိုးဖုန်းကို ငါလည်း မသုံးဘူး။ ငါက အလုပ်ကဖုန်းကို သုံးတာ"

အမေ - "ကျွန်မလည်း အတူတူပဲ။ အိမ်က ဖုန်းကို သုံးခဲတယ်။ ကုမ္ပဏီက ဖုန်းကိုပဲ သုံးတာ"

သား - "ကျွန်တော်လည်း ရုံးက လက်ကိုင်ဖုန်းပဲသုံးတာ။ အိမ်ဖုန်းကို တစ်ခါမှတောင် မသုံးဘူး"

မိသားစုသုံးယောက်စလုံးဟာ တစ်ခုခုကို သဘောပေါက်သွားပြီး သူတို့အနားမှာ စိတ်ရှည်ရှည်နဲ့
ထိုင်ပြီး နားထောင်နေတဲ့ အိမ်အကူကို ပြူးကြည့်လိုက်ကြပါတယ်။

အိမ်အကူ - "ဘာဖြစ်လို့လဲ.. ကျွန်မတို့အကုန်လုံး ကိုယ့်အလုပ်ဖုန်းတွေကိုပဲ သုံးကြတာ
မဟုတ်လား"

ဖိုးသူတော် (www.phothutaw.com)
Credit : Myanmar.mmtimes

No comments:

Subscribe

လာလည်သူများ

free counters